အခန်း (၁၀) အန်ဒိုခိုင်း

23.2K 2.2K 39
                                    

Zawgyi

ဇာတ်လမ်းရဲ့ မူလဇာတ်ကြောင်းဟာ အချိန်ကုန်သွားတာနဲ့အမျှ ပြောင်းလဲလို့သွားတော့တယ်... မူလဇာတ်ကြောင်းအရဆိုရင် မာ့ခ်ဝေါ်လ်တာရဲ့ စောင့်ရှောက်မှုအောက်မှာ နိုအာ ဝေါ်လ်တာဟာ အေးစက်စက်နဲ့ သီးခြားနေထိုင်တတ်တဲ့ စရိုက်အဖြစ်ကြီးပြင်းလာရမှာ ဖြစ်လေတယ်... သူ့အသက် ၁၀နှစ်ပြည့်တဲ့အချိန်မှာ နိုအာရဲ့ စိတ်နေစိတ်ထားဟာ သူ့အဖေအတိုင်း အရွဲ့တိုက်တတ်တဲ့စရိုက်ဖြစ်လာရမှာဖြစ်လေတယ်...

မာ့ခ်ဝေါ်လ်တာဟာ သူ့ရဲ့ဇနီးငယ်လေးကိုသာအာရုံစိုက်လေတာကြောင့် သူ့သားရဲ့ဖြစ်တည်မှုကို လျစ်လျူရှုထားခဲ့မှာဖြစ်လေတာပေါ့... အိုလီဗီယာမေးလ်မှာ သူတို့နှစ်ဦးရဲ့ ရင်သွေးရှိလာပြီး အသစ်မွေးဖွားလာတဲ့ကလေးငယ်လေးဟာ အချစ်တွေနဲ့ ဂရုစိုက်မှုတွေကို ပိုမိုရရှိချိန်မှာတော့ နိုအာဟာ ဘာသိသာသာနေရုံသာနေခဲ့လေတယ်...

သို့သော်ငြား မွေးဖွားပြီး များမကြာမီမှာ အိုလီဗီယာမေးလ်ရဲ့ ကလေးငယ်ဟာ နှလုံးရောဂါတစ်မျိုးကြောင့် သေဆုံးသွားခဲ့လေတယ်... ထိုအခါကျမှ ကလေးအပေါ် မာ့ခ်ဝေါ်လ်တာရဲ့ လိုလားစိတ်ဟာ နိုအာ့ဆီ ဦးတည်သွားတာဖြစ်လေတယ်... ကံမကောင်းစွာနဲ့ နိုအာ့ရဲ့ နှလုံးသားဟာ ထိုတခဏမှာ အေးခဲသွားနှင့်ပြီး- ဘယ်သူကိုမှ ဂရုမစိုက်လေတော့ဘူး...
ဆိုလိုတာက နိုအာဟာ မာ့ခ်ဝေါ်လ်တာပိုင်ဆိုင်သမျှကို အမွေရရှိလာဖို့ကိုသာ အာရုံစိုက်လေပြီး- သူ့အဖေဆီက ဂရုစိုက်မှုမှန်သမျှကို အာရုံမစိုက်လေတော့တဲ့ ပုံစံဖြစ်သွားခဲ့လေတယ်...

လက်ရှိ ဆယ်နှစ်အရွယ် နိုအာ ဝေါ်လ်တာဟာတော့ ကွဲပြားလွန်းလှလေတယ်...လက်ရှိ မီယာ့ရဲ့ စောင့်ရှောက်မှုအောက်မှာ ဒီကောင်လေးဟာ ထက်မြက်ထူးချွန်စွာနဲ့ ကြီးပြင်းလို့လာလေတယ်... မီယာဟာ နိုအာ့ကို ချစ်ခြင်းမေတ္တာတွေ၊ ဂရုစိုက်မှုတွေနဲ့ အလေးပေးမှုတွေကို ဖောဖောသီသီပေးအပ်ထားတာကြောင့် နိုအာ လေးဟာလည်း ကြင်နာတတ်သူတစ်ယောက်အဖြစ် ကြီးပြင်းလာတော့တာပေါ့... သူ့အမေကိုဆို နိုအာဟာ လေးစားရုံသာမက လွန်လွန်ကျူးကျူးဖြစ်လောက်အောင်လည်း ကာကွယ်ပေးလေတယ်...

3. ဒုတိယ ဇာတ်လိုက်အားရွေးချယ်ခြင်း ARC-2 (အန်ဒိုခိုင်း)Nơi câu chuyện tồn tại. Hãy khám phá bây giờ