မြို့စွန်ရှိ လူအသွားအလာနည်းသည့် နေရာရှိ တစ်ထပ်တိုက်ပုလေးတွင်ဖြစ်သည်.။ကျောပေးထားသော လူသည် စီးကရက်ဖွာ နေသဖြင့် အငွေ့တလူလူထွက်နေသည်.။
“အဲ့နေ့က ဗီဒီယိုရိုက်သွားတဲ့ ကားထဲကလူအကြောင်းသိ၇ပါပြီBoss. ကားနံပါတ်ကိုစုံစမ်းပြီးပါပြီ ။ Vision News Channel က သတင်းထောက် Oak တဲ့.။ကြည့်ရတာ ဗီဒီယိုက ဘယ်သူ့လက်ထဲမှမရောက်သေးဘူးနဲ့တူပါတယ်။ ”
“အမြန်လှုပ်ရှားလိုက်.။ရက်ကြာတာနဲ့ငါတို့အတွက်ကောင်းကျိုးမရှိဘူး.။ဒါတွေဘယ်သူမှသိလို့မဖြစ်ဘူး.။ငါက Krist ကိုတောင် လက်စမသတ်ရသေးတာ.ဖြည်းဖြည်းချင်းသောကများအောင်လုပ်ရဦးမယ်.”
“သူ့အဖေကို အဆုံးသတ်ပြီးပြီပဲ Boss မကျေနပ်သေးဘူးလား..။”
ပြောရေးဆိုခွင့်ရရှိထားသည့် တပည့်ဖြစ်သည်မို့ အရေးဆိုလေတော့ Boss ဆိုသူက ဟက်ခနဲတစ်ချက်ရယ်သည်။ သူ့ဘက်ကို တော့ဖြင့် လှည့်မလာပါ.။
“င့ါညီ ဘယ်လိုသေခဲ့ရလဲ ။ Krist ရဲ့အမေကြောင့်စိတ်ကျရောဂါရပြီး ဘယ်လောက်တောင် ကယောင်ခြောက်ခြားသေခဲ့ရလဲ.။Krist ရဲ့အဖေကရော င့ါညီကို ဘယ်လိုခြိမ်းခြောက်ခဲ့လဲ.ဟွန်း~~ အားလုံးသေသင့်တယ်.။ ပြီးတော့ မဟူရာ အုပ်စုကို ငါပိုင်ဆိုင်ရဖို့အတွက် Krist လည်း သူ့အဖေနောက်လိုက်သင့်တာပေါ့”
“မိဘတွေကိစ္စက Krist တို့နဲ့--”
“တော်တော့ Tak..!! ထပ်မပြောနဲ့ မင်းသွားတော့.။ Oak ကိစ္စကို မင်းကိုယ်တိုင်လုပ်စရာမလိုဘူး.။တစ်ယောက်ယောက်ကိုခိုင်းလိုက်..”
“ဟုတ်ကဲ့ပါ..”
Tak ဆိုသူ စိတ်မသက်မသာဖြင့် ပြန်လှည့်ထွက်လာရသည်.။အချိန်ရတိုင်းလည်း အမုန်းဖြေပေးပေမယ့် Boss ကတော့ အမုန်းတွေသာ တိုးလာမြဲပင်.။
Oak ကိစ္စကိုတော့ သူ့ကို မစွန့်စားခိုင်းသည့်အတွက် ပြုံးမိရသေးသည်.။ Boss သည်အမှန်တကယ်တော့ သူ့ကို စိတ်ပူပေးတတ်ပါသည်.။
-
-
-
-
-
“ခင်ဗျားကြီးက ဘာလို့ကျွန်တော့်ကိုရှောင်နေတာလဲ-”Gun သည် မျက်နှာထားတည်တည်ဖြင့် Off ၏လက်ကိုလာဆွဲထားသည်.။ ကားထဲ ၀င်မည့် Arthit က တစ်ချက်ကြည့်ကာ ဘာမှမပြောဘဲ ကားထဲအရင်ဝင်ထိုင်နေပေးလိုက်သည်.။
YOU ARE READING
ချစ်ခြင်းကိုစေ.......💓
Fanfiction#BOTH WITH ZAWGYI & UNICODE ဦးနှောက်က စေခိုင်းနိုင်တဲ့ အထဲမှာ ချစ်ခြင်း မပါတော့ ခက်သားလား ???