Taehyung~
"Click! "
ကြားလိုက်ရတယ့် တံခါး ဖွင့်သံကြောင့် ကျွန်တော် အိပ်နေရာမှ
နိုးသွားရသည်....အစက Jeongguk ထင်၍ ဆက်အိပ်မလို့
ပြင်နေပေမယ့် အနားရောက်လာသည့် ခြေသံသည် Jeongguk
မဟုတ်မှန်း သိလိုက်ရတာကြောင့် ကျွန်တော် ထထိုင်လိုက်မိ
သည်.....Jeongguk ရယ့် ခြေသံကို မှတ်မိနေတာလား လို့ ကျွန်တော့်
ကို မမေးနဲ့! ကျွန်တော် ကိုယ်တိုင်တောင် ဘာလို့ မှတ်မိနေမှန်း
မသိ!" Park Jimin? "
Park Jimin ကို အခန်းထဲမှာ တွေ့လိုက်ရတာကြောင့် ကျွန်တော်
သူ့ကို ကြောင်ကာ ကြည့်နေမိသည်....သူက ကျွန်တော့် အခန်း အဲ!
Jeongguk အခန်းထဲကို ဘာလာလုပ်တာလဲ? သေချာတာတစ်ခု
ကတော့ Jeongguk ကြိုက်မှာ မဟုတ်...." Annyeong taehyung"
"အာ...Annyeong, Park Jimin? "
"Oh! ငါ့ကို Jimin လို့ပဲခေါ်ပါ....Jeon တွေက ရိုင်းလွန်းတာ
ကြောင့် ငါ့ကို မျိုးရိုးတက်ခေါ်တာ....မင်းကတော့ ငါ့သူငယ်ချင်း
ဖြစ်နိုင်တာကြောင့် ကြိုက်သလိုခေါ်"Jimin ကပြောရင်း ကျွန်တော့်ဘေးနား၌ ဝင်ထိုင်လိုက်တာ
ကြောင့် ကျွန်တော်လန့်သွားပြီး နည်းနည်းရွေ့သွားမိသည်....
ဘာလို့လဲ မသိပေမယ့် Jeongguk နဲ့ ကျွန်တော့်အစ်ကို
က လွဲရင် skinshipတွေ သိပ်အဆင်မပြေ! Jeongguk
ကတော့ သူနဲ့က ငယ်ငယ်တည်းကပေါင်းလာတာမို့ သိပ်ကိစ္စ
မရှိပါ...." Taetae, ငါမင်းကိုဘာမှ မလုပ်ပါဘူး....မကြောက်နဲ့နော်"
" J-Jimin, မင်းကို Jeongguk တွေ့သွား-- "
" ကျစ်! အဲ့လောက်ကြောက်မနေနဲ့ Tae, သူတို့လည်းလူ ငါလည်း
လူပဲ...ပြီးတော့ Jeon က သူ့အစ်ကိုရယ့် လူကိုတော့ မသတ်လောက်
ပါဘူး"Jiminက ပြောလိုက်တော့ ကျွန်တော် ခေါင်းသာငြိမ့်ပြလိုက်သည်...
ဒါပေမယ့် စိတ်တော့ပူမိသည်....Jeonggukစိတ်တိုတာကို
ကျွန်တော် မလိုလားပါ....လူတိုင်းက စိတ်တိုဒေါသထွက်ရင်
အမှား လုပ်တတ်သည်လေ......

ESTÁS LEYENDO
Psychotic Bunny (KOOKV)✔
Fanfic" I will fucking kill everyone just to keep you , Angel" 🍒 (Zawgyi+unicode✓)