Zawgyi
Ring~~~
Lunch time အတွက်မြည်လာတဲ့ bell သံကြောင့် ကျွန်တော်တို့သူငယ်ချင်းတစ်စု ကန်တင်းဆီကိုချီတက်ပါတော့မည်.. MinSeok ကတော့ JongDae လာခေါ်မှာမို့ မလိုက်တော့ဘူးလို့ငြင်းနေသည်.. အဲ့တော့လည်း ကျန်တဲ့သုံးယောက်ကိုခေါ်သွားရုံပေါ့..
" ကဲ..သွားကြစို့ "
ကျန်သူငယ်ချင်းတွေဖြစ်တဲ့ YiXing.. Kris နဲ့ Tao တို့ကိုခေါ်ပြီး MinSeok ကိုနှုတ်ဆက်ကာ အခန်းထဲကထွက်လာခဲ့ပါသည်..
စကားတစ်ပြောပြောနဲ့ ရယ်မောစနောက်ရင်းသွားရာမှ ကော်ရစ်ဒါတစ်ခုကိုချိုးလိုက်ရင်ပဲ ကျွန်တော့်ရင်တွေ စုတ်ပြတ်သွားစေမယ့်မြင်ကွင်းကစောင့်ကြိုနေခဲ့သည်..
ကာယကံရှင်တွေတော့မသိ.. ဘေးမှမြင်ရသည့်လူတွေတောင် ရဲရဲမကြည့်ဝံ့သည့်အပြုအမူမျိုးကို သူလုပ်နေသည်
သူ..ဆိုတာကတော့ Park ChanYeol လို့ခေါ်သည့်... ကျွန်တော် Byun BaekHyun ရဲ့တစ်ဖက်သတ်ဆိုင်ရတဲ့ ပိုင်ဆိုင်မှုပါပဲ..ဆိုင်သာဆိုင်မပိုင်ဘူးဆိုသည့်စကားအား မိဘတွေကသားသမီးတွေအိမ်ထောင်ကျသွားသည့်အခါ ပြောလေ့ရှိတဲ့စကားလို့ ကျွန်တော်ကြားဖူးသည်..
ဒါပေမယ့်ဒီစကားက သူနဲ့ကျွန်တော့်အတွက်သီးသန့်ဆိုထားသလိုပင် .. သူ့ကိုလက်ထပ်ထားတဲ့အတွက် ကျွန်တော်နဲ့သူကသက်ဆိုင်သည်.. သို့ပေမယ့်ကျွန်တော်သူ့စိတ်ကိုမပိုင်ပေ..
သူ့စိတ်ကိုရော.. သူ့နှလုံးသားကိုရော.. သူ့ရဲ့အရာအားလုံးကိုပါ ကျွန်တော်မပိုင်ဆိုင်ပါ.. ကျွန်တော်ဟာသူ့ရဲ့နာမည်ခံအိမ်ထောင်ဖက်ယောက်ျားသက်သက်သာ..
အခြေအနေကိုရိပ်စားမိသွားသည့်သူငယ်ချင်းတွေက ကျွန်တော်ဘာမှပင်မပြောလိုက်ရ.. YiXing တစ်ယောက်ချက်ချင်းပဲ ကျွန်တော့်ရဲ့ခါးကိုဖက်လာသည်..ပြီးတော့သူ့ရင်ခွင်ထဲကိုကျွန်တော့်မျက်နှာအပ်စေလိုက်သည်..