မျို ချလိုက်တိုင်းလည်ချောင်းထဲမှာပူရှိန်းရှိန်းရှတတ။ စားစရာတွေကောက်ဝါးတော့လည်းချ ဉ် စုပ်စုပ်မာခေါက်ခေါက်တွေ..ဘာလဲ..၊သူ့လက်ထဲမှဖန်ခွက်ကိုချလိုက်ပြီး မော့လိုက်တော့ နံရံမှာ အရက်ကြော်ငြာကပ်ထားသည့် ပိုစတာထဲက မင်းသမီး..။သူ့မျက်လုံးတွေ သူမထံမှာစူးနစ်သွားခဲ့၏။
'ဒီကောင် အရမ်းမူးနေပြီကွ..ခေါင်းတောင်အနိုင် နိုင်ထူနေတာ..'
'မင်းတို့ကိစ္စနိုင်မှလုပ်နော်..ဒီကောင်ကစိတ်ကြီး
တယ်..''ငါလုပ်တာမဟုတ်ဘူး.'
'ဟုတ်တယ်..ဖြစ်ပြီဆိုရင်တော့ ရှော့ခ်အကြီးကြီးဘဲ'
ဘေးကစကားသံတွေနားထဲကိုဝင်လာပေ
မယ့်ဘာအကြောင်းတွေဆိုတာ စိတ်ကမှတ်မိသွားလိုက်ပြန်ပျောက်သွားလိုက် ။ သူဘာဖြစ်နေတာလဲ..။မျက်လုံးတွေကိုမှိတ်ပြီး ခေါင်းကို
တအားခါထုတ်ပစ်မိသည်။
ဘယ်လိုလုပ်လုပ် အမြင်အာရုံတွေက
လည်း ဝေဝါးခြင်းကိုတွန်းအားပေးနေကြ၏ ။
လေတိုက်လိုက်တိုင်း အကောင်းစားနိုင်ငံခြား
အရက်နံ့က ရွံ့ရှာဖွယ် နှိပ်စက်၏ ။ သူ့ကိုယ်သူ
မကျေနပ်ပါ ။ မသောက်စားဖူးတဲ့ အရိုင်းလည်း
မဟုတ် ။ များသွားတဲ့အခါ ယိုင်နဲ့နဲ့ပုံပေါက်
အောင်မထိန်းနိုင်တာလည်း ဖြစ်ခဲ့ဖူးသည် ။
ခုကျတော့ သူ့ခြေထောက်တွေလှုပ်တောင်
မလှုပ်ချင် ။ ရင်ထဲမှာ တရှိန်းရှိန်း ထကြွလာသောမီးအပူပေးထားသည့် ရေနွေးအိုးလို။ ဘယ်နှစ်ခါ
ပြန်မော့မော့ မျက်လုံးတွေကလည်း
အရက်ပိုစတာဆီကိုဘဲ ရောက်လေသည်။
အရက်ခွက်ကိုမော့၍မဟတဟကျီ စယ်နေသည့် နူတ်ခမ်းအစုံ။ ပြီးတော့မလုံတလုံ အဝတ်တို့
အောက်က ဖြားယောင်းနေသည့် ကိုယ်ခန္ဓာအလှ ။ သူ့သွေးတွေ ပွက်ပွက်ဆူလာသလိုပင်။
ထိန်းချူ ပ်ရန် ခက်ခဲသည့် ဆန္ဒတစ်
ရပ်သည် လူကို မီးပွားတစ်စလို ချက်ချင်းကြီး
လောင်မြိုင်လာ၏ ။ ဒါ..ရိုးသားရဲ့လား?..
လုပ်ကြံမှုလား?..။သူ့ကိုယ်သူပြန်လည်ဆန်းစစ်
နေစဲ..။
'Nancyဘယ်ပျောက်နေတာလဲ..'
'မသိဘူး..သူလဲရိပ်မိနေပြီထင်တယ်..'
Nancy..။ခေါင်းထဲမှာ မီးတောက်တစ်ခု
ဟုန်းခနဲ လင်းထိန်သွား၏ ။ သူမနှင့်သူတို့..၊
'တောက်..'
သူ့မျက်နှာရှေ့ကတံခါးကြီး ခပ်ဟဟ ပွင့်
လာသည်။ မျက်နှာလေးတစ်ခြမ်းသည် နားဆွဲ
ဝိုင်းလေးလှုပ် ခတ်လျက် Nancyဘဲဖြစ်လေသည်။ဒေါသက ထောင်းခနဲဖြစ်ကာ ထရပ်လိုက်မိသည်။သို့သော်စားပွဲပေါ်မှာခပ်ငိုက်ငိုက်စိုက်ကျ သွားပြီး..၊
'ဟာ...ဘာဖြစ်တာလဲ..'
'Yoongi..မင်းပြန်မလို့လား..'
'သွားစမ်းကွာ..'
လာတွဲသည့်လူကို တွန်းထုတ်ပစ်လိုက်သည့်
အခါ သူ့မှာအင်အားတွေ ရှိနေသေးမှန်း ကိုယ့်ကိုယ်ကို နားလည်လိုက်သည်။
'Yoongi ဆယ်နှစ်နာရီထိုးဖို့ ဆယ်မိနစ်လို
သေးတယ်လေ..ဘာဖြစ်တာလဲ..'
Nancyက သူထရပ်လိုက်တာမြင်မှ အပြင်ကို
ခပ်သွက်သွက်လေး ထွက်လာ၏ ။ သူမသည်
ရောက်စကလိုမဟုတ်ဘဲ ချ ည်ကျဲကျဲ နှင့် ကြိုးတွေတိုးလို့တွဲလောင်းရူပ်နေသည့် လက်ပြတ်လည်ဟိုက်ကို ဝတ်ထား၏။ ပါးမို့တွေ နူတ်ခမ်းသားတွေမှာ အရောင်တွေပိုရင့်ထားသည်။
'မင်း..'
'ဘာဖြစ်လို့လဲ Yoongi'
'ဘာဖြစ်လို့လဲ..ဟုတ်.လား'
အာလေးလျှာလေးနှင့် သူနောက်ထပ်ကိုယ်ကိုမတ်မတ်ပြင်ရပ်သည်။
'အရမ်းမူးနေပြီဖြစ်မှာပေါ့..မင်းနားချင်လို့လား၊Nancy သူ့ကိုခေါ်သွားလိုက်လေ..'
Jungho၏စကားသံက နားထဲမှာခါးသီးသွားသည်။သူ့အကြည့်က Junghoဆီရောက်သွားခဲ့သည်။ ဒီမှာ လူခြောက်ယောက်ရှိနေပြီး Nancyမှလွဲလျှင် အားလုံးယောကျာ်းလေးတွေ
ချ ည်းဖြစ်၏ ။ပြီးတော့ လက်တွဲခဲ့တာ မကြာ
သေးသည့် အကျိုးတူလုပ်ငန်းရှင်တွေ ။
ငယ်ပေါင်းကြီးဖော်လိုမရင်းနှီးကြပေမယ့်
လက်တွဲဖော်မိတ်ဆွေတွေဘဲ။ ဒီလိုလုပ်သင့်သလား..။ စိတ်ကူးခဲ့ကြတဲ့ နှစ်သစ်ကို ကူးမယ့်
ဒီညမျိုးရဲ့ ပျော်ရွှင်ခြင်းတွေထဲမှာ ဤသို့သော
အညစ်အနွမ်းမျိုး ပါခဲ့လို့လား..။အားလုံး ဝိုင်းဝန်း
ကြံစည်ကြပါတယ်ဆိုရင် သူကဘာလဲ..၊
'Yoongiလာလေ..အထဲမှာနားလို့ရတာဘဲဟာ၊Nanလိုက်ပို့ပေးမယ်..'
'ဖယ်စမ်း..'
'အား...'
Nancyကိုယ်လေးချာခနဲ လည်ထွက်သွားကာစားပွဲစွန်းမှာ မှောက်လျက်လေးကျ၏ ။
'Yoongi..မင်းကွာ၊ မင်း ဘယ်လိုလုပ်လိုက်တာလဲ..'
'ဟွန်း..'
Yoongi ခပ်နဲ့နဲ့ရှေ့ကိုတိုးကာ Junghoရဲ့
အကျီ င်္ရင်ဘတ်စကိုသေချာစွာဆုပ်ကိုင်လိုက်သည်။မျက်နှာချင်းနီးအောင် တိုးကပ်ပြီးမှ..၊
'ကြိုးဖြေလွှတ်လိုက်တိုင်း ကဆုန်စိုင်းပြေးရ
အောင် ငါကနွားသိုးကြိုးပြတ်ကောင် မဟုတ်ဘူး..'
'ဟာ..မဟုတ်ဘူး၊Junghoကိုလွှတ်လိုက်ပါ
ကွာ..'
Binကသူဆုပ်ဆွဲထားသည့်လက်ကို ကမန်း
ကတန်းလာဖြေရင်း တောင်းပန်သည်။
'မင်းနဲ့Nancyလည်း အဆင်ပြေနေပြီထင်လို့
ငါတို့ကမင်းပျော်ရအောင်လို့ပါ.တကယ်ပါကွာ၊
Nancyလည်းမသိဘူး..ငါတို့ကလည်း
မကောင်းကြံတာမဟုတ်ပါဘူး..'
'အေးကွာ..ဒီကိစ္စ ဒီလောက်ဖြစ်စရာမလိုပါ
ဘူး..'
တစ်ယောက်တစ်ပေါက်ဝင်ပြောကြ၏။
Nancyကတော့ ရိုက်ကြီးတငင်ငင် ငိုကာအထဲကိုပြေးဝင်သွားပြီဖြစ်သည်။
'မင်းတို့ငါ့ရှေ့ကဖယ်..'
'လေးမိနစ်ဘဲ လိုတော့တယ်Yoongi..
နှစ်ကူးတော့မှာ ဒီလောက်လေးနဲ့ကွာ..'
'ဒီလောက်လေးဟုတ်လား..ဒါကလုပ်ကြံမှု၊ဒီလိုနည်းနဲ့ငါ့ကိုမမြူ ဆွယ်နဲ့Bin..
Min Yoongiဆိုတဲ့ ကောင်ကလိုချင်ရင်
ရအောင်ယူတတ်သလို ငါမပေးနိုင်တာကို
ရှေ့မှာလာသေပြရင်တောင် ငဲ့ညှာပေးကမ်းဖို့
စိတ်ကူးမှာ မဟုတ်ဘူး..'
Junghoကအကျီ င်္ကိုပြေပြစ်အောင်ပြင်ရင်း
မျက်နှာကြီးတင်းနေလေ၏ ။ဟိုဘက်နှစ်သစ်ကို
ကူးတော့မည့် Happy New Yearအတွက်
သူတို့ပျော်ပွဲရွှင်ပွဲ လုပ်ထားကြတာဖြစ်ကာ
လူတွေအများကြီးမပါစေချင်ဘူးဆိုတာက Yoongiရဲ့သဘောအတိုင်းပင်။Nancyနဲ့သူနဲ့ကအတွဲဆုံး။လုပ်ဖော်ကိုင်ဖက်တွေချင်း
သဘောကျနေတာရှိနေပေမယ့်
Nancyကလည်းသူ့ကိုဘဲ အထူးအရေးပေးပြီး
တွဲခဲ့တာဆိုတော့..၊
'ငါတို့တစ်မျိုးတစ်မည်ထင်ခဲ့တာကို ဝန်ခံပါ
တယ်ကွာ...'
'တော်ပြီ..ဖယ် ငါပြန်မယ်..'
'မင်း ဆိုင်ကယ်နဲ့မဖြစ်ပါဘူး..ဒီလောက်
ယိုင်နေတာကိုကွာ..'
'ဖယ်ပေး..'
ဘယ်လိုကိုင်ကိုင် ပုတ်ထုတ်ပစ်လျက်
yoongiကယိုင်နဲ့နဲ့ နောက်ပြန်လျှောက်၏ ။ အားလုံးကိုအံကြိတ်၍ စူးစူးဝါးဝါး ကြည့်သည်။
'ငါ..ငါ လူရူပ်တစ်ယောက်ဖြစ်ရင်ဖြစ်မယ်၊
ဒါမျိုးဝါသနာမပါဘူး..'
နောက်ဆုံးပြောပြီးသူကျောခိုင်းပစ်ခဲ့၏ ။
အပြင်မှာ အဆင်သင့်ဖိုမီးဖိုပြီးသားမီးပုံတစ်ခုရယ်။တန်းစီထားသည့် ကုလားထိုင်တွေရယ်။
ပြီးတော့ သစ်ပင်အတုတွေနှင့် ကိုင်းဖျားလေး
တွေမှာ စားသောက်စရာတွေချိတ်ထားတာ
ကဗျာဆန်နေ၏..အားလုံးကိုသူ ကျော်ဖြတ်ခဲ့တဲ့အထိ Binကဇွဲမလျှော့..'
'ငါတို့ဒီလောက်ထိ စီစဉ်ထားတာကို Nan
တကယ်မသိပါဘူး..မင်းနဲ့ငါတို့က..'
သူတစ်ခွန်းမှပြန်မပြောဘဲ ဆိုင်ကယ်ပေါ်ခွ
ထိုင်ပြီးကာမှ..၊
'ဒီည ဒီအချိန်ကျမှ ငါ့ကိုဒုက္ခပေးခဲ့တဲ့
အတွက် ကျေးဇူးတင်တယ်.အေး နာရီကြည့်ထားလိုက်Bin၊ ဆယ့်နှစ်နာရီကျော်သွားတာနဲ့ ငါ့ဘဝထဲမှာမင်းတို့မရှိတော့ဘူး..'
'ဟာ..Yoongi..'
ဆိုင်ကယ်ကဝေါခနဲထွက်၏ ။
သူဒီဆိုင်ကယ်လေးနဲ့Seoulကို ဘယ်လိုဝင်ရ
မလဲစဉ်းစားတော့ရီဝေမူးမော်ခြင်းကဘဲ ကြီးစိုးနေ၏ ။ထို့ပြင် ထိန်းချူပ်ရခက်နေသည့် စိတ်
အတိုင်းဆိုင်ကယ်က မငြိမ်မသက် ပြေးလွှားနေသည်မို့ လူကလေထဲမှာလွင့်နေသလိုရှိ၏ ။
ထိုအခါဖြစ်လာသည့်ဒေါသကကျန်ခဲ့တဲ့ လူစုစီ
နောက်ပြန်ပြေးလေသည် ။
YOU ARE READING
နမ်းချင်တယ်..သနပ်ခါးပန်းလေး
FanfictionWarning ဒီficကိုliyanပိုင်တာမဟုတ်ပါဘူးနော်.အပြင်author တစ်ယောက်ရေးထားကိုyoongi & ocပြန်ပြောင်း ထားတာပါ..မူရင်းauthor nameကတော့ 'လရောင်ကျူးရင့်'ပါ