Zawgyi
အိမ်ရှေ့ရောက်တော့ ကျွန်တော်ကားရပ်လိုက်သည်.. ကားပေါ်မှမြန်မြန်ဆင်းကာ BaekHyun ရှိရာဘက်မှတံခါးကိုသွားဖွင့်ပေးလိုက်သည်.. ပြီးတာနဲ့ BaekHyun အားလမ်းမလျှောက်စေတော့ပဲ ထိုင်ခုံမှဆွေ့ခနဲ ပွေ့ချီလိုက်ကာအိမ်ထဲခေါ်သွားပါတော့သည်..
ရုတ်တရက်မို့လန့်သွားသည့် BaekHyun က ကျွန်တော့်ရင်ခွင်ထဲမှာရုန်းကန်လာသည်..
" ဘာ..ဘာလုပ်တာလဲ.. ကျွန်တော်ကိုယ့်ဘာသာကိုယ်လမ်းလျှောက်နိုင်တယ်.. အောက်ချပေးလို့ဆို.."
ခါတိုင်းဆိုတစ်ခွန်းမကျန်ပြန်ပက်နေသည့်နှုတ်ခမ်းလေးက ဒီနေ့မှပိုပြီးချစ်ဖို့ကောင်းနေသလိုခံစားမိသည့်ကျွန်တော် Park ChanYeol .. BaekHyun မမြင်အောင်ကြိတ်ရယ်လိုက်ကာ..
" ငြိမ်ငြိမ်နေနော် ငါပစ်ချလိုက်လို့ ခါးရိုးကျိုးသွားပြီး လမ်းမလျှောက်နိုင်တော့ပဲနေမယ် "
ဆိုကာမှ နှုတ်ခမ်းလေးကိုက်ကာ ပါးစပ်လေးပိတ်သွားသည်.. BaekHyun လက်တွေကကျွန်တော့်လည်ပင်းမှာရစ်တွယ်ကာ တကယ်လွှတ်ချလိုက်မှာကြောက်နေပုံရသည်.. တင်းတင်းခိုထားသည်.. တကယ့်ကလေးလေးပါပဲ..
အိမ်တံခါးကိုခက်ခက်ခဲခဲဖွင့်ဝင်ခဲ့ရပြီး ခြေထောက်နဲ့ကန်ပိတ်ခဲ့ကာ ကျွန်တော့်အိပ်ခန်းဆီတန်းတက်သွားလိုက်သည်..
ရင်ခွင်ထဲကကောင်လေးကတော့ ကြောက်နေတယ်ထင်ပါသည်.. မျက်စိတွေပါတင်းတင်းမှိတ်ထားပြီး ပါးစပ်ကလည်းအဆက်မပြတ် ဘာတွေကိုရေရွတ်နေမှန်းမသိ..
အခန်းတံခါးကိုလော့ခ်ချပြီး BaekHyun အားကုတင်ပေါ်ချပေးပြီးသည်အထိ BaekHyun မျက်စိတွေမှိတ်ထားဆဲ.. ပါးစပ်ကလည်ရွတ်ဖတ်ဆဲ..
ကျွန်တော်ရယ်ချင်လာတာမို့ BaekHyun အပေါ်ကနေအုပ်မိုးကာ ကြောက်နေသည့်မျက်နှာလေးကိုကြည့်ရင်း တစ်ချက်ရယ်လိုက်မိသည်..