အပိုင်း(3)
47 7 0
     'သား​နေဦး..မ​ပြေးရဘူး​လေ..'
      'အင့်​...'
      'ဟာ...'
      'ခွပ်​..'
ကို ငိုက်​ခနဲစိုက်​ကျသွား​တော့ က​လေးက
ခြေ​ထောက်​ကို အားရှိပါးရှိ ဖက်​ထားလိုက်​၏။
ထိုအချိန်​မှာ ထိုသူဒယိမ်းဒယိုင်​ ဖြစ်​သွားလျက်
ခွပ်​ခနဲ လွတ်​ကျသွားသည်​က Hand-phone
တစ်​လုံး..၊
      'ဟာကွာ..​တောက်​..'
      'အို..ဒုက္ခပါဘဲ...'
      'ဟိတ်​..ဖယ်​စမ်း..'
       သူမ​တောင်းပန်​မလို့ပါ ။ သို့​သော်​က​လေး
ရဲ့လက်​​တွေကို ​ခြေ​ထောက်​​တွေ လွှဲယမ်းခြင်း
ဖြင့်​ မညှာမတာဖြုတ်​ပစ်​လိုက်​သည့်​ မြင်​ကွင်းက
မျက်​လုံး​တွေ​တောင်​ ပြာသွားခဲ့၏ ။
       'သား..'
       သုံးနှစ်​သားအရွယ်​​လေးက ​ခြေ​ထောက်
ကြားထဲမှာ​ ​မှောက်​လျက်​​လေး..၊
      'သား​လေး..'
     က​လေးကိုဆွဲထူလိုက်​ပြီး မီးဝင်းဝင်း​တောက်
သွားသည့်​ သူမမျက်​လုံး​တွေက ထိုသူ့ဆီ​မော့
ကြည့်​လိုက်​ပြီးဖြစ်​ကာ..၊
      'ရှင်​ ​ယောကျာ်းကြီးတစ်​​ယောက်​ဖြစ်​ပြီး
ဒီ​လောက်​​တောင်​ ညှာတာစိတ်​ကင်းမဲ့ရသ
လား..'
     'ဘာကွ..'
      အသားဖြူ ဖြူ နှာတံ​ပေါ်​ပေါ်မျက်​နှာ။
အပြာ​ရောင်​သမ်းသည့်​ ပိရိကျေ​န​သောနူတ်
ခမ်းများနှင့်​ တကယ့်​ကို​ပြော​ပေါက်​ဆို​ပေါက်
ဆိုးလွန်းသည့်​ လူမှန်း ဖွင့်​ဟ​ပြော​နေဖို့မလို။
သူသည်​ အနက်​​ရောင်​စပို့ရှပ်​လက်​ရှည်​နှင့်
ဘောင်းဘီရှည်​ အနက်​ကိုဝတ်​ထားလျက်
ပြုတ်​ကျကွဲသွားသည့်​ ဟန်းဖုန်းကို ငုံ့​ကောက်
ရင်း ဖျတ်​ခနဲလှည့်​ကြည့်​သည်​ ။
     'ဘာအညှာတာ ကင်းမဲ့တာလဲ..ငါကဘာကို
ညှာတာရမှာလဲ ၊ ဒီမှာ handphoneသွားပြီ..
ဒီ်​handphone ဘယ်​​လောက်​တန်​လဲသိလား..'
နမ်းချင်​တယ်​..သနပ်​ခါးပန်း​လေးWhere stories live. Discover now