1️⃣1️⃣ News(သတင်း)

239 22 6
                                    

Zawgyi:

တစ်နေကုန် ဖုန်းမဆက် စာလည်းမလာ တဲ့ အကြောင်း
ကြောင့် Chanyeol စိတ်အစုံတို့ ထိန်းမရရှိခဲ့ပြီ

"Baekhyun မင်း ဘယ်မှာလဲကွာ ''

ဖုန်းဆက်တော့လည်း ကြားရတဲ့ rt က ဧည့်ခန်းဆီကပင်။

"Tsk! Baekhyun ကွာ ဖုန်းပါ ကျန်ခဲ့ရလား... ''

မထူးတဲ့ အဆူံး ကားသော့ကို ဆွဲကာ စာကြည့်တိုက်ဆီ
မောင်းခဲ့ရတော့သည် ။

.......

"Chanyeol အရမ်းချမ်းနေပြီကွာ... မင်းပြောသလို
အပေါ် အင်္ကျီလေး ယူလာမိရင် ကောင်းသား...ဒီနေရာ
အရမ်းလည်း မှောင်တယ်.. ဖြစ်နိုင်ရင် မြန်မြန်လာပါကွာ''

Baekhyun တစ်ယောက် အအေးဒဏ်ကို ကြံ့ကြံ့ခံရင်း
တစ်ကိုယ်တည်း ရေရွတ်မိသည် ။

ထို အချိန် ပွင့်လာသောတံခါးတစ်ချက် ...

"ဟင် Chanyeol.... ''

Baekhyun လှမ်းခေါ်လိုက်မိသည်..

တကယ်ဆို Chanyeol တကယ် ရောက်လာနိုင်ရန်
အကြောင်းမရှိပေ ဖုန်းအဆက်အသွယ်လည်း မရ
ဘာဆို ဘာမှ ဆက်သွယ်မရတဲ့ အခြေအနေမှာ CY
ရောက် လာတာဟာ တကယ်ကို အံ့  ဖွယ် တစ်ခုပင် ။

"Baekhyunမင်း အဆင်ပြေလား ''

Chanyeol စိုးရိမ်တကြီး မေးတော့ ထို ကောင်လေးက
ပြုံးရုံမျှသာ...

ဒီလောက် အေးစက်နေတဲ့ အခန်းထဲမှာ ဒီကောင်လေး
ဘယ်လောက် ချမ်းနေလိမ့်မလဲ ။

အတတ်နိုင်ဆုံး အမြန်လာချင်ပေမဲ့ baekhyun ရှိနိုင်
မဲ့ နေရာတွေကို အရင် ဝင်ရှာရင်း နောက်ဆုံး ကျောင်းက
Library သာ ကျန်တော့သည် ။

စာကို အားရပါးရ ရှာနေသော Baekhyun အဖို့
စာကြည့်တိုက် ပိတ်သည့် အချိန်ကို သတိမရ..

စာကြည့်တိုက်ထဲ တွင် လူရှိသည်ကို မသိဘဲ သော့ပိတ်
လိုက်သည့် လုံခြုံရေး ဦးလေး ကြီးကိုသာ အပြစ်တင်ရပါ
လိမ့်မည်...

(Park Chan တို့ ဘက်လိုက်တာက😒)

အသင့်ပါလာတဲ့ အနွေးထည် အင်္ကျီလေးကို Baekhyunအား ဝတ်ပေးလိုက်သည်...

ဖြူဖက်ဖြူရော် ဖြစ်နေတဲ့ ကောင်ငယ်လေးကို Chanyeol သနားလွန်းလို့ ရူးမတတ်ပင်

❣ နှလုံးသားထက်က သတို့သား ❣Where stories live. Discover now