စာကြည့်တိုက်ရောက်တော့...JiHoonက သချာင်္တွေတွက်လိုက်
Grammarတွေကျက်လိုက်နဲ့
အလုပ်ရှုပ်နေပြီး
Kuanlinကတော့
ကိုရီးယားဘာသာစာအုပ်ကြီးကိုင်လျက်...
ရေးလိုက်ကျက်လိုက်လုပ်နေတယ်...တစ်ချက်တစ်ချက်လည်း
JiHoonကို ခိုးကြည့်ရတာအမော..."Park JiHoon...!!"
"ဘာလဲဟာ...စာတွက်လို့မရလို့ စိတ်ညစ်နေရတဲ့ကြားထဲ"
စာလုပ်ရင်း ပျင်းလာသဖြင့် Kuanlinက JiHoonကို ခေါ်လိုက်မိတော့ ပြန်ကြားရလိုက်သည်က ခပ်စူးစူးအော်သံ....
"ဘယ်အပုဒ် တွက်မရတာလဲ...
ငါ့ပြော...?""ဟင်း...
ဘာလဲ...ငါစာတွက်မရဘူးဆိုတာကို
အခွင့်ကောင်းယူပြီ လူတတ်ကြီး လုပ်ချင်နေတယ်ပေါ့လေ""အာ.....
မဟုတ်ရပါဘူးကွာ...
ငါက သဘောရိုးနဲ့ပါကွ...""ဘာ...ဟား..ဟား
မင်းရဲ့ စိတ်ကို ငါမြင်နေရတာမှ မဟုတ်တာ..
မရှင်းပြနဲ့...သွား..သွား"လက်တစ်ခါခါနဲ့ ပြောနေတဲ့ JiHoonကြောင့် Kuanlin စိတ်မရှည်စွာ ထိုလက်လေးကို ဆွဲကိုင်ရင်း ပြောလိုက်တယ်...
"မင်းနားမလည်တဲ့စာတစ်ပုဒ်ကို
ရှင်းပြယုံသက်သက်ပဲ...
ကျန်တာ ဘာသဘောမှမပါဘူး...ok""အဟင်း...ဟုတ်ပါပြီ...
လက်...လက်..လွှတ်ပေးတော့"ခပ်တည်တည်နဲ့ မျက်လုံးချင်းဆုံအောင် ကြည့်ပြီး ပြောလာတဲ့ Kuanlinကြောင့် JiHoon နည်းနည်း ရှိန်သွားပြီး Kuanlinရဲ့ လက်ထဲက သူ့လက်ကို ရုန်းလိုက်တယ်...
ပြီးတော့...စာအုပ်လေးကို ချပြပြီး သူမရတဲ့ စာအပုဒ်ကို လက်ညိုးနဲ့ထိုးပြပြီး Kuanlinကို မျက်လုံးလှန်ကြည့်နေတယ်...
"ကောင်းပြီ....
ဒီအခန်းမှာ equationက...
........bla..bla..bla..""နားလည်လား?..."