Knot~~
ပန်းချီပြခန်းထဲဆီသို့ ရောက်တာနဲ့ ပျော်နေတဲ့
Baekhyunလေးကို ကြည့်ပြီး မိဘနှစ်ပါးရဲ့ မျက်နှာတွင် အပြုံးနုနုလေးတွေ ဖြစ်တည်နေတယ်..."သားလေး.. ပန်းချီတွေ လိုက်ကြည့်လိုက်နော်...
Ommaတို့အသိတွေနဲ့ တွေ့လို့ စကား ပြောလိုက်ဦးမယ်နော်...""Nae.. omma."
12နှစ်အရွယ်လေး ဖြစ်တဲ့အတွက် အသိတရားရှိစွာ မိဘတွေစကားကို နားထောင်ပြီး ပန်းချီပြခန်းကို လှည့်ပတ်ကြည့်နေမိသည်...
အသက်ဝင်လှတဲ့ ပန်းချီကားတွေကို ကြည့်ရသည်မှာ စိတ်ချမ်းသာစရာကောင်းလှသည်....
အဓိပ္ပါယ်ရှိပြီး တစ်ချို့ ပန်းချီကားတွေဆို မျက်ရည်ပင် ဝဲလောက်အောက် လက်ရာမြောက် လွန်းနေသည်....
ပန်းချီကား များစွာတွေထဲမှ ထိပ်ဆုံးတွင် စလိုက်မီးတွေနဲ့ ပြသားထားပြီး မှန်ဘောင်လေးနဲ့ သေချာစွာပြသထားတဲ့ ပန်းချီကားလေးကို တွေ့တော့ Baekhyunလေးရဲ့ အာရုဏ်ဟာ ထို ပန်းချီကားလေးဆီသို့ အပြည့်အဝ ရောက်ရှိသွားသည်....
"လှလိုက်တာ..."
ပန်းချီကားလေးကို မှန်ဘောင်အပြင်မှ နေ၍ လက်လေးနဲ့ပွတ်တိုက် ကြည့်လိုက်တော့ အံ့အားသင့်စွာ မျက်လုံးမှေးမှေးလေးတွေ ပြူးကျယ်သွားသည်..
ဒီပန်းချီကားထဲက လက်ပုံသဏ္ဍန်က ငယ်ငယ်တည်းက အေးလွန်းတဲ့ နေရာတွေကိုသွားရင် လက်အိတ်စွတ်ထားမှသာ နေနိုင်တဲ့သူ့ရဲ့ လက်နဲ့တူနေရသလဲ...
ပိုပြီးအံ့ဩစေတာက လက်မလေးမှာ မှည့်ပါတာက အစတူနေသည်...
အသက်ဝင်လွန်းတဲ့ လက်သွယ်သွယ်လေးတွေ ဆွဲထားပြီး မိမိရဲ့လက်နဲ့အလွန်ပင်တူနေတဲ့ ဒီ ပန်းချီကားလေးကို စိတ်ဝင်စားမိတဲ့ အတွက် ဝယ်ချင်မိသည်....
ommaနဲ့appaကို ပြောကြည့်မယ်ဆိုပြီး လှည့်ထွက်တဲ့ အချိန် လူကြီးတစ်ယောက်ရဲ့ ခါးကို ဝင်တိုက်တဲ့ Baekhyunneလေး....
"တောင်းပန်ပါတယ် ဦး... ကျွန်တော် ရုတ်တရက် လှည့်လိုက်လို့ ဦးကို မမြင်လိုက်တာ..."
"ရပါတယ် ကလေး...ဦကလည်း ကလေးကို မမြင်လိုက်လို့ပါ.. နာသွားသေးလား"