နောက်တစ်နေ့မနက်.......
"ဖွားးရေ သားကျောင်းသွားတော့မယ်"
"တယောက်ထဲသွားမလို့လား မြေးရဲ့"
"ဟုတ်ဖွား သူငယ်ချင်းတယောက်လာခေါ်မှာ"
"အော် အေးပါ အေးပါ ဂရုစိုက်သွားနော်မြေးလေး"
"ဟုတ်ဖွား တာ့တာ"
ခြံအပြင်ရောက်တော့
"ခန့်လေး ကျောင်းသွားမလို့လားကိုလိုက်ပို့မယ်လေ"
"ရတယ် ကိုကြီး ကျောင်းကအကိုတယောက်လာခေါ်မှာ"
"အကိုတယောက်...?"
"ဟုတ် 😁"
"ကျောင်းသွားမို့တောင်လာကြိုတယ်ဆိုတော့ တော်တော်ရင်းနှီးတယ်ထင်တယ် "
"ဟို..."
"ဒါပေါ့ တော်တော်လေးကိုရင်းနှီးတာ ငါတို့နှစ်ယောက်ကချစ်သူတွေလေ"
ကလေးကိုလာကြိုတော့မြင်လိုက်ရတဲ့မြင်ကွင်းက ခြံရှေ့မှာ ဟိုအကောင်နဲ့ဘာတွေပြောနေမှန်းမသိဘူး အနားရောက်တော့မှအဲ့အကောင်ကကိုနဲ့ကလေးအကြောင်းကိုမေးနေတာ ကလေးကလဲတဟိုဟိုဖြစ်နေလို့စိတ်မရှည်တာနဲ့ ဖြေချလိုက်တယ်
"ဟင် ကိုကို"
"နေမင်းတံခွန်!!!"
"ဘာလဲ မင်းကငါ့ကိုသိလို့လား?"
"ဟက် သိတာပေါ့ မင်းရဲ့သတင်းတွေကအရမ်းမွှေးတော့ငါတို့ကျောင်းတွေအထိရောက်တယ်လေ" တကယ်တော့ခွန်းက မေသခင်အမြဲတမ်းပြောပြနေလို့နေမင်းသခင်ကိုသိနေတာပါ
"ဘာသတင်းတွေလဲ?"
"မင်းရည်းစားဘယ်လောက်ရှုပ်ကြောင်း ဘယ်လောက်ဆိုးကြောင်းတွေပေါ့"
"အဲ့ဒါငါ့ကိစ္စပါ မင်းနဲ့မဆိုင်ဘူး"ဆိုပြီး စစ်သွေးပခုံးကိုဖက်လိုက်ပြီး "မင်းသာကလေးနဲ့ဝေးဝေးနေ"
"မင်းပြောတိုင်းငါကနားထောင်ရမှာလား ခန့်လေးကငါ့ညီလေးကွ"
"ဟက် ညီလေးဆိုတာသေချာရဲ့လား"
"ဘာ! "
"မင်းဖက်ကညီလေးထက်မပိုတာသေချာလား"
YOU ARE READING
နေမင်းဖန်ဆင်းသော စစ်
Romanceဒီ Fic လေးက ငယ့်ရဲ့ပထမဆုံး fic လေးပါ ဝေဖန်ပေးကြပါအုံးနော်💕