( မူရင်းဇာတ်လမ်းမှ သွေဖယ်သော)
🖤
ကြာပန်းတို့၏ မြို့တော်ကန်သာတွင် ထိပ်သီးအဆင့်မှော်သိုင်းသမားများသာမက ကျင့်ကြံစ သိုင်းသမားအကောင်ပေါက်ကလေးများပါ ခြေချင်းလိမ်နေကြသည်။
ထိပ်သီးဂိုဏ်းများ၌ တခုအပါအဝင်ဖြစ်သော ကျန်းဂိုဏ်း၏ ရုံးစိုက်ရာ ကြာပင်နန်းနွယ်ခန်းမတွင် အစည်းအဝေးတခု ကျင်းပလျက်ရှိ၏။
သူတော်ဂိုဏ်းပေါင်းစုံ၏ အကြီးအကဲများ တက်ရောက်လျက်ရှိသည်မို့ ခမ်းနားထည်ဝါခြင်းက ထိုခန်းမအား လွှမ်းခြုံလျက်။
သာမန်လူများ အမှတ်တမဲ့ ဝင်လာမိပါက ကျောစိမ့်၍ အေးခဲသွားစေလောက်မည့် အရှိန်အဝါတို့နှင့်။" ဝမ်မျိုးနွယ်လက်ပါးစေတွေကို ရှင်းပစ်သင့်တယ်လို့ ကျွန်တော်ကတော့ အဆိုပြုမယ် "
" ဖုတ်ကောင်တွေကလည်း သတ်မကုန်နိုင်ဖြစ်လာတာ ဝမ်ခွေးတွေကို စစ်သားအဖြစ် အသုံးပြုတာ ကောင်းမလား "
" အဲ့ဒါထက် အရေးကြီးတာက ရီလင်းမြို့အနီးနားက ရွာတွေမှာ ပူးကပ်ခံရသူတွေ များလာတာပဲ . . ဒါကို အရင်ဖြေရှင်းသင့်တယ် ထင်တယ် "
" ဘာပဲဖြစ်ဖြစ် ဝမ်တွေကို သုံ့ပန်းလို အသုံးချတာ အဆင်ပြေနိုင်တယ်
အလကားသတ်ပစ်မယ့်အတူတူ အကူအညီ ဖြစ်တာပေါ့ "" မင်းရဲ့ ဝမ်ခွေးတွေက ဖုတ်ကောင်တွေကို သတ်ပါ့မယ်လို့ မင်းဆီမှာ သစ္စာခံထားလို့လားကွ!! "
" ဘာကို ငါ့ရဲ့ဝမ်ခွေးတွေလဲ! မင်း အပြောအဆို အတင့်ရဲလှချည်လား!! "
" အားလုံး တိတ်ကြစမ်း . . . ကလေးတွေလား . . .
အကြံကောင်းဥာဏ်ကောင်း ထွက်မလာဘဲ ရန်ဖြစ်နေရအောင်
အကောင်းဆုံးအဖြေတခုကိုသာ ဝိုင်းစဉ်းစားကြစမ်းပါ "ဆွေးနွေးခြင်းမှအစ ညှိနှိုင်းခြင်းပါ အဆင်မပြေကာ ထသတ်ကြတော့မည့်အဆင့် ရောက်သွားတော့သည်။
ထစ်ခနဲဆို ဒေါသထွက်တတ်ကြတဲ့ ဂိုဏ်းခေါင်းဆောင်များအား ဘယ်ပုံ ပြုပြင်ပေးရမည် လန်ဟွမ် မသိ။
နေမင်းကို ဖြိုခွင်းပြီးပြန်တော့လည်း ကျန်ရစ်သည့် ပြဿနာများက မနည်းမနော။
အထူးတလည် လိုက်လံစည်းရုံးကာ ဖြစ်မြောက်လာသည့် နျဲ့မင်ကျွယ်၏ စုဝေးပွဲကလည်း ဒေါသတွေကလွဲ စည်းလုံးမှုမရှိပြန်တော့ စိတ်အတော်ပျက်သွားရသည်သာ။
BẠN ĐANG ĐỌC
𝐌𝐨 𝐃𝐚𝐨 𝐙𝐮 𝐒𝐡𝐢 [𝐂𝐨𝐦𝐢𝐜𝐬 & 𝐒𝐭𝐨𝐫𝐢𝐞𝐬] ✔️
Lãng mạn🖤 Remarkable, Memorable, Valuable, Miraculous Fable 🖤 Just my deeply beloved collections! ~ Sharing and Reposting is strictly forbidden ~ Plz don't, babies. please ~ All of the pictures used in this are respectfully credited to Creators.