[The End...]

11.3K 848 165
                                    

Third person view~

" Namjoon~ ဘာဖြစ်လို့လဲ? အထဲဝင်မယ်လေ "

Jinက ပြောလိုက်တော့ Namjoon က ခေါင်းခါပြရင်း Jin
ရယ့်လက်ကို ဆွဲလိုက်ရင်း သူ့ရယ့်ကားဆီကို ပြန်ထွက်လာလိုက်
သည်.....သို့သော် Company ရှေ့၌ ရပ်နေသော Shownu
က သူတို့ကို တွေ့သွားလေသည်....

" Namjoon? "

"ကားထဲမှာစောင့်နေ Princess"

Namjoon ရယ့်စကားကြောင့် Jinလည်း ဘာကြောင့်လဲဟု မေး
လိုက်ချင်ပေမယ့် ခါတိုင်းနဲ့မတူသော Namjoon ရယ့်serious
ပုံစံကြောင့် သူလည်း ကားထဲကိုသာ ဝင်ထိုင်လိုက်သည်....

" Jeongguk ဆီလာတာလား? "

" ဟုတ်တယ်....တစ်ခုခုမှားနေတယ်~ ဘာတွေဖြစ်ထားတာလဲ
Shownu? "

" Taehyung......သူ့ကို JM ပြန်ပေးဆွဲသွားတယ် ~
အခု Jeongguk က တည်နေရာ ကို သိပြီမို့လို့ လိုက်သွား
ပြီ "

Shownu ရယ့် စကားကြောင့် Namjoon လန့်သွားလေသည် ~
ဒါကို Jin သိရင် သူဘယ်လိုဖြေရှင်းရမလဲ သူမသိပါ....ဒါထက်
Taehyung အတွက်လည်း စိတ်ပူမိသည်....

JM အကြောင်းကို သူကြားဖူးသည်.....အဲ့ Serial killer
သည် ပျောက်သွားကြာပြီကို ဘာလို့ အခုမှ ပြန်ပေါ်လာတာလဲ?
အကြောင်းမဲ့ Taehyung ကို ဘာလို့ပြန်ပေးဆွဲတာလဲ?
Jeongguk နဲ့လည်း သူက ရန်ငြိုးမရှိပါ....

" Jeongguk တစ်ယောက်တည်းသွားတာလား? "

" ဟုတ်တယ် ~ ငါတို့ လိုက်မယ်ပြောတာကို သူက လုံးဝ နားမထောင်
ဘူး Namjoon.....ဒါပေမယ့် ငါChangkyun ကို နောက်ယောင်
ခံလိုက်သွားခိုင်းထားတယ်...ထူးဆန်းတာက Jeongguk သူဘယ်လို
တည်နေရာကို ချက်ချင်းသိလဲမသိဘူး? "

Shownu က နားမလည်စွာ ပြောလိုက်တော့ Namjoon
လည်း ပြုံးလိုက်ရင်း....

" Taehyung ရယ့် Tattoo နားမှာ ခြေရာခံစက်တစ်ခု Jeongguk
ထည့်ထားခဲ့တာလေ "

" Shit! ဒီကောင် ဥာဏ်ကောင်းတာပဲ "

" သူက Jeongguk ပဲလေ "

Namjoon သူ့ သူငယ်ချင်းကို ဂုဏ်ယူစွာ ပြောလိုက်သည်....မကြာလိုက်
သူတို့ ရှေ့ကို ရပ်လာသော ကားတစ်စီး.....ကြည့်စရာမလိုအောင်
Jeongguk ရယ့် ကားမှန်းသိသာလှသည်.....

Psychotic Bunny (KOOKV)✔Where stories live. Discover now