Ed sheeran ရဲ့ "Perfect" သီချင်း ခပ်တိုးတိုးဖွင့်ထားသော ကော်ဖီဆိုင်လေးထဲသို့ Nong Nong ရောက်သွားတော့ နေတောင် အတော်စောင်းနေပြီ။
ဆိုင်ထဲ ဝင်ပြီး ဟိုဟိုဒီဒီ ကြည့်နေတုန်း Nong Nong ကို မြင်သွားတဲ့ ကိုကိုက လက်ပြပြီး စားပွဲတစ်ခုမှထိုင်ဖို့ မျက်နှာရိပ်မျက်နှာကဲ ပြပြီး ဆိုင်နောက်ဖက်သို့ ဝင်သွားသည်။
ကိုကို ထိုင်ခိုင်းတဲ့ ခုံမှာဝင်ထိုင်ပြီး လည်ပင်းက မာဖလာချွတ်နေတုန်းရှိသေး ရင်းနှီးနေတဲ့ အနံ့လေးကိုရလိုက်ပြီး နွားနို့ ပူပူလေးတစ်ခွက်က Nong Nong ရှေ့မှာရောက်လာသည်။
"နွားနို့ ပူပူလေးသောက်လိုက်ဦး Nong Nong အပြင်မှာတော်တော် အေးတယ်မဟုတ်လား။လက်ဖျားတွေ အေးနေတာပဲ"
Nong Nong ထိုင်နေတဲ့ ရှေ့မှာ ဝင်ထိုင်ရင်း အပြင်ကလာတာမို့ အေးစက်နေတဲ့ Nong Nong လက်တွေကို နွေးအောင်လုပ်ပေးနေတဲ့ ကိုကို့ကို ကြည့်ရင်း Nong Nong ပြုံးမိသည်။
လွန်ခဲ့တဲ့ သုံးနှစ် Nong Nong နဲ့ စတွဲခဲ့တဲ့အချိန်ကတည်းက Nong Nong ကို အရမ်းဂရုစိုက်ပေးခဲ့တဲ့ ကိုကိုဟာ ချစ်သူသက်တမ်းသုံးနှစ်ပြည့်တဲ့အထိ မပြောင်းမလဲ ချစ်ပေး ဂရုစိုက်ပေးတုန်း။
အစက Nong Nong ကိုသနားလို့ တွဲပေးတယ်ထင်ပြီး တစ်ယောက်တည်းဝမ်းနည်းခဲ့ရပေမယ့် မယုံနိုင်စရာကောင်းလောက်အောင်ပဲ Nong Nong ကိုကို့ကို မသိခင်ကတည်းက ကိုကိုက ချစ်ခဲ့တာတဲ့လေ။crush ကို မသိခင်ကတည်းက crush ရဲ့ crush တာကို ခံနေရတယ်ဆိုပြီး Nong Nong ဘဝင်တွေတောင်မြင့်ချင်သွားတာ။
"အလုပ်မများဘူးလား ကိုကို။ ကိုကိုလုပ်စရာရှိတာ သွားလုပ်လေ ကျွန်တော်က ရပါတယ်။"
တက္ကသိုလ်တက်တော့ ကိုယ်ပိုင်ဝင်ငွေ ရှာချင်သည်ဆိုကာ ကိုကိုက တက္ကသိုလ်နားက ကော်ဖီဆိုင်လေးမှာ အချိန်ပိုင်းလုပ်သည်။
အတန်းနောက်ကျမှပြီးသော Nong Nong က အတန်းချိန်ပြီးလျှင် ထိုဆိုင်လေးကို လာကာ ကိုကို အလုပ်ပြီးသည့် အချိန်ကို စောင့်သည်။ ကိုကို အလုပ်ပြီးလျှင် နှစ်ယောက်အတူတူ အိမ်ပြန်ကြသည်။အထက်တန်းပြီးတော့ ဝန်ထမ်းဖြစ်တဲ့ Nong Nong မိဘတွေက တာဝန်နဲ့ Beijing ကိုပြန်ပြောင်းရသည်။ကိုကိုကလည်း တက္ကသိုလ်တက်သည့်အခါ Beijing မှာအဆောင်နေသည်။ကိုကို့အဆောင်က Nong Nong တို့ ရပ်ကွက်ထဲမှာပဲမို့ မနက်တိုင်း ကျောင်းတူတူသွားပြီး ညနေတိုင်း တူတူပြန်ကြသည်။ဒီလိုနဲ့ နေ့တိုင်း သံသရာလည်နေပေမယ့်လည်းကိုကိုနှင့်လက်တွဲကာ တူတူပြန်ရသောအချိန်များသည် Nong Nong အတွက်တော့ အဖိုးမဖြတ်နိုင်သော အချိန်များဖြစ်သည်။
YOU ARE READING
Crush
RomanceKun Kun ရဲ့ အချစ်ကို ရဖို့ဆို ဆရာကြီး Wu ရဲ့ မျက်မှန်ရောင်စုံတွေ ခိုးပေးရ ခိုးပေးရ