5️⃣

217 19 2
                                    

တိုးတိတ်စွာကပ်လာတဲ့ Chanyeol ရဲ့ မျက်နှာကို အလျင်အမြန်Baekhyun ရှောင်လိုက်တော့...

"ဘာဖြစ်တာလဲ Byun Baekhyun ငါ မင်းကို နမ်း
မယ် ထင်နေတာလား သွားစမ်းပါကွာ....''

ကြားလိုက်ရတဲ့ Chanyeol ရဲ့ စကားသံက Baekhyun အတွက်တော့ မှန်းချက်နဲ့ နှမ်းထွက်
မကိုက်သိအလား...

"အဟမ်း... ဖယ်ကွာ ''

Baekhyun ရှက်ရှက်နဲ့ တွန်းထုတ်လိုက်သည်

"ပြော ဘာကိစ္စနဲ့ မင်းက ငါ့အခန်းထဲ ဝင်လာတာလဲ ''

Chanyeol ရဲ့ အမေးကို Baekhyun မတုံ့ပြန်မိပါ

"Baekhyun မေးနေတယ်လေ ''

"အော်...ဟို.. အန်တီ ခေါ်ခိုင်းလိုက်လို့ ''

"ဘာလုပ်ဖို့လဲ ''

"ပြောစရာရှိလို့တဲ့ ''

"အေး ငါပြီးရင် ဆင်းလာလိုက်မယ် ''

Chanyeol ရဲ့ စကားကို သူမကြားတော့
ရေစိုနေတဲ့ ဆံစ တို့ကို လက်ဖြင့်ခါရင်း သူ့ကို လှမ်းကြည့်
နေတဲ့ Chanyeol ကိုသာ ငေးကြည့်နေမိတော့

"မင်းဘာဖြစ်နေတာလဲ ကွာ ''

"Arrnyi ငါ အောက်က စောင့်နေမယ် မြန်မြန်လိုက်ခဲ့ ''

Baekhyunလည်း ဆက်နေရင် အဆင်မပြေတော့တဲ့
အခြေအနေ Chanyeol ရဲ့ အစိတ်အပိုင်း တစ်ခုချင်းစီ
တိုင်းက သူ့ကို ဆွဲဆောင်နေသယောင်

Chanyeol နဲ့ စကား လက်စသပ်ပြီး အခန်းပြင်ကို ခပ်
သုတ်သုတ် ထွက်ကာ တံခါးကို ပြန်ပိတ်လိုက်ပြီး
အောက်ထပ်ကို ဆင်းသွားလိုက်သည်...

တကယ်လို့ ရှက်နေတဲ့ သူ့ကို ကြည့်ပြီး အခန်းထဲမှာ
တစ်ယောက်တည်း ပြုံးနေတဲ့ ကောင်လေးကို
Baekhyun မြင်မိခဲ့ပါလျှင်....

...............

"Omma ပြောလေ ဘာပြောဖို့လဲ ''

Dinning Table ပေါ်မှာ တင်ထားတဲ့ ပန်းသီးပန်းကန်
ထဲက ခပ်ကြီးကြီး တစ်စိပ်ကို ယူကာ Chanyeol စကား စ လိုက်သည်

" သားကို ပြောမလို့ မဟုတ်ဘူး Baekhynee နဲ့ သား
နဲ့ နှစ်ယောက်လုံးကို ပြောမှာ ''

"Nae ပြောပါ အန်တီ ''

စားလက်စ ပန်းသီးကို ပါးစမ်ထဲ အကုန်ထည့်ကာ
Chanyeol ပါ နားထောင်နေလိုက်သည်

❣ နှလုံးသားထက်က သတို့သား ❣Where stories live. Discover now