PART-1

1.9K 170 8
                                    

In a relationship...

သံယောဇဉ်ဆိုတာ လုပ်ယူဖန်တီးလို့ ရကောင်းရနိုင်မယ်....
အဲ့ လုပ်ယူထားတဲ့ သံယောဇဉ်က ဘယ်လောက်ခံမှာမို့လို့လဲ....
ကိုယ့်အတွက်  သူတစ်ပါးရင်ထဲ လိုလိုလားလား ဖြစ်လာတဲ့ သံယောဇဉ်လောက် မအေးချမ်းနိုင်ဘူး....

သံယောဇဉ်ကို အဘိဓာန်ဖွဲ့ရမယ်ဆိုရင် ဖွဲ့နွဲ့ပြောဆိုမယ့် စကားလုံး ပေါင်းစုံ တွေ့ချင်တွေ့ရလိမ့်မယ်...
ဖွဲ့နွဲ့မပြောတတ်လို့  ကိုယ့်နှလုံးသား  စကားသံကို
တည့်တိုး ဖွင့်ဟတဲ့ စကားလောက် မလေးနက်နိုင်ဘူး....

၅၂၈.......
၁၅၀၀...
ချစ်ခြင်းမေတ္တာ အမျိုးအစားတွေ  ဖြစ်သော်လည်း
ခံစားရတာခြင်း..မတူနိုင်ဘူး....

သူငယ်ချင်း  မိဘတွေ  အတွက်က ၅၂၈တဲ့...
မဖြစ်သင့်တာ....

တကယ်တမ်းဆို ချစ်သူဆိုတာထက် ကိုယ့်အပေါ် သံယောဇဉ်ကြီး အချစ်နိုင်ဆုံးက ၅၂၈ဘဲ ရှိတဲ့ လှပတဲ့ ချစ်ခြင်း...

၁၅၀၀ဆိုတဲ့ထဲ တဏှာတွေ အတ္တတွေပါတယ်...
၅၂၈က ဖြူစင်  အေးချမ်းလှတဲ့ ချစ်ခြင်း မေတ္တာ တရား...

ကျွန်တော်က လူထူးဆန်းဗျ...
၅၂၈နဲ့အချစ်ခံချင်လား...
၁၅၀၀လားဆို...

ကျွန်တော်ကတော့ နှစ်ခုကြားထဲက အရေအတွက် ဂဏန်းလေးကို ရွေးမယ်...

၅၂၈မကျ ၁၅၀၀ မကျ ကြားအလယ်ရှိ အရေအတွက်လေးမှာ ရင်ခုန် အေးချမ်းစွာ အချစ်ခံချင်ပါသည်...

အဲ့လိုစိတ်မျိုး ဖြစ်လာစေတာလည်း စာအုပ်လေး တစ်အုပ်နဲ့ မိမိအဖြစ်က တိုက်ဆိုင်သလောက်ကို အကုန်လုံးနီးပါး တူညီ နေသောကြောင့်....

"Chanyeolah~ ဒီနေ့ ငါတို့Gameဆိုင်မှာ Battle ground သွားဆော့ရအောင်ကွာ..."

အသံကိုအရင်ကြားရပြီး လူကို မမြင်ရသေး ဘယ်သူဆိုတာ တမ်းသိသည်...

သူများအခန်းထဲကို တံခါးမခေါက် ဘာမခေါက်ဝင်လာတဲ့ အဲ့ကောင်ဘဲရှိသည်လေ..

"မင်းက အချိန်ကိုက်ဆို ဝင်လာပြီ...
ငါဒီမှာ စာအုပ်ဖတ်နေတယ်လေ.."

"အဲ့စာအုပ်က ဘာတွေများ စိတ်ဝင်စားဖို့ ကောင်းလို့လဲ....  ငါတော့ သဘောမကျပါဘူး..
မနေ့ကလည်း မင်းငြင်းတယ်.. ဒီနေ့တော့ လိုက်ခဲ့ကွာ..."

In A RelationshipWhere stories live. Discover now