1️⃣2️⃣Love✨

210 14 3
                                    


Unicode :

နာရီကြည့်လိုက်တော့ မနက် ၅နာရီခွဲ ။
ဆက်အိပ်လို့လည်း မရတော့တာနဲ့ Chanyeol တစ်ယောက် အိပ်ရာမှ ထ လိုက်သည် ။

အခန်းထဲကို ဝေ့ဝိုက်ကြည့်လိုက်တော့
အသေအချာကြီးကို Baekhyunမရှိပါ။

"Baekhyun"
ရေချိုးခန်းထဲမှာလည်း မဟုတ်ဘူး
"Baekhyun"
Toiletထဲမှာလဲ မဟုတ်

"Baek...."
Baekကို Kitchenထဲမှာ ကိုလတ် နဲ့ အတူ တွေ့လိုက်
ရတယ် နှစ်ယောက်သား ရယ်မောနေလိုက်ပုံက
စမတ်ကျတဲ့ Chanyeol ကို ဒေါသ ထွက်စေတာဘဲ။

"ဟော.... ငယ်လေး Morningနိုးပြီလား "

Baekhyunနဲ​့စကားပြောနေရင်း Chanyeolကို
တွေ့ကို ထုံးစံအတိုင်း နှုတ်ဆက်တဲ့ ကိုလတ် Sehun

"OMM"

Chanyeol အေးစက်စက် တုံ့ပြန်မိသည်။

အမှန်ဆကယ် ဝန်ခံရလျှင် Baekhyunကို
လက်ထပ်ချင်ပါတယ် လို့ ပြောထဲက ကိုလတ်ကို စိတ်ထဲ ဘဝင်မကျတော့ချေ ။

"Chanyeol လာထိုင်လေ ငါ မင်းစားဖို့ အစောကြီး
ထပြီး စပါကစ်ကီ လုပ်ပေးထားတယ် မင်းကြိုက်မှာ
လာစားကြည့်"

ဒီလိ​ု ဆိုတော့လည်း Baekhyunကကိုယ့်လင်သား
မနက်စာစားဖို့ အစောကြီး ထပြီး ပြင်ပေးနေတဲ့
အိမ်ရှင်မကြီးနဲ့ တူနေပြန်ရော ။

"အေး "

ခပ်ချေချေဘဲ Chanyeolပဲလေ ။

"အဟမ်း"

ထိုအချိန် ကိုလတ်ဆီမှ အသံတစ်သံ စထွက်လာ
သည်

"Baekhyun ssi ကိုယ် မင်းကို ကိုယ့် ညီလေး Chanyeol ကို သက်သေထားပြီး ပြောစရာရှိတယ် "

ရုတ်တရက် ပြောလာတဲ့ Sehunရဲ့ စကားကြောင့်
Baekhyunရဲ့ မျက်လုံးမှေးမှေးလေးတွေ ချက်ချင်း
ဆိုသလို ဝင်းလဲ့လာတယ်

ဒါဆို Chanyeol ကရော ?

စားပြီးသား ခေါက်ဆွဲ သုံးမျှင်လောက် နှာခေါင်းပေါက်ကနေ ပြန်ထွက်ချင်လာသည်

"ဟုတ်ကဲ့ ဘာများလဲ မသိဘူး Sehun hyg ssi"

Baekhyun လေးပင်စွာနဲ့ ခွန်းတုံ့ပြန်လိုက်သည်
Chanyeol ကတော့ အဝါရောင် ပန်းကန်ဝိုင်းလေး
ပေါ်က ခေါက်ဆွဲမျှင်တွေနဲ့ တစ်ခုခုကို စိတ်နှစ်လုပ်
နေသည် ။

❣ နှလုံးသားထက်က သတို့သား ❣Where stories live. Discover now