အုတ်ဂူဖြူလေးရှေ့တွင် ရေးထိုးထားသည့် Krist Perawat ဆိုသည့်နာမည်ကို Singto မျက်ရည်တွေကြားက စူးစိုက်ကြည့်နေမိသည်။တကယ်မှ မဟုတ်ဘဲ .ဒီနေရာမှာ ရှိနေတဲ့သူက Krist မှမဟုတ်လေဘဲ.။သူ့ရဲ့ Arthit ..သူချစ်ရသော P’Arthit…။“တောင်းပန်ပါတယ် P’ရယ်.. P’Arthit လားတောင် သေချာမခွဲနိုင်ဘဲအချစ်တွေပေးခဲ့မိလို့တောင်းပန်ပါတယ်.”
ရင်တွေနင့်နေအောင်လည်းနာရပါသည်။နှစ်ရက်လုံးလုံး မျက်လုံးတွေ အောင့်တက်လာသည်ထိ ငိုကြွေးမိပြီးပြီမို့ ကျစရာမျက်ရည်လည်း မ၇ှိတော့ဘူးထင်သည်။ တစ်ချိန်လုံး လက်ထပ်ပြီးချိန်မှစ..သံသယတစ်ကွက်မှမရှိ၇လေအောင် ထိုသူက စွမ်းဆောင်နိုင်လွန်းသည်။ ပုံစံလေးက အေးစက်စက်နှင့် တကယ်တမ်းတော့ တွယ်တာချွဲနွဲ့တတ်သော P’Arthit သရုပ်ပုံစံကို ရအောင်ဖော်ကျူးခဲ့သည်။
သူ ကြင်နာခဲ့သမျှ.. ချစ်ပေးခဲ့သမျှ ခန္ဓာကိုယ်ချင်းရင်းနှီးခဲ့သမျှ ….ကြည်ဖြူပေးခဲ့သည်။
Krist က ဘယ်လိုလူလည်းသူ တကယ်မသိတော့ပါ။
ထိုအိမ်ကို ပြန်မသွားသည်မှာ နှစ်ရက်မြောက်ပင်ရှိပြီဖြစ်သည်။မနက်စောစောတိုင်း နှစ်ရက်လုံး P’Arthit အုတ်ဂူကို လာတွေ့ရသည်မှာလည်း အခါခါ…။အမြဲလန်းဆန်းနေသည့် Gun လေးသည်ပင် တမှိုင်မှိုင်တတွေတွေ.။မနေ့မနက်ကတော့ Off ခြံဝတွင်လာတွေ့တာကိုကြားလိုက်ရသေးသည်။
Gun သည် မည်မျှပင် အသိစိတ်ပြန်မရလင့်ကစား.. သူ့၏ အုပ်ထိန်းသူကိုတော့ ကောင်းကောင်းသိပုံရသည်။ Singto ခွင့်ပြုချက်မရဘဲ ပြန်လိုက်မသွားပါ။ကားထားသည့်နေရာဆီ ပြန်လျှောက်လာတော့ ထိုးရပ်လာသည့်ကားလေးပေါ်က သူ မမြင်ချင်သည့်သူ ဆင်းလာသည်။ ရှောင်လွှဲဖို့တော့ စိတ်ကူးမရှိတော့ပါ။
“ခင်ဗျားနဲ့တွေ့တာအတော်ပဲ .။တစ်ခါတည်းရှင်းရအောင်.”
Krist သည် မျက်ကွင်းတို့လည်း အနည်းငယ်ညိုနေသည်။သူ့ကို မပြုံးမရယ်လေးဘဲကြည့်နေကာ---
“ပြောပါ..မင်း ပြောချင်တာတွေ.”
“ကျွန်တော်တို့ကွာရှင်းကြမယ်..”
ဖြန့်ထားသည့် Krist ၏ လက်လေးတွေ တင်းကနဲဆုပ်မိသွားသည်။ ထင်ထားပြီးသားပေမယ့် တကယ်တမ်းကြားရတော့ နာကျင်မှုက နှလုံးသားကို အဖျားခတ်သည်။ဒါပေမယ့်သည်းခံနိုင်ပါသည်လေ..။သူ ဘယ်အရာကိုမှ ဘယ်တုန်းကမှ မမျှော်လင့် ခဲ့ဖူးဘဲ…။
YOU ARE READING
ချစ်ခြင်းကိုစေ.......💓
Fanfiction#BOTH WITH ZAWGYI & UNICODE ဦးနှောက်က စေခိုင်းနိုင်တဲ့ အထဲမှာ ချစ်ခြင်း မပါတော့ ခက်သားလား ???