Part-6

4.7K 445 8
                                    

လူကအလုပ်စားပွဲရှေ့တွင်နေရာယူထားသော်ငြား စိတ်ကတော့ လုံးလုံးမရှိ.။တွေဝေစဉ်းစားနေပုံ၇သော Singto ကို Oak အစောက ကြည့် လိုက်တော့လည်းထိုအတိုင်း.။

“Sing~~ ဟေ့ကောင် Sing လို့.”

“အမ်~~ ”

“စိတ်က အလုပ်ထဲမှာရော ဟုတ်ရဲ့လား.။ဘာတွေ ဒီလောက်တောင်စဉ်းစားနေရတာလဲ.”

“P’Arthit --”

“ဘာဖြစ်တယ်.”

“ငါ နေ့လည်စာ တူတူမစားနိုင်တော့ဘူးကွာ.။ခဏအပြင်သွားလိုက်ဦးမယ် .စားနှင့်လိုက်..”

ပြောပြောဆိုဆိုပင် ထိုင်ခုံတွင် လွှားထားသော ကုတ်အကျီလေးကို ကောက်စွပ်ကာ ချက်ချင်းထွက်လာခဲ့လိုက်သည်.။
စိတ်တော့ထိန်းထားတာပဲ.။သို့ပေမယ့် တစ်နေ့ကတည်းက ဖြူလျော့ လျော့မျက်နှာပိုင်ရှင်လေးက မျက်လုံးထဲက ထွက် မသွားတာတော့ ကိုယ်လည်း မတတ်နိုင်.။
ID ကဒ်ထဲက အနုပညာသင်တန်းကျောင်းကို ဒီနေ့မှသေချာကြည့်မိတော့ Gun တက်သည့်သင်တန်းဖြစ်နေလေတော့ မေးမည်ကြံတုန်းမှာပဲ Gun က သူငယ်ချင်းတစ်ချို့နှင့်ချိန်းထားသည် ဆိုကာ အလောတ ကြီးထွက်သွားခဲ့၏၊

တစ်မနက်လုံးစဉ်းစားတွေဝေနေသည့်စိတ်သည် ခုတော့ ဆုံးဖြတ်ပြီးပြီမို့ သင်တန်းကျောင်းရှေ့ရောက်လာခဲ့လိုက်သည်.။ တွေ့မည်မတွေ့မည်က မသေချာပေမယ့် ကောင်တာမှာဖြစ်ဖြစ် ဖုန်းနံပတ်တော့ စုံစမ်းရလောက်မည်မလား.။
သို့ပေမယ့် ကံကြမ္မာ က မျက်နှာသာပေးခဲ့ပါသည်.။ကျောင်းရှေ့ရောက်လျှင် ရောက်ခြင်းမှာပင် ကျောင်းထဲက ထွက်လာသော သူ ကို မြင်သည်.။

“P’Arthit-”

လှည့်ကြည့်လာသည့် မျက်နှာက သွေးရောင်လွှမ်းနေသည်ကြောင့် မဆိုင်သော်လည်း Singto စိတ်ချမ်းသာသွားသည်.။

“အာ~~ တိုက်ဆိုင်လိုက်တာ.။ကျွန်တော် တောင်ဘယ်လိုက်ရှာရမှန်းမသိလို့..။ဟိုတစ်နေ့က ကိစ္စ ကျေးဇူးတောင်မတင်ရသေးဘူး.ဆေးခန်းလိုက်ပို့ပေးခဲ့တာလေ.”

ထိုနေ့က သတိမလစ်ခင်လေး သူ့ကိုပွေ့ထားပေးသည့်လူကို Arthit မျက်နှာလေးတော့ မြင်လိုက်ပါသည်.။

ချစ်​ခြင်းကို​စေ.......💓Where stories live. Discover now