မနေ့ကခွန်းတယောက်အရေးကြီးပြောစရာရှိတယ်ဆိုပြီးချိန်းထားလို့မေသခင်တယောက် coffee ဆိုင်မှာ စောင့်နေလေသည်
"ဟူးး မေ ရောက်နေတာကြာပြီလား မောလိုက်တာဟာ"
"ကြာပြီပေါ့ ငါကခဏနေလို့မှနင်ရောက်မလာရင်ပြန်တော့မလို့"
"အေး ငါလဲမြန်မြန်လာတာပဲ ကားတွေအရမ်းကျပ်နေလို့ပါဟာ"
"အေးပါ ထားတော့ နင်ပြောစရာရှိတယ်ဆိုတာက?"
"အွန်း ပြောစရာရှိတယ် အရေးကြီးတယ်"
"အွန်း ပြော"
"နင်နဲ့နေမင်းတံခွန်နဲ့ကမိဘချင်းသဘောတူထားတာလို့ပြောဖူးတယ်မလား?"
"ဟင် အေးလေ ဘာဖြစ်လို့လဲ"
"အဲ့ဒါကို နေမင်းတံခွန်ဖက်ကရော လက်ခံလား"
"သူကသိတောင်မသိလောက်ဘူး"
"ဟင် ဘယ်လို"
"အေး ငါ့မိဘတွေပြောနေတာကိုငါကမတော်တဆကြားခဲ့တာ မေမေတို့ကကျောင်းပြီးမှငါတို့ကိုပြောပြီး စီစဉ်မလို့တဲ့"
"အော် နင်ရော နေမင်းတံခွန်ကိုကြိုက်လား"
"ငါလား ငါသူ့ကိုကြိုက်တာမဟုတ်ဘူးဟ မြင်ကထဲကချစ်မိသွားတာ ဟီးး"
"ဒါနဲ့ နင်ကဘာလို့တံခွန်ရဲ့အကြောင်းတွေကိုပဲမေးနေရတာလဲ""ငါမေးတာတွေသာဖြေပါဟာ ပြီးရင်နင့်ကိုပြောပြမယ်"
"အင်း ဘာမေးအုံးမလို့လဲ"
"တကယ်လို့ နေမင်းတံခွန်မှာ ချစ်သူရှိနေရင်ရော"
"ဟက် ဘာများလဲလို့ခွန်းရယ် နေမင်းတံခွန်မှာချစ်သူရှိတာဆန်းလို့လား သူကမိန်းကလေးတွေကိုတပတ်တောင်ကြာကြာမတွဲတာကို နောက်ဆုံးတော့သူ့ကိုငါပဲပိုင်ရမှာပဲလေ"
"ကျစ် မဟုတ်ဘူးမေရဲ့ ငါမေးတာကနေမင်းတံခွန်တကယ်ချစ်တဲ့လူကိုတွေ့သွားရင်ရောလို့"
"ဟင် သူတကယ်ချစ်တဲ့လူ..... ဟင့်အင်း သူတကယ်ချစ်တဲ့လူမရှိလာစေရဘူး သူကငါ့အပိုင်ပဲ သူတကယ်ချစ်တဲ့လူရှိလဲ ငါကရအောင်ယူမှာ"
"တကယ်တော့ နေမင်းတံခွန်အခုတွဲနေတဲ့သူကယောက်ျားလေးဟ"
"ဘာ!!! ယောက်ျားလေး ဟုတ်လာ?"
YOU ARE READING
နေမင်းဖန်ဆင်းသော စစ်
Romanceဒီ Fic လေးက ငယ့်ရဲ့ပထမဆုံး fic လေးပါ ဝေဖန်ပေးကြပါအုံးနော်💕