မနေ့က ကလေးကိုနှစ်သိမ့်ပေးပြီးအိမ်ပြန်လာတော့ ကြားလိုက်ရတဲ့ သတင်းက နောက်အပတ်တနင်္ဂနွေနေ့ စေ့စပ်ရတော့မယ်တဲ့
ဘယ်လိုလုပ်ပြီးကလေးကိုပြောရပါ့မလဲ မနေ့ကတောင်မေသခင့်အကြောင်းတွေကြားပြီး ငိုနေတာကို ပြီးတော့စိုးရိမ်ပြီးပြောရှာသေးတာ မင်းသခင်ကသူ့အစ်မကို သတိထားဖို့ပြောတယ်တဲ့
ဟူးး တနေ့နေ့တော့စေ့စပ်ရမယ်မှန်းသိပေမယ့် အခုလိုမြန်မြန်ဆန်ဆန်ကြီးကျတော့ ဘာလုပ်လို့ဘာကိုင်ရမှန်းကိုမသိတော့တာ
************************************
"မမ တကယ်ကြီး ကိုနေမင်းတံခွန်နဲ့စေ့စပ်တော့မလို့လား"
"ဒါပေါ့ ငါကငယ်ငယ်လေးထဲကလိုချင်တာတွေကို ရအောင်ယူလာခဲ့တာပဲ ဒီတခါလဲငါလိုချင်တာကိုရအောင်ယူမှာ"
"ကိုနေမင်းတံခွန်က မမကိုမချစ်မှန်းသိရက်နဲ့ မိုက်ရူးရဲဆန်မလို့လား"
"တံခွန့်ဖက်ကချစ်စရာမလိုဘူး ငါ့ဖက်ကချစ်နေရင်ရပြီ"
"မမဖက်ကချစ်တယ်ဆိုတာကရော သေချာလို့လား မမလိုချင်တာတခုထဲအတွက်နဲ့ ချစ်သူနှစ်ယောက်ကိုမရက်စက်လိုက်ပါနဲ့ဗျာ"
"တိတ်စမ်း မင်းသခင် ငါကတော့ဘယ်သူ့ကိုမှဂရုမစိုက်ဘူး ငါလိုချင်တာကိုရအောင်ယူမှာ ငါလိုချင်တဲ့ပစ္စည်းကိုငါမရရင် တခြားသူလဲ မရစေရဘူး ငါကဖျက်စီးပစ်မှာပဲ"
"နင့်အတ္တတွေကိုနည်းနည်းလျှော့ပါမမရာ နောက်မှနင်နောင်တရလိမ့်မယ်"
"နောင်တ? ဟက်ငါ့ဘဝမှာဘယ်တော့မှနောင်တဆိုတဲ့ စကားလုံးရှိလာမှာမဟုတ်ဘူး"
************************************
"ဖွား စစ်သွေးရှိလား"
"မြေးလေးကအပေါ်မှာမြေးရဲ့ တက်သွားလေ"
"ဟုတ်ဖွား ဒါဆိုသားသွားလိုက်အုံးမယ်"
ဒေါက်........ဒေါက်
"ခလေးရေ""ဗျာ..ကိုကိုလား ဝင်လာခဲ့လေ"
နေမင်းဝင်လာတော့ သူ့ခလေးကမှန်ရှေ့ထိုင်ပြီး ပြင်ဆင်နေရှာတာ
"မပြီးသေးဘူးလားခလေးလေး"
"ပြီးပါပြီကိုကိုရဲ့ သွားကြတော့မလား"
YOU ARE READING
နေမင်းဖန်ဆင်းသော စစ်
Romanceဒီ Fic လေးက ငယ့်ရဲ့ပထမဆုံး fic လေးပါ ဝေဖန်ပေးကြပါအုံးနော်💕