ရုတ်တရက် အနမ်းခံလိုက်ရတာကြောင့် Jihoon လန့်သွားကာ တောင့်တောင့်ကြီးဖြစ်နေတယ်...လက်မောင်းကို ဆွဲကိုင်ကာ နှုတ်ခမ်းတို့အား နမ်းရိုက်နေတဲ့ Kuanlinကို မျက်လုံးပြူးနဲ့ ကြောင်ကြည့်နေမိရင်းမှ အသိဝင်လာကာ တွန်းထုတ်လိုက်တယ်...
"မင်း...မင်း ရူးသွားပြီလား?"
တုန်ရီနေတဲ့ အသံနဲ့ ပြောလာတဲ့ JiHoonကို Kuanlinက ပြုံးကာ ကြည့်လိုက်ပြီး ဖြေလိုက်တယ်
"ဟုတ်တယ်....ငါရူးသွားပြီ..
မင်းကြောင့်လေ...!""ဟား....စောက်ရူးကောင်
ယောကျာ်းအချင်းချင်း လာကြိုက်နေတယ်..."JiHoonက သူ့ရဲ့ နှုတ်ခမ်းကို အင်္ကျီလက်နားစနဲ့ ပွတ်ဆွဲသုတ်ရင်း ပြောလာတာကြောင့် Kuanlinက ခပ်အေးအေး ပြုံးပြရင်း....
"ယောကျာ်းအချင်းချင်း မကြိုက်ရဘူးဆိုတဲ့
ဥပဒေရှိသလား?...မင်းဘက်က မကြိုက်လဲ..
ငါကတော့ ကြိုက်နေမှာပဲ"Kuanlinက ခပ်တည်တည် ပြောလိုက်ပြီး
စားပွဲပေါ်က လွယ်အိတ်ကို ကောက်လွယ်ကာ စာကြည့်တိုက်ထဲက ထွက်သွားတယ်...JiHoonမှာတော့ ရှက်လည်းရှက်ကာ ဒေါသထွက်ထွက်ဖြင့် Kuanlinအား နည်းမျိုးစုံဖြင့် ကျိန်ဆဲလျက်ဖြင့် စာကြည့်တိုက်ထဲမှ ခပ်သွက်သွက် ထွက်လာခဲ့တော့တယ်...
နောက်တစ်နေ့မနက်...
ဒီနေ့ ကျောင်းပိတ်ရက်မို့ JiHoonတစ်ယောက် စောစောထကာ လေ့ကျင့်ခန်းလုပ်ဖို့အတွက် အိမ်အောက်ထပ်ကို ဆင်းလာခဲ့တယ်..
"JiHoon...အတူတူသွားကြမယ်"
အိမ်ရှေ့မှာ ဖိနပ်စီးနေတုန်း အနားရောက်လာတဲ့ WooJinကြောင့် JiHoonလှည့်ကြည့်လိုက်ရင်း နှာခေါင်းရှုံ့မိတယ်.."အဲ့အဝတ်အစားနဲ့ လိုက်မှာဆိုရင်တော့...
လက်မခံနိုင်ဘူးနော်....""ဘာ...ငါ့အဝတ်အစားက ဘာဖြစ်နေလို့လဲ?"
WooJinက သူ့ကိုယ်ပေါ်က ဘရုစ်လီအင်္ကျီဝမ်းဆက်အား ကိုင်ကြည့်ရင်း ပြောနေတုန်း JiHoonက ပြေးထွက်သွားတာကြောင့် အနောက်ကနေ အသည်းအသန် ပြေးလိုက်ရပြန်တယ်...
"သောက်ကောင်လေး...
အကိုကို...မလေးမစားနဲ့...
အတူသွားမယ်ကွ...!"JiHoonနဲ့ WooJinတို့ အပြေးပြိုင်ကြရင်း
ရပ်ကွပ်ထိပ်နားက ပန်းခြံဆီ ရောက်လာကြတယ်...သူတို့လည်း ပန်းခြံအတွင်းက ခုံမှာ ဝင်ထိုင်လိုက်ကာ အမောဖြေနေလိုက်တယ်...
"ငါ့ညီလေး...
မနေ့က Kuanlinနဲ့ အတူပြန်ဖြစ်တာလား?"WooJinမေးလိုက်တဲ့ စကားကြောင့် JiHoonမှာ ပါးလေးတွေပင်နီရဲမတတ်ဖြစ်သွားတယ်
"မ...မပြန်ဖြစ်ပါဘူး..
မင်း..မင်းတို့ သက်သက်မဲ့ ငါတို့အတူပြန်ဖြစ်အောင်
ဂွင်ဆင်တာလား?""ဟား..ဟား...
ဟုတ်တယ်ဟေ့...
စာဂျပိုးနှစ်ကောင်ကို တည့်သွားအောင်လို့ပါ.."WooJinမှာ တစ်ဟားဟားအော်ရယ်နေပေမယ့် JiHoonခမျာ မနေ့က ဖြစ်ရပ်ကြောင့် ဒေါသထွက်သလို မျက်နှာပူသလိုလို ရှက်သလိုလိုဖြစ်နေရှာတယ်..
"JiHoon...မင်းပါးတွေ ရဲနေပါလားကွ...
အကောင်ကိုက်သွားတာလား?"ဘေးနားက WooJinက နောက်ပြောင်သလို ပြောလာတော့ JiHoonခမျာ မျက်လုံးလေး ပေကလပ်လပ်နှင့် WooJinရဲ့ ပုခုံးကို လက်သီးနဲ့ ထုလိုက်တယ်...
"ဘယ်အကောင်က လာကိုက်ရမှာလဲ?
ရူးနေလား?""ဟား..စတာပါကွာ..."
WooJinနဲ့ JiHoonစကားများနေတုန်း basketballပုတ်ကာ အနားရောက်လာသူကတော့.....Kuanlinဖြစ်နေတာကြောင့် JiHoonတစ်ကိုယ်လုံး အေးခဲမတတ်ဖြစ်သွားရတယ်...
"Hello...
JiHoonနဲ့...WooJin"
Update😘😘