PART-4

449 58 5
                                        

In a relationship~

TVရှေ့တွင် ကောင်လေးတစ်ယောက်တည်း ထိုင်နေလျက်နဲ့
လေထုထဲမှ အခြေအနေကြီးဟာ တင်းမာနေသယောင်ယောင်....

Baekhyunတစ်ဦးတည်း
TV channelတစ်ခုပြီး တစ်ခုပြောင်းနေရင်း လက်ထဲမှာ removeလေးကွဲကြေတော့မတတ် ဆောင့်ဆောင့်ငေါက်ငေါက်လုပ်နေသည်...

"ကျစ် ဒီနေ့မှ TVက ဘာတွေလာနေမှန်းလဲမသိဘူး...
နောက်မှ သွားကောဦးမယ်...
စိတ်တိုလိုက်တာ"

ပွစိပွစိပြောနေရင်း ၀ရံတာဘက်ကို လှမ်းကြည့်တော့
ရယ်မောပြီး PHပြောနေသော Chanyeol...

"baekhyun ခဏနော် ဖုန်းလေးခဏပြောမယ်" ဆိုပြီး ထွက်သွားလိုက်တာ အနားကို ပြန်ကို ရောက်မလာတော့ဘူး.....

ဒီမှာ တူတူကြည့်ဖို့ ခွေတွေတောင် ရွေးထားတာပါဆို.....
အရူးလေး....

နောက်ဆုံး စောင့်လည်း မစောင့်နိုင်
စိတ်ထဲလည်း လုံးဝမနေနိုင်တော့တဲ့ အဆုံး Chanyeol phပြောနေသည့် ဝရံတာ နားသို့
ကြောင်သူတော်လေးလို တိုးကပ်လာသည်...

"ဘာတွေပြောနေတာပါလိမ့်"

နားလေးစွင့်ပြီး နားထောင်လိုက်တော့
အရင်ဦးဆုံး Chanyeolရဲ့ ရယ်သံလွင်လွင်လေးက လေထုကို ဖြိုခွင်းကာ နှလုံးသားတံခါးကို လာခေါက်ရင်း.....

ထို ရယ်သံဟာBaekhyunရဲ့မျက်နှာ တစ်ခွင်လုံးကိုပါ အပြုံး လွင်ပြင်ဖြင့် ပြည့်နှက်စေသည်အထိ အစွမ်းထက်သည်....

Baekhyun စိတ်ပါပါလေး ပြုံးလိုက်ပြီး ဆက်နားထောင်မိတော့...

"မင်းအတွက် လက်ဆောင်လး...
အွန်းးး....ငါလေကွာ..
ငါ့ကိုဘဲ ယူလိုက်တော့..
ဝယ်လာမယ့် လက်ဆောင်တွေထက် ငါက ပိုတန်ဖိုးရှိတယ်မလား...
ဟားးး ဟားး..."

အသံဩဩလေးက အခုတော့
Baekhyun စိတ်ထဲ ထိတ်ခနဲဖြစ်သွားရပြီ...
ဘာကိစ္စ ဒီလို ခံစားချက်ကြီး ခံစားနေရပါလိမ့်....

ဆက်နားမထောင်ချင်တော့လို့ TVရှေ့သာ ပြန်လာပြီး ဘာမှမသိသလိုမျိုးသာ ပြန်ထိုင်နေလိုက်ရတော့တယ်...

ဟူးး......

အာလူးကြော်ကိုသာ တကျွတ်ကျွတ်ထိုင်ဝါးရင်း
ငယ်ငယ်တည်းက အရမ်းကြိုက်ခဲ့ရတဲ့
Spirited away ဆိုတဲ့ ဂျပန်ကာတွန်းကားလေးကို
ပြန်ကြည့်နေမိသည်...

You've reached the end of published parts.

⏰ Last updated: Oct 16, 2019 ⏰

Add this story to your Library to get notified about new parts!

In A RelationshipWhere stories live. Discover now