PART-2

861 127 16
                                        

In a relationship...

"ဒီအပတ်ထဲမှာ ကျောင်းကပွဲရှိတယ်နော်
ကျောင်းသားတွေ.."

"Nae sam!!!"

ကျောင်းကပွဲရှိတဲ့ အတွက် ကျောင်းသားတွေ အကုန် ပျော်နေကြသလို အပျော်ဆုံးက Chanyeolနဲ့ Baekhyunပင်..

"ကဲ ဟို နှစ်ယောက် အရင်ကလိုဘဲမလား"

"ကျွန်တော်တို့လား..."

"ဟုတ်တယ်.. မင်းတို့ဒီနှစ်လည်း စာရင်းသွင်းမယ်မလား....

"အသေအချာဘဲပေါ့ Samရယ်......"

"ဒါဆို နာမည်စာရင်း သွင်းထားပေးမယ်..
ညနေကစပြီး လေ့ကျင့်ရမယ်..သိတယ်မလား..
မင်းတို့ကို ပြောစရာတော့
မလိုလောက်တော့ဘူးထင်တယ်......"

"Nae.."

နှစ်စဉ်နှစ်တိုင်း ကျောင်းကပွဲရောက်လာလျှင် Chanyeolနဲ့Baekhyunက သီချင်းဆိုလေ့ရှိသည်...

နှစ်ယောက်လုံး အသံက လိုက်ဖက်ပြီး နားဝင်ချိုတဲ့ အပြင် Chanyeolကလည်း တူရိယာ ပေါင်းစုံ တီးတတ်သောကြောင့် နှစ်ယောက် တူတူ ပေါင်းပြီး သီချင်းကိုယ်တိုင် ရေး... ကိုယ်တိုင်ဆိုကာ
အနုပညာ ပိုးကို အသက်သွင်းကြသည်...

"Chanyeolah~ ဘာတွေတွေးနေတာလဲ..
အတန်းချိန်ပြီးပြီ လေ့ကျင့်ဖို့ သွားရမယ်လေ.."

"အေး..အေးပါကွ... လာပြီ..."

နေရောင်ခြည်အနည်းငယ်တိုးဝင်နေတဲ့ အခန်းလေးထဲ အရမ်းမအေး အရမ်းမပူဘဲ
နွေးနွေးလေးနဲ့ လေ့ကျင့်ရသော်လည်း
ဖန်ခါဖန်ခါ ထပ်ထပ်ပြီး လေ့ကျင့်ရတော့ ချွေးလေးတွေ စို့လာသည်..

"ခဏလေးနားမယ်နော်.. ငါရေသောက်ချင်လို့"

"အာ.. အောက်ထပ်ကို သွားမယူနဲ့တော့
ပင်ပန်းတယ်.. ရော့ ငါ့မှာပါလာတယ်.."

"Chanyeolရာ.. မင်းကအရမ်းအလိုက်သိဘဲ..
အဲ့တာကြောင့် ငါ့သူငယ်ချင်းဖြစ်နေတာ.."

မြောက်ကြွကြွနဲ့ပြောနေသည်ကို သဘောတကျ ပါးချိုင့်လေးပေါ်အောင် ရယ်ပြလိုက်ပြီး
သူရေသောက်နေတဲ့ အချိန် Guitarဆက်တီးပြီး ဆက်လေ့ကျင့်နေလိုက်သည်...

ထိုအချိန်တွင် အနားအား ရောက်လာပြီး...

"မင်းအရမ်းချွေးထွက်သန်တယ်နော်...
အရမ်းချွေးမထွက်စေနဲ့... ဖျားတတ်တယ်...
ဒီမှာ နဖူးတွေမှာ စီးကျနေပြီ..."

In A RelationshipWhere stories live. Discover now