part-19

968 52 10
                                    

Before I Die (p-19) (warning-20+) (zawgyi)

"ဆရာ--"

လူနာဖိုင်တွဲများအားကြည့်နေစဉ်စားပွဲရှေ့တည့်
တည့်မှ ရပ်ကာခေါ်လိုက်သော ရိုမန်အသံကြောင့် ဘရိုင်ယန် ခေါင်းမော့လိုက်ကာ ဘာလဲဆိုသည့်
ပုံစံဖြင့် မျက်ခုံးပင့်ပြလိုက်သည်။

"ဆရာ ဒီနေ့ကျနော့်မွေးနေ့ "

"ဟာ ဟုတ်လား!
Happy Birthday ရိုမန်
ဘာလို့ကြိုမပြောတာလဲ ငါမင်းအတွက်
လက်ဆောင်ဝယ်ခဲ့တာပေါ့ "

"ရပါတယ် ဆရာ
ကျနော်လဲ မေ့နေတာနဲ့မပြောဖြစ်တာ"

"ထားပါတော့ ~
ပြော ငါ့ဆီကမွေးနေ့လက်ဆောင်ဘာလိုချင်လဲ "

ဘရိုင်ယန်မေးခွန်းအတွက် ရိုမန့်မှာ အကောင်းဆုံးအဖြေမရှိခဲ့ပါ။
ဆရာ့ဆီက အလိုချင်ဆုံးအရာကိုသာ ကျနော်
ပြောလိုက်ရင် ဆရာကျနော့်ကို အရိုးဆေးရုံ
ရောက်တဲ့အထိ ထိုးလွှတ်မှာအသေချာပါပဲ ဆရာ။

"ဆရာ ကျနော့်အတွက် အချိန်နဲနဲလောက်ပေးပါ
ဒီည ဆရာ့ကို ညစာလိုက်ကျွေးချင်လို့ အဲ့တာ
ဆရာလာပေး- နိုင်! "

"ရပါတယ် အဆင်ပြေပါတယ်
ဘာများလဲလို့ ~ မင်း ဆိုင်ကို ကြိုပြီး booking လုပ်ထားလိုက်တော့ "

အပြုံးချိုချိုတွေနဲ့အတူ ဘရိုင်ယန်က စကားဝိုင်း
ကိုလက်စသပ်လိုက်သည်။ ထိုအခိုက်တန့်က
ရိုမန် အတွက် မြေထဲပင်လယ်ရာသီဥတုကို
ဖြတ်နေရသလို ရင်ထဲမှာ အေးလိုက်နွေးလိုက်
နဲ့ပေါ့ ။ အချစ်ကထူးဆန်းတယ်ဆရာ-- ဆရာ့ကိုမြင်လိုက်တာနဲ့ ကျနော့်ပုံစံက ဖုံးဖိလို့
မရအောင်ကို အလိုလိုထူးဆန်းသွားတော့တာပဲ !
ဆရာက စိတ်ကျန်းမာရေးအထူးကုဆို --
ဆရာ့ဆီယိမ်းနေတဲ့ ကျနော့်စိတ်တွေကိုကျတော့ ဘာလို့မကုသပေးနိုင်ရတာလဲ နဲနဲတော့ရှုပ်တယ် ဆရာ့ကိုချစ်ရတာအလုပ်ရှုပ်ဆုံးပဲ။

Time skip~~~

"Heart beats fast~~ colors &
promises 🎶🎶 how to be brave~~how can I love when
I'm afraid to fall 🎶🎶🎻"

အချိန်က 7 နာရီသာသာပင်ရှိသေးသော်လည်း
နေဝင်သွားတာအတော်ကြာချေပြီ။ချိန်းထားသည်
အား စောစောကြိုရောက်နေ၍ booking လုပ်
ထားသော စားပွဲတွင် ရိုမန်ဝင်ထိုင်လိုက်သည်။
စက်ဝိုင်းပုံခပ်ကျယ်ကျယ်စားပွဲအလယ်တွင်
ထွန်းညှိထားသောဖယောင်းတိုင်ငယ်မှာ မီးစာ
အားနဲနဲဖြင့် တငွေ့ငွေ့ထွန်းတောက်နေသည်။
ထို့ပြင် ဆိုင်တွင်းဖွင့်ထားသော Cristina Perri ၏ a thouasand years သချင်းသံအား ရိုမန် မျက်လုံးမှိတ်ကာ စီးမျောနေ
မိ၍ အနားတွင် ဘရိုင်ယန်ရောက်နေသည်ကို
ပင် သတိမထားမိချေ။

Before I Die Donde viven las historias. Descúbrelo ahora