Zawgyi
" ya.. မင်းကိုတစ်ခုခုလုပ်ရင် ငါတို့ကိုဖုန်းဆက်နော် ကြားလား? ချက်ချင်းလာထိုးမှာ မင်းဘိုးတော်ကို "
အငယ်ဆုံးလေး Tao ရဲ့စိတ်မချသံကြောင့် ကျွန်တော်အားတွေတောင်တက်လာသလိုပါ.. တစ်ချက်ရယ်ပြလိုက်ပြီး..
" အေးပါကွာ.. မင်းတို့ကိုလှမ်းခေါ်လိုက်မယ် ဟုတ်ပြီလား.. ဘိုင့်ဘိုင် "
ကျွန်တော်နှုတ်ဆက်ပြီးထွက်လာတော့ အခန်းပေါက်ဝတွင်သူလည်းကျွန်တော့်လိုပင် လွယ်အိတ်ကိုလက်တစ်ဖက်နဲ့လွယ်ထားပြီး ကျွန်တော့်ကိုမျက်ထောင့်နီကြီးဖြင့်စောင့်ကြိုနေသည်..
ကျွန်တော်သူ့အနားရောက်တာနဲ့ ကျွန်တော့်လက်ကောက်ဝတ်ကို အားပြင်းပြင်းနဲ့ဆောင်ဆွဲတာခံလိုက်ရကာ မပြေးရုံတမယ်လမ်းလျှောက်နှုန်းနဲ့လျှောက်သွားသည့်သူ့နောက် ကျွန်တော်ချော်မလဲရုံတမယ်လိုက်ရသည်.. သိပ်ကိုရုပ်ပျက်လှသည်.. ဝိုင်းကြည့်နေသည့်လူတွေကြောင့် ကျွန်တော်ရှက်လည်းရှက်မိသည်..
" ခင်များဘာလုပ်တာလဲ.. ဖြေးဖြေးလုပ်လို့မရဘူးလား .. ကျွန်တော့်ကိုအရမ်းမဆွဲနဲ့.. အခုရောဘယ်သွားနေတာလဲ "
" မင်းပါးစပ်ကိုပိတ်ထား!! နားငြီးတယ်!!"
နောက်ဆုံးတော့ကျွန်တော်ကားပေါ်ကို အတင်းတွန်းထည့်တာခံလိုက်ရသည်.. ပြီးတော့သူပါတစ်ဖက်ကမောင်းသူနေရာမှာ ဝင်ထိုင်လာပြီးမောင်းထွက်လာခဲ့သည်..
လမ်းတွေဟာတဖြည်းဖြည်းနဲ့ဝေးလာသည်.. ဒါကျွန်တော်တို့အိမ်ပြန်သည့်လမ်းလည်းမဟုတ်ပါ..
ဒါဆိုသူဘယ်ကိုမောင်းနေသည်လဲ.. ကျွန်တော့်ဘေးမှာကားကိုအကြမ်းမောင်းနေသည့်သူ့မျက်နှာအား လှည့်ကြည့်မိတော့ မျက်မှောင်ကုပ်ထားပြီးနှုတ်ခမ်းတွေကိုတင်းတင်းစေ့ထားသည်.. ဒေါသထွက်နေသည်မှာအတိုင်းသားပင်မြင်နေရသည်..