အပိုင်း(1)
147 6 0
   မျို ချလိုက်​တိုင်းလည်​​ချောင်းထဲမှာပူရှိန်းရှိန်းရှတတ။ စားစရာ​တွေ​ကောက်​ဝါး​တော့လည်းချ ဉ်​ စုပ်​စုပ်​မာ​ခေါက်​​ခေါက်​​တွေ..ဘာလဲ..၊သူ့လက်​ထဲမှဖန်​ခွက်​ကိုချလိုက်​ပြီး ​မော့လိုက်​​တော့ နံရံမှာ အရက်​​ကြော်​ငြာကပ်​ထားသည့်​ ပိုစတာထဲက မင်းသမီး..။သူ့မျက်​လုံး​တွေ သူမထံမှာစူးနစ်​သွားခဲ့၏။
'ဒီ​ကောင်​ အရမ်းမူး​နေပြီကွ..​ခေါင်း​တောင်​အနိုင်​   နိုင်​ထူ​နေတာ..'
'မင်းတို့ကိစ္စနိုင်​မှလုပ်​​နော်​..ဒီ​ကောင်​ကစိတ်​ကြီး
တယ်​..'
'ငါလုပ်​တာမဟုတ်​ဘူး.'
'ဟုတ်​တယ်​..ဖြစ်​ပြီဆိုရင်​​တော့ ​ရှော့ခ်​အကြီးကြီးဘဲ'
မယ့်​ဘာအ​ကြောင်း​တွေဆိုတာ စိတ်​ကမှတ်​မိသွားလိုက်​ပြန်​​ပျောက်​သွားလိုက်​ ။ သူဘာဖြစ်​​နေတာလဲ..။မျက်​လုံး​တွေကိုမှိတ်​ပြီး ​ခေါင်းကို
တအားခါထုတ်​ပစ်​မိသည်​​။ 
     ဘယ်​လိုလုပ်​လုပ်​ အမြင်​အာရုံ​တွေက
လည်း ​ဝေဝါးခြင်းကိုတွန်းအား​ပေး​နေကြ၏ ။
လေတိုက်​လိုက်​တိုင်း အ​ကောင်းစားနိုင်​ငံခြား
အရက်​နံ့က ရွံ့ရှာဖွယ်​ နှိပ်​စက်​၏ ။ သူ့ကို​ယ်​သူ
မ​ကျေနပ်​ပါ ။ မ​သောက်​စားဖူးတဲ့ အရိုင်းလည်း
မဟုတ်​ ။ များသွားတဲ့အခါ ယိုင်​နဲ့နဲ့ပုံ​ပေါက်
အောင်​မထိန်းနိုင်​တာလည်း ဖြစ်​ခဲ့ဖူးသည်​ ။
       ခုကျ​တော့ သူ့​ခြေ​ထောက်​​တွေလှုပ်​​တောင်
မလှုပ်​ချင်​ ။ ရင်​ထဲမှာ တရှိန်းရှိန်း ထကြွလာ​သောမီးအပူ​ပေးထားသည့်​​ ​ရေ​နွေးအိုးလို။ ဘယ်​နှစ်​ခါ
ပြန်​​မော့​မော့ မျက်​လုံး​တွေကလည်း
အရက်​ပိုစတာဆီကိုဘဲ ​ရောက်​​လေသည်​။
အရက်​ခွက်​ကို​မော့၍မဟတဟကျီ စယ်​​နေသည့်​   နူတ်​ခမ်းအစုံ။ ပြီး​တော့မလုံတလုံ အဝတ်​တို့
အောက်​က ဖြား​ယောင်း​နေသည့်​ ကိုယ်​ခန္ဓာအလှ ။ သူ့​သွေး​တွေ ပွက်​ပွက်​ဆူလာသလိုပင်​။
ထိန်းချူ ပ်​ရန်​ ခက်​ခဲသည့်​ ဆန္ဒတစ်
ရပ်​သည်​ လူကို မီးပွားတစ်​စလို ချက်​ချင်းကြီး
လောင်​မြိုင်​လာ၏ ။ ဒါ..ရိုးသားရဲ့လား?..
လုပ်​ကြံမှုလား?..။သူ့ကိုယ်​သူပြန်​လည်​ဆန်းစစ်
နေစဲ..။
      'Nancyဘယ်​​ပျောက်​​နေတာလဲ..'
      'မသိဘူး..သူလဲရိပ်​မိ​နေပြီထင်​တယ်​..'
     Nancy..။ခေါင်းထဲမှာ မီး​တောက်​တစ်​ခု
ဟုန်းခနဲ  လင်းထိန်​သွား၏ ။ သူမနှင့်​သူတို့..၊
       '​တောက်​..'
      သူ့မျက်​နှာ​ရှေ့ကတံခါးကြီး ခပ်​ဟဟ ပွင့်
လာသည်​။ မျက်​နှာ​လေးတစ်​ခြမ်းသည်​ နားဆွဲ
ဝိုင်း​လေးလှုပ်​ ခတ်​လျက်​ Nancyဘဲဖြစ်​​လေသည်​။ဒေါသက ​ထောင်းခနဲဖြစ်​ကာ ထရပ်​လိုက်​မိသည်​။သို့​သော်​စားပွဲ​ပေါ်မှာခပ်​ငိုက်​ငိုက်​စိုက်​ကျ သွားပြီး..၊
     'ဟာ...ဘာဖြစ်​တာလဲ..'
     'Yoongi..မင်းပြန်​မလို့လား..'
     'သွားစမ်းကွာ..'
    လာတွဲသည့်​လူကို တွန်းထုတ်​ပစ်​လို​က်​သည့်
အခါ သူ့မှာအင်​အား​တွေ ရှိ​နေ​သေးမှန်း ကိုယ့်​ကိုယ်​ကို နားလည်​လိုက်​သည်​။
       'Yoongi ဆယ်​နှစ်​နာရီထိုးဖို့ ဆယ်​မိနစ်​လို
သေးတယ်​​လေ..ဘာဖြစ်​တာလဲ..'
    Nancyက သူထရပ်​လိုက်​တာမြင်​မှ အပြင်​ကို
ခပ်​သွက်​သွက်​​လေး ထွက်​လာ၏ ။ သူမသည်
ရောက်​စကလိုမဟုတ်​ဘဲ ချ ည်​ကျဲကျဲ နှင့်​ ကြိုး​တွေတိုးလို့တွဲ​လောင်းရူပ်​​နေသည့်​ လက်​ပြတ်​လည်​ဟိုက်​ကို ဝတ်​ထား၏။ ပါးမို့​တွေ နူတ်​ခမ်းသား​တွေမှာ အ​ရောင်​​တွေပိုရင့်​ထားသည်​။
      'မင်း..'
     'ဘာဖြစ်​လို့လဲ Yoongi'
      'ဘာဖြစ်​လို့လဲ..ဟုတ်​.လား'
    အာ​လေးလျှာ​လေးနှင့်​ သူ​နောက်​ထပ်​ကိုယ်​ကိုမတ်​မတ်​ပြင်​ရပ်​သည်​။
    'အရမ်းမူး​နေပြီဖြစ်​မှာ​ပေါ့..မင်းနားချင်​လို့လား၊Nancy သူ့ကို​ခေါ်သွားလိုက်​​လေ..'
      Jungho၏စကားသံက နားထဲမှာခါးသီးသွားသည်​။သူ့အကြည့်​က Junghoဆီ​ရောက်​သွားခဲ့သည်​။ ဒီမှာ လူ​ခြောက်​​ယောက်​ရှိ​နေပြီး Nancyမှလွဲလျှင်​ အားလုံး​ယောကျာ်း​လေး​တွေ
ချ ည်းဖြစ်​၏ ။ပြီး​တော့ လက်​တွဲခဲ့တာ မကြာ
သေးသည့်​ အကျိုးတူလုပ်​ငန်းရှင်​​တွေ ။
ငယ်​​ပေါင်းကြီး​ဖော်​လိုမရင်းနှီးကြ​ပေမယ့်
လက်​တွဲ​ဖော်​မိတ်​​ဆွေ​တွေဘဲ။ ဒီလိုလုပ်​သင့်​သလား..။ စိတ်​ကူးခဲ့ကြတဲ့ နှစ်​သစ်​ကို ကူးမယ့်
ဒီညမျိုးရဲ့ ​ပျော်​ရွှင်​ခြင်း​တွေထဲမှာ ဤသို့​သော
အညစ်​အနွမ်းမျိုး ပါခဲ့လို့လား..​။အားလုံး ဝို​င်းဝန်း
ကြံစည်​ကြပါတယ်​ဆိုရင်​ သူကဘာလဲ..၊
    'Yoongiလာ​လေ..အထဲမှာနားလို့ရတာဘဲဟာ၊Nanလိုက်​ပို့​ပေးမယ်​..'
      'ဖယ်​စမ်း..'
       'အား...'
     Nancyကိုယ်​​လေးချာခနဲ လည်​ထွက်​သွားကာစားပွဲစွန်းမှာ ​မှောက်​လျက်​​လေးကျ၏ ။
     'Yoongi..မင်းကွာ၊ မင်း ဘယ်​လိုလုပ်​လိုက်​တာလဲ..'
     'ဟွန်း..'
       Yoongi ခပ်​နဲ့နဲ့​ရှေ့ကိုတိုးကာ Junghoရဲ့
အကျီ င်္ရင်​ဘတ်​စကို​သေချာစွာဆုပ်​ကိုင်​လိုက်​သည်​။မျက်​နှာချင်းနီး​အောင်​ တိုးကပ်​ပြီးမှ..၊
     'ကြိုး​ဖြေလွှတ်​လိုက်​တိုင်း ကဆုန်​စိုင်း​ပြေးရ
အောင်​ ငါကနွားသိုးကြိုးပြတ်​​ကောင်​ မဟုတ်​ဘူး..'
      'ဟာ..မဟုတ်​ဘူး၊Junghoကိုလွှတ်​လိုက်​ပါ
ကွာ..'
     Binကသူဆုပ်​ဆွဲထားသည့်​လက်​ကို ကမန်း
ကတန်းလာ​ဖြေရင်း ​တောင်းပန်​သည်​။
     'မင်းနဲ့Nancyလည်း အဆင်​​ပြေ​နေပြီထင်​လို့
ငါတို့ကမင်း​ပျော်​ရ​အောင်​လို့ပါ.တကယ်​ပါကွာ၊
Nancyလည်းမသိဘူး..ငါတို့ကလည်း
မ​ကောင်းကြံတာမဟုတ်​ပါဘူး..'
     '​အေးကွာ..ဒီကိစ္စ ဒီ​လောက်​ဖြစ်​စရာမလိုပါ
ဘူး..'
     တစ်​​ယောက်​တစ်​​ပေါက်​ဝင်​​ပြောကြ၏။
Nancyက​တော့ ရိုက်​ကြီးတငင်​ငင်​ ငိုကာအထဲကို​ပြေးဝင်​သွားပြီဖြစ်​သည်​။
          'မင်းတို့ငါ့​ရှေ့ကဖယ်​..'
          '​လေးမိနစ်​ဘဲ လို​တော့တယ်​Yoongi..
နှစ်​ကူး​တော့မှာ ဒီ​လောက်​​လေးနဲ့ကွာ..'
       'ဒီ​လောက်​​လေးဟုတ်လား..ဒါကလုပ်​ကြံမှု၊ဒီလိုနည်းနဲ့ငါ့ကိုမမြူ ဆွယ်​နဲ့Bin..
Min Yoongiဆိုတဲ့ ​ကောင်​ကလိုချင်​ရင်
ရ​အောင်​ယူတတ်​သလို ငါမ​ပေးနိုင်​တာကို
ရှေ့မှာလာ​သေပြရင်​​တောင်​ ငဲ့ညှာ​ပေးကမ်းဖို့
စိတ်ကူးမှာ မဟုတ်​ဘူး..'
     Junghoကအကျီ င်္ကို​ပြေပြစ်​​အောင်​ပြင်​ရင်း
မျက်​နှာကြီးတင်း​နေ​လေ၏ ။ဟိုဘက်​နှစ်​သစ်​ကို
ကူး​တော့မည့်​ Happy New Yearအတွက်
သူတို့​ပျော်​ပွဲရွှင်​ပွဲ လုပ်​ထားကြတာဖြစ်​ကာ
လူ​တွေအများကြီးမပါ​စေချင်​ဘူးဆိုတာက Yoongiရဲ့သ​ဘောအတိုင်းပင်​။Nancyနဲ့သူနဲ့ကအတွဲဆုံး။လုပ်​​ဖော်​ကိုင်​ဖက်​​တွေချင်း
သ​ဘောကျ​နေတာရှိ​နေ​ပေမယ့်
Nancyကလည်းသူ့ကိုဘဲ အထူးအ​ရေး​ပေးပြီး
တွဲခဲ့တာဆို​တော့..၊
      'ငါတို့တစ်​မျိုးတစ်​မည်​ထင်​ခဲ့တာကို ဝန်​ခံပါ
တယ်​ကွာ...'
       '​တော်​ပြီ..ဖယ်​ ငါပြန်​မယ်​..'
       'မင်း ဆိုင်​ကယ်​နဲ့မဖြစ်​ပါဘူး..ဒီ​လောက်
ယိုင်​​နေတာကိုကွာ..'
          'ဖယ်​​ပေး..'
      ဘယ်​လိုကိုင်​ကိုင်​ ပုတ်​ထုတ်​ပစ်​လျက်
yoongiကယိုင်​နဲ့နဲ့ ​နောက်​ပြန်​​လျှောက်​၏ ။ အားလုံးကိုအံကြိတ်​၍ စူးစူးဝါးဝါး ကြည့်​သည်​။
       'ငါ..ငါ လူရူပ်​တစ်​​ယောက်​ဖြစ်​ရင်​ဖြစ်​မယ်​၊
ဒါမျိုးဝါသနာမပါဘူး..'
အပြင်​မှာ အဆင်​သင့်​ဖိုမီးဖိုပြီးသားမီးပုံတစ်​ခုရယ်​။တန်းစီထားသည့်​ ကုလားထိုင်​​တွေရယ်​။
ပြီး​တော့ သစ်​ပင်​အတု​တွေနှင့်​ ကိုင်းဖျား​လေး
တွေမှာ စား​သောက်​စရာ​တွေချိတ်​ထားတာ
ကဗျာဆန်​​နေ၏..အားလုံးကိုသူေ​ကျာ်​ဖြတ်​ခဲ့တဲ့အထိ Binကဇွဲမ​လျှော့..'
    'ငါတို့​ဒီ​လောက်​ထိ စီစဉ်​ထားတာကို Nan
တကယ်​မသိပါဘူး..မင်းနဲ့ငါတို့က..'
   သူတစ်​ခွန်းမှပြန်​မ​ပြောဘဲ ဆိုင်​ကယ်​​ပေါ်ခွ
ထို​င်​ပြီးကာမှ..၊
      'ဒီည ဒီအချိန်​ကျမှ ငါ့ကိုဒုက္ခ​ပေးခဲ့တဲ့
အတွက်​ ​ကျေးဇူးတင်​တယ်​.​အေး နာရီကြည့်​ထားလိုက်​Bin၊ ဆယ့်​နှစ်​နာရီ​ကျော်​သွားတာနဲ့ ငါ့ဘဝထဲမှာမင်းတို့မရှိ​တော့ဘူး..'
      'ဟာ..Yoongi..'
       ဆိုင်​ကယ်​က​ဝေါခနဲထွက်​၏ ။
သူဒီဆိုင်​ကယ်​​လေးနဲ့Seoulကို ဘယ်​လိုဝင်​ရ
မလဲစဉ်းစား​တော့ရီ​ဝေမူး​မော်​ခြင်းကဘဲ ကြီးစိုး​နေ၏ ။ထို့ပြင်​ ထိန်းချူပ်​ရခက်​​နေသည့်​ စိတ်
အတိုင်းဆိုင်​ကယ်​က မငြိမ်​မသက်​ ​ပြေးလွှား​နေသည်​မို့ လူက​လေထဲမှာလွင့်​​နေသလိုရှိ၏ ။
ထိုအခါဖြစ်​လာသည့်​​ဒေါသကကျန်​ခဲ့တဲ့ လူစုစီ 
နောက်​ပြန်​​ပြေး​လေသည်​ ။
နမ်းချင်​တယ်​..သနပ်​ခါးပန်း​လေးWhere stories live. Discover now