Part 2

278 40 48
                                    

''Xiao Cai လေး ဟီး ဟီး''

" ပြောစရာ ရှိတယ်ဆို.. ပြောလေ.. မပြောဘဲ တဟီးဟီးနဲ့ ဘာဖြစ်နေတာလဲ။မပြောလဲ အတန်းထဲသွားတော့မယ်။"

ပြောစရာရှိတယ်ဆိုပြီး ခေါ်လာကာ ဟီး ဟီးက မ
တတ်သော Nong Nong ကိုကြည့်ရင်း Kun Kun
စိတ်မရှည်တော့။

"ဟီး ပြောမှာ ပြောမှာပေါ့ Xiao Cai ရဲ့။ ဒါနဲ့
စကားမစပ် ဆရာကြီး Wu နေကောင်းရဲ့လား။မနေ့က ကျောင်းလာတာမတွေ့သလိုပဲနော်။"

"ပြောစရာရှိတယ်ဆိုတာ ဒါလား။ Fan Fan က
နေကောင်းတာမှ ဒေါင်ဒေါင်မြည်နေတာပဲ။
မနေ့ကကျောင်းမလာတာ ကိစ္စလေးရှိလို့ Beijing သွားနေရလို့။ဒီနေ့ ကျောင်းတက်မှာလေ
ပြောရင်းဆိုရင်း ဟိုမှာ လာနေပြီ"

" နေကောင်းတယ်ဆို ဟီး ပြီးတာပါပဲ ဟီး
အဲ့တာလေးမေးချင်လို့ သွားတော့မယ်နော် Xiao Caiလေး"

ဆရာကြီး Wu ခရီးထွက်သွားတယ်ဆိုတဲ့ သတင်း အတိအကျ ရလို့ Xiao Cai လေးကို ဖွင့်ပြောရန်အားတင်းလာပါတယ်ဆိုမှ တည့်တည့်တိုးတော့မည့်အဖြစ်နဲ့ ကြုံရသည်မို့ Nong Nong တစ်ယောက်
တပ်ဆုတ်ပြေးရန်ကြံရတော့သည်။စိတ်ထဲကလည်း
ဆရာကြီး ခရီးထွက်သည့်သတင်းပဲပေးပြီး
ပြန်ရောက်နေသည့် သတင်းကိုမပေးသည့် ZhangJun အတွဲကိုလည်း ကျိန်ဆဲရသေးသည်။

*ငုံးကောင်တွေ ငါအသက်နဲ့ကိုယ် အိုးစားကွဲတော့မလို့*

"နေဦး"

"ဘာပြောမလို့လဲ Xiao Cai လေး"

"မင်း ငါ့ကို ကြိုက်နေတာ သိတယ် Chen LiNong ခု ငါ့ကို ဖွင့်မပြောမလို့ ခေါ်လာပြီး Fan Fan ကိုမြင်လို့
ပြန်ပြေးမလို့ မဟုတ်လား"

"......."

"ငါ မင်းကို စဉ်းစားပေးမယ်''

"ဘာရယ် ဘယ်လို ဘယ်လို"

"မင်းကြားတဲ့အတိုင်းပဲ ဒီတစ်ခေါက် စာမေးပွဲမှာ
အဆင့် (20) တက်လာရင် ငါ မင်းနဲ့တွဲမယ်"

"...."

"ငါပြောတာ ကြားရဲ့လား Chen LiNong"

"တကယ်လား တကယ်ကြီးလား ကိုယ် အဆင့် (20)
တက်လာရင် Xiao Cai လေးက ကိုယ်နဲ့တွဲမှာလား???"

"ပြောစရာတစ်ခုရှိသေးတယ်။ငါ့ကို Xiao Cai လို့
မခေါ်နဲ့ ငါကမင်းထက် နှစ်နှစ်တောင်ကြီးတယ်ကွ။
ငယ်ငယ်က လူကောင်သေးလို့ဆိုပြီး Fan Fan က
ကျောင်းကို နောက်ကျမှ ထားလို့ မင်းတို့နဲ့ အတန်းတူနေတာ။အသက်ကကြီးတယ်။
မခန့်လေးစား Xiao Cai လို့လာမခေါ်နဲ့"

CrushWhere stories live. Discover now