''Nong Nong ရေ Nong Nong Chen LiNong ရေ''
မနက်စောစော ကျောင်းကိုအလာ ကြားလိုက်ရတဲ့အသံတွေကြောင့် Xukun ရဲ့ လျှောက်နေတဲ့ ခြေလှမ်းတွေ မှားချင်သလိုတောင်ဖြစ်သွားသည်။အသံကြားရာဘက်ကို ကြည့်လိုက်တော့ ထင်တဲ့အတိုင်း Lin YanJun တို့အုပ်စု။ကျောင်းထဲက သစ်ပင်အောက်ခုံတန်းမှာ မုန့်တွေနဲ့ထိုင်ရင်း အော်နေကြခြင်းဖြစ်သည်။
Lin YanJun တို့အုပ်စုတွင် Lin YanJun၊သူနဲ့ဘာလိုလို(Kun Kun တို့ကျောင်းတွင် ဘယ်လိုဆက်ဆံရေးလဲအတိအကျမသိသော ဆက်ဆံရေးမျိုးဆို ဘာလိုလိုဟုအမည်တပ်လေ့ရှိသည်။) ဟုပြောကြသော You ZhanJing နှင့် သူတို့ အထက်တန်းဒုတိယနှစ်၏ ဘိတ်ချေးကျောင်းသား Chen LiNong တို့ပါသည်။(ဤနေရာတွင် Chen Li Nong မှာ ဘိတ်ချေးကျောင်းသားဟုသတ်မှတ်သဖြင့် Lin YanJun နှင့် You ZhangJing တို့ကို စာတော်သူဟိုက်ပါများဟု အထင်မလွဲကြစေချင်။စိတ်တူကိုယ်တူ ဘော်ဒါများဖြစ်သည့်အားလျော်စွာ ZhangJingနှင့် YanJun သည်လည်းစာဆိုလျှင် မိုးပေါ်ပျံသည့်စာကလေးကိုပင် လှည့်ပင်မကြည့်ကြသော၊ကျောင်းမှန်မှန်တက်လျှင် အိမ်ကအမေက မုန့်ဖိုးမှန်မှန်ပေး၍သာကျောင်းလာတက်နေကြသော ကျောင်းမှန်မှန်တက် စာမကျက် ပုလင်းတူဘူးဆို့လေးများဖြစ်သည်။
အဲ့ပုလင်းတူဘူးဆို့ သုံးကောင်ထဲမှ Chen LiNong က Kun Kun ကို ကြိုက်သောအခါ ကျန်နှစ်ကောင်က အောင်သွယ်တော် ဖိုးရွှေလမင်းတွေလုပ်ကြသည်။
သူတို့အောင်သွယ်ပုံကလည်း ထူးဆန်းလှသည်။မနက်စောစော Xukun ကျောင်းလာချိန်ကို ကျောင်းရှေ့သစ်ပင်ကြီးအောက်မှာ မုန့်တဝတပြဲစားရင်းစောင့်သည်။နေ့လည်နဲ့ညနေ ကျောင်းလွှတ်ချိန်တွေမှာ Kun Kun သွားလေရာနောက် မုန့်ထုပ်တွေဆွဲပြီး တစ်ကောက်ကောက်လိုက်သည်။
Kun Kun လာတာ တွေ့လျှင် Chen LiNong ရဲ့ နာမည်ကို သံပြိုင်အော်ကြသည်။ဟို ZhangJun နှစ်ကောင် အော်နေချိန်တွင် Chen LiNong က သွားတိုက်ဆေးကြော်ငြာ ရိုက်နေသကဲ့သို့ ပြုံးကာ
ဗို့အားတစ်သောင်းပါသော အကြည့်ကြီးနဲ့ Kun Kun ကို စိုက်ကြည့်နေမည်။ဒီ့ထက်လည်း ဘာမှမပို လာနှောင့်ယှက်တာ
ဘာညာလည်းမရှိ၍သာမသိချင်ယောင်သာဆောင်
နေရသည်။
YOU ARE READING
Crush
RomanceKun Kun ရဲ့ အချစ်ကို ရဖို့ဆို ဆရာကြီး Wu ရဲ့ မျက်မှန်ရောင်စုံတွေ ခိုးပေးရ ခိုးပေးရ