"မင်း...မင်း ဘာလာလုပ်တာလဲ"မျက်လုံးပြူး မျက်ဆံပြူးနဲ့ မေးလာတဲ့ Jihoonကို Kuanlinက ပြုံးပြရင်း ဖြေတယ်။
"ငါလား? basketballလာကစားတာပေါ့"
အေးအေးဆေးဆေးလေး ပြန်ဖြေလာတဲ့ Kuanlinကြောင့် Jihoonခမျာ ကြက်သေသေသွားရတယ်။ မနေ့က ဖြစ်ခဲ့တဲ့ကိစ္စကို သူမေ့များမေ့သွားသလား?
"အာ...မင်းတို့ကြည့်ရတာ ကိစ္စတစ်ခုခုရှိနေသလိုပဲ
ငါရှောင်ပေးပါ့မယ်...သွားပြီ ညီလေးရေ..."Woojinကတော့ နှစ်ယောက်သား ပြောစရာရှိပုံ ဖြစ်တာကြောင့် သိသိသာသာပင် ရှောင်ထွက်သွားလိုက်တယ်။
Woojinထွက်သွားတာနဲ့ ကျန်နေခဲ့တဲ့ JiHoonခမျာ နှုတ်ခမ်းတထော်ထော်နှင့် ကျိန်ဆဲနေတာကြောင့် Kuanlinက အနားနားလေး ကပ်လာပြီး နားကို လေမှုတ်လိုက်တယ်။
"ဘာတွေ အဲ့လောက် စိတ်တိုနေတာလဲ baby"
"အား....omma...လန့်တာ မင်း...မင်း
ငါ့နားမကပ်နဲ့"JiHoonက အနားကို ကပ်ကပ်လာတဲ့ Kuanlinကြောင့် ကိုယ်လုံးလေးကို ကျုံ့ထားမိတယ်။
Kuanlinကလည်း ထိုအခွင့်အရေးကို အသုံးချပြီး
Jihoonအနားကိုကပ်ကာ ပါးလေးပေါ် အနမ်းခြွေလိုက်တယ်။"Umm..မွှေးပြီး အိနေတာပဲကွာ"
"မင်း...မင်း
တရုတ်သရဲကောင်ကြီး ကဲဟာ!"Kuanlinအပြောကြောင့် Jihoonတစ်ယောက် ရှက်ရမ်းရမ်းကာ Kuanlinခြေထောက်အား တက်နင်းလျက် ထွက်ပြေးသွားလေတော့တယ်။
ကျန်ခဲ့တဲ့ Kuanlinမှာတော့ နာသွားသည့် ခြေထောက်အား ကိုင်လျက် ပြုံးစိစိဖြစ်လို့နေလေတယ်။
"Jihoon ပြန်လာတာ မြန်လှချည်လား?
Kuanlinရော....?""အဲ့အကောင်အကြောင်း လာမမေးနဲ့"
အိမ်ထဲကို ဝုန်းဒိုင်းကြဲ ဝင်လာတဲ့ JiHoonကြောင့် Woojinက မေးမိတော့ ကတ်ကတ်လန်အောင် ပြန်ပြောသည့် Jihoonကြောင့် လက်ထဲက စားလက်စရေခဲမုန့်ခွက်ပင် လွတ်ကျမလိုဖြစ်သွားတယ်။
"ငါကအကောင်းမေးတာကို...
ဒါနဲ့ မင်းပါးတွေ ပျားတုပ်လိုက်လို့လားဟင်"Woojinက ပြောရင်း ရဲတွတ်နေတဲ့ Jihoonရဲ့ ပါးတွေကို လက်ညိုးထိုးပြီး မေးလိုက်တော့ ကိုယ်တော်က ငယ်သံပါအောင် အော်ပြီး အိမ်ပေါ်ပြေးတက်သွားလေရဲ့.....။
Long time no see....readersတို့ရေ🤗
Updateပြီကွယ်😙
Libraryထဲကနေ ထုတ်လိုက်ကြပြီလားဟင်😞
ပြန်upပြီနော်..ရေးထားတာတိုပေမယ့်
ပေပီတို့ voteပေးရင် နောက်အပိုင်းတွေ
အရှည်ကြီးရေးပေးမာ❤❤