အခန်း (၂၀) အန်ဒိုခိုင်း

22.2K 1.9K 61
                                    

Zawgyi

မီယာ့ဆီက နှလုံးနာကြင်ဖွယ်ရာ ဖွင့်ဟ၀င်ခံချက်အပြီးမှာတော့ မာ့ခ်ဝေါ်လ်တာဟာပြောင်းလဲသွားလေတော့တယ်... ရုတ်တရတ်ဆိုသလိုပါပဲ မီယာကလာ့ခ်နဲ့ ပတ်သတ်ခဲ့ရတဲ့ ဆိုးရွားတယ်လို့ သူထင်ခဲ့တဲ့ အမှတ်တရတွေဟာ တစ်စုံတစ်ခုအဖြစ် ပြောင်းလဲသွားတော့တယ်-ခံစားရခက်လှတဲ့ နားလည်မှုလွဲမှားခဲ့ခြင်းအဖြစ်ပါပဲ...

ယဉ်ကျေးသိမ်မွေ့မှုမရှိ မသန့်စင်ခဲ့တဲ့ မီယာကလာ့ခ်လို့တချိန်တုန်းက သူထင်ခဲ့တာဟာ တကယ်က စိုးရိမ်ကြောင့်ကြနေခဲ့ရတဲ့ နုံအအ အမျိုးသမီးတစ်ယောက်ပါပဲ... မာ့ခ်ဝေါ်လ်တာဟာ ဒီအမျိုးသမီးသူ့ကို အရမ်းချစ်ခဲ့တာကိုတော့ သိနေခဲ့ပေမယ့် သူမအခုလို တဲ့တိုးမပြောခင်အထိ ဘယ်လောက်တောင်ချစ်ခဲ့သလဲဆိုတာ သတိမထားမိခဲ့ဘူး...

အဲ့ဒီတုန်းက သူယုံကြည်ခဲ့တာကတော့ သူမဟာ သူ့ရဲ့ငွေတွေကို မက်နေခဲ့တာဆိုတာပဲဖြစ်ပြီး- သူမပြောတဲ့ သူပိုက်ဆံမရှိခင်ကတည်းက သူ့အကြောင်းသိခဲ့ရတာဆိုတဲ့စကားကို ကြားရချိန်မှာတော့ ရုတ်တရတ် သူ့လုပ်ရပ်တွေ ရယ်စရာကောင်းခဲ့မှန်း နားလည်လို့လာလေတယ်...

သူ့နှလုံးသားကို ပိုပိုပြီး အပြစ်ရှိစေတာကတော့ သူမအပေါ် ဒီတစ်လျှောက်လုံး သူဘယ်လိုခံစားနေခဲ့ရတယ်ဆိုတာကို သူမသိနေခဲ့တယ်ဆိုတဲ့အချက်ပါပဲ... သူမဟာ သူမချစ်ဘူးဆိုတာကိုလည်းသိတယ်... ဒါပေမယ့် သူ့ကိုပဲ ရူးမိုက်စွာဖက်တွယ်ထားခဲ့လေတယ်... သူမကြောင့် သူရှက်နေရပြီး တစ်ခါမှ ပွဲတက်ဖို့ ခေါ်မသွားခဲ့ဘူးဆိုတာကိုလဲ သူမ သတိထားမိနေလေသေးတယ်...

အမျိုးသမီးတစ်ယောက်ဟာ ယောကျာ်းတစ်ယောက်အတွက် ဘယ်လောက်တောင်တိတ်တဆိတ် အနစ်နာခံနေရမှန်း ထိုအမျိုးသားကိုယ်တိုင်ဟာ နားလည်သွားတဲ့အခါမှာတော့ သူအသိရှိလာတဲ့အခါကျရင် တုန်လှုပ်သွားရမှာ သဘာဝကျတဲ့ကိစ္စပါပဲ...

မီယာဟာ သူမခံစားခဲ့ရတာအားလုံးကို အလင်းဖွင့်ပေးလိုက်ရင်း မာ့ခ်ဝေါ်လ်တာကို ထိုအကြောင်းအရာတွေထဲမှာ နစ်မွန်းစေလေကာ ပြန်မထူနိုင်အောင် လုပ်ဆောင်ခဲ့လေတယ်...

3. ဒုတိယ ဇာတ်လိုက်အားရွေးချယ်ခြင်း ARC-2 (အန်ဒိုခိုင်း)Where stories live. Discover now