Final

301 43 54
                                    

သူရဲကောင်းဟာ crush ဆီက အဖြေကို ရဖို့
တစ်သက်နဲ့တစ်ကိုယ်လှည့်မကြည့်တဲ့စာကို
ကြိုးစားပမ်းစားနဲ့ကြည့်နေသတဲ့။

📖📖📖📖📖📖

"မင်းလုပ်နိုင်တယ် Nong Nong အဆင့်(20) လေး
တက်လာရုံပဲ။ပြီးတာနဲ့ Xaio Cai မဟုတ်ဘူး မဟုတ်ဘူး Kun Kun နဲ့တွဲလို့ရပြီ။မင်းလုပ်နိုင်တယ် Fighting !!! "

XXXXXXXXXXXXX
''မလုပ်နိုင်တော့ဘူး။ဘာတွေလဲ တစ်လုံးမှမသိဘူးနော်။ မမြင်ဖူးတာတွေ ဘာလို့ ကျက်နေရတာလဲ။
ငါငိုနေပါပြီနော်😭😭😭😭😭

နာရီကလည်း ငါစာစကျက်တုန်းက ကိုးနာရီလေ
ဘာလို့ ခုမှ ကိုးနာရီခွဲပဲရှိသေးတာလဲ။

တော်ပြီ အိပ်တော့မယ်။စာဆိုတာ မနက်စောစော ထကျက်ရင်မြန်မြန်ရတယ်တဲ့။ခုက ညဘက်မို့သိပ်မရတာဖြစ်ရမယ်။

ဟုတ်တယ် အိပ်တော့မယ် မနက်ကျစောစောထကျက်
ရင် ရတာပဲ''

XXXXXXXXXXX

စာကြည့်စားပွဲမှာ စာလုပ်နေရင်း နာရီကိုတစ်ချက်
ကြည့်မိတော့ ည (11)နာရီထိုးနေပြီမို့ လက်ထဲက
ဘောပင်ကိုချရင်း အညောင်းဆန့်မိသည်။အညောင်း
ဆန့်နေရင်း "Chen LiNong တစ်ယောက် စာမှလုပ်ရဲ့လား"ဆိုတဲ့အတွေးကဝင်လာသေး

မနှစ်ကစာသင်နှစ်အစမှာ ကျောင်းပြောင်းလာတဲ့
ကျောင်းသားသစ် Chen LiNong ကို ကျောင်းဖွင့်ပြီး တစ်ပတ်ခန့်အကြာကတည်းက Kun Kun သတိထားမိနေတာဖြစ်သည်။နယ်မြို့ကလေးကကျောင်းဖြစ်တာကြောင့် လူစိမ်းဆိုလျှင် ချက်ချင်းသိလွယ်သည်
လေ။

အထက်တန်း ကျောင်းသားဖြစ်နေတာတောင် အမေကထမင်းချိုင့်ခြင်းကြီးဆွဲကာကျောင်းဝထိ
လိုက်ပို့သည်ကိုရှက်လို့ထင်သည်။"ကလေးမဟုတ်
တော့ဘူး"တတွတ်တွတ်ပြောကာဂျစ်တိုက်နေတဲ့ အဲ့
ကောင်လေး ပုံက Kun Kun မျက်လုံးထဲတော့ ငါးနှစ်သားလေးလို။

အဲ့ငါးနှစ်သားလေးလို ပြုမူနေတဲ့ အရပ်ရှည်ရှည်နဲ့
ကောင်လေးကို ကြည့်ရင်း ရင်ဘတ်ထဲကထူးဆန်းလာခဲ့သည်။

ထိုနေ့ကအစပြုပြီး နောက်ပိုင်းတေမှာလည်း သူ့ကို တွေ့တိုင်းရင်ဘတ်ထဲမှာထူးဆန်းနေတတ်ခဲ့သည်။
ထိုခံစားချက်ကို Kun Kun က အချစ်ဟု အမည်တပ်
ချင်ခဲ့သည်။

CrushWhere stories live. Discover now