1) Bewitched by Innocence

15.1K 959 60
                                    

[ ဒီ အပိုင်းတွေဟာ မူရင်း ဝတ္ထုနဲ့ မသက်ဆိုင်ပါဘူး
ကျွန်တော့်ရဲ့ အတွေး စိတ်ကူးယဉ်ခြင်းသာ ]

⋆ ⋆ ⋆ ⋆ ⋆ ⋆ ⋆ ⋆ ⋆ ⋆ ⋆ ⋆ ⋆ ⋆ ⋆ ⋆


ညအခင်းသည် တိတ်ဆိတ်စွာ နူးညံ့၏

ငွေ့ငွေ့မှုန်ရီသော တိမ်ဖြူလွှာအချို့ ကောင်းကင်ယံမှာ ဝဲလွင့်နေခြင်းက
အိပ်မောကျနေသော လောကကြီးကို မှော်ဆန်ဆန် လှပနေစေသည်။

လရောင် ဖြာဆင်းသက်သော ရေကန်ငယ်ဟာလည်း
ပန်းခရမ်းကြာပွင့်တို့နှင့် နှစ်လိုဖွယ်အဆင်းတည်ချေသည်။

ဖြူစင်ရှင်းသန့်ကာ ငြိမ်သက်လှပခြင်းကို နှစ်သက်သော
တမန်တော်တပါး၏ ဖန်ဆင်းခြင်းဟု အမည်တပ်ရလောက်သည်အထိ
အေးချမ်းဆိတ်ငြိမ်သော ယွင်မုန်ကျန်း၏ တည်နေရာ ရေကန်သာ။

ထိုနတ်ပြည်နန်းငယ်မှာ ယခုမူ ခရမ်းဖျော့ရောင်ယှက်သော သွေးစက်နီတို့နှင့် ဆင်ယင်ခြင်းခံထားရ၏။
လပေါင်းအတန်ငယ် ကုန်လွန်ပြီးသော်လည်း ဂိုဏ်းသားညီအစ်ကိုမောင်နှမများ၏ စတေးခံရခြင်းများဖြင့် အနီဖျော့ဖျော့ စွန်းထင်းကျန်နေသေးသည်လေ။

ပြန်လည်ရှင်သန်ရန် အားယူနိုးထနေကြသော ကြာဖူးကြာနွယ်များသည်ပင်
နဂိုအသွေး ပန်းခရမ်းရောင် မတည်နိုင်သေး။

သို့၌လည်း ဤဘဝ မကုန်ဆုံးသေးသရွေ့
ဆက်လက်ရပ်တည်ရပေဦးမည်မို့
ကျန်ရစ်သူလူသားတစု၏ ကြိုးပမ်းနေမှုကြောင့်
များမကြာမီ ခိုလှုံဖွယ်ရာ ရိပ်မြုံတခု ဖြစ်ထွန်းလာပေဦးမည်။

ဝမ်းနည်းတတ်သော ထိုလူသားများ၏ နှလုံးသားများကတော့
နာကျင်ခြင်းဖုံးလွှမ်းလို့ ယခင်အတိုင်းနှယ် မဖြစ်နိုင်တော့သည်က
သာ၍ အောင့်မျက် နာကျင်ဖွယ်အမှုပြုချေ၏။

ညဥ့်လယ်သွေးသော လေပြေ၌ ပုလွေသံဖျဖျ ပျံ့လွင့်လို့လာသည်။
သာယာသော သိမ်မွေ့ပျော့ပျောင်းသော သံစဉ်၌
ကြေကွဲဝမ်းနည်းခြင်း တစွန်းတစ ရောယှက်နေသည်ကို
နူးညံ့လှစွာ ကြားယောင်နိုင်သေး၏။

တချို့သော နာကျင်ခြင်းတွေဟာ
တခါတရံ လှပနေတတ်သကဲ့သို့ . . .
လရောင်ဆမ်းသော ကြာပန်းပွင့်တို့အနား ထိုင်လျက်
လွမ်းဆွေးသံစဉ်အား ကျူးရင့်နေသော
အဖြူရောင် လူသား၏ မျက်နှာဟာလည်း
နှစ်လိုဖွယ်ကောင်းစွာ ခန့်ညားနေလေသည်။

𝐌𝐨 𝐃𝐚𝐨 𝐙𝐮 𝐒𝐡𝐢 [𝐂𝐨𝐦𝐢𝐜𝐬 & 𝐒𝐭𝐨𝐫𝐢𝐞𝐬] ✔️Where stories live. Discover now