"Hoonieရေ...သားသူငယ်ချင်းတွေ ရောက်နေတယ် အောက်ကို ဆင်းခဲ့ပါအုံးကွယ်"အိမ်အောက်ထပ်မှ ommaရဲ့ ခေါ်သံကြောင့် ဖတ်နေလက်စ သမိုင်းစာအုပ်ကို စာပွဲပေါ်တင်လိုက်ပြီး
JiHoon အောက်ထပ်ကို ဆင်းလာခဲ့တယ်..."ပြော....ဘာကိစ္စရှိလို့လဲ"
အိမ်ဧည့်ခန်းမှာ မိန့်မိန့်ကြီး ထိုင်နေတဲ့ DaeHwiနဲ့ JaeHwanကို မျက်စပစ်ပြီး မေးလိုက်တော့ DaeHwiက ဟီးခနဲ ရယ်ပြပြီး ထိုင်နေရာမှ ထလာကာ JiHoonရဲ့ လက်ကို ဆွဲကိုင်ပြီး တစ်ကိုယ်လုံး လှုပ်ယမ်းကာ ပြောတော့တယ်....
"မင်းကလည်း ဒီနေ့က ပိတ်ရက်လေကွာ....
အဲ့တာ ငါတို့တွေ အပြင်သွားလည်ကြမလို့...
မင်းနဲ့ WooJinနဲ့ကို လာခေါ်တာ...WooJinရော"မီးဖိုခန်းထဲကနေ Ji's ommaနဲ့အတူ ကော်ဖီခွက်ကိုင်ပြီး ထွက်လာတဲ့ WooJinက ထိုကိစ္စကိုကြားတော့ လက်လက်ထပြီး သွားဖို့ပြောတော့တယ်....
"ဟာ...တကယ်လား?
မင်းတို့ကလည်း စောစောက လာမခေါ်ဘူး
တကယ်ပဲ...ခုတောင်10နာရီ ကျော်နေပြီ"Ji's ommaနဲ့ WooJinက စားပွဲပေါ် ကော်ဖီခွက်နဲ့ မုန့်ချပေးနေတယ်...
"WooJinတောင် လိုက်မှာပဲဟာ...
မင်းလည်း လိုက်ခဲ့ပါ JiHoonရယ်"ပါးဖောင်းဖောင်းလေးနဲ့ JaeHwanကလည်း ပြောလာတော့ JiHoonစိတ်ညစ်လာကာ တပ်ထားတဲ့ မျက်မှန်အဝိုင်းလေးကို တစ်ချက်ပင့်တင်ရင်း လေပူတစ်ချို့ မှုတ်ထုတ်မိတယ်....
"သားလေးရယ်....
လိုက်သွားလိုက်ပါ ...
တစ်ခါတစ်လေပဲဟာ...
သားက စာတွေလည်း ရပြီးသားပဲဟာ
ထူးချွန်စာမေးပွဲအတွက် အရမ်းစိတ်မပူပါနဲ့
သားနိုင်မှာပါ"Ommaဖြစ်သူကလည်း အတင်းလွှတ်နေတော့ JiHoon စိတ်ပိုညစ်သွားပြီလေ...
ထူးချွန်စာမေးပွဲအတွက် အခန်းထဲက Lai KuanLinဆိုတဲ့ ကောင်နဲ့ ပြိုင်လုရအုံးမည်...
အဲ့အတွက် စိတ်မပူနဲ့လို့ ပြောလာတော့ JiHoon
စိတ်ညစ်ပြီး ခေါင်းကုတ်နေမိတယ်....
သူငယ်ချင်းတွေနဲ့ အိမ်က အကိုဝမ်းကွဲကို ကြည့်မိတော့လည်း မျက်နှာငယ်လေးတွေနဲ့ သူ့ကို ကြည့်နေကြသည်မို့ အားနာလာတယ်...