ဟောကြည့်! အခုထိကျောင်းပေါက်ဝမှာစောင့်နေတာ ထိုကလေးကရောက်မလာသေးဘူး။
ကိုယ်က သူ့ကိုတွေ့ချင်လို့အပေါက်ဝမှာယောင်လည်လည်လုပ်ပြီးစောင့်နေတာကို အခုထိရောက်မလာသေး။
Attention လေး ပုချိလောက်ပေးမလို့ဟာကို အလကား စေသနာနဲ့ကိုမတန်ဘူး။
ဂါး!! တွေ့မှ အမွှေးတွေဆွဲနှုတ်ပစ်မယ် မိုမိုပေါက်။
"ဟေ့ကောင် Baekhyun"
"ဘာတုန်း!"
အနောက်ကဘယ်သူခေါ်လို့ခေါ်မှန်းမသိ စိတ်ပေါက်ပေါက်နဲ့ထူးပစ်လိုက်တာ။
လှည့်ကြည့်မိတော့ မီးဝင်းဝင်းတောက်နေသောမျက်လုံးများဖြင့် ကြည့်နေသည့် ပါချုပ်ကြီး။
"အဟီး ပါပါ သားသားကို ဘာခိုင်းမလို့လဲဟင်"
သွားလေးအသာဖြီးပြပြီး မျက်တောင်လေး ပုတ်ခပ် ပုတ်ခပ်လုပ်ကာမေးတော့ မျပ်လုံးစိမ်းကြီးတွေနဲ့ Baekhyun လေးကို လိပ်ပြာလွင့်အောင်လုပ်နေသော ပါပါ။
"ကျောင်းပေါက်ဝမှာလည်လိမ်မနေနဲ့ မြင်မကောင်းရှု့မကောင်း။ သွား ရုံးခန်းထဲ"
"ဗျာ!!!"
မိုမိုပေါက်ရေကယ်ဦး။
မညှာမတာ မစာမနာတဲ့ ပါပါကြီးက Baekhyun လေးကိုရုံးခန်းပို့နေပြီ အူဝါး မာမီကယ်ပါ ဒယ်ဒီကယ်ပါ Sehunhun ကယ်ပါ မိုမိုပေါက်ကယ်ပါ!!!။
"ဟိတ်ကောင်! ရှုံ့တွတွလုပ်မနေနဲ့ သွားရုံးခန်း။ ငါခိုင်းစရာရှိတယ်"
"ဟင့်! အစောထဲကရှင်းရှင်းပြောရင် သားသားကမလိုက်မှာကျလို့ အခုလိုဖြဲခြောက်ရလား ပါပါရဲ့"
အဲ့လို ဟိုမမှီဒီမမှီစကားတွေကြောင့် ပါပါ ယောကျာ်းမရ အဲလေ လူပျိုကြီးဖြစ်နေတာ။
"Baekhyun သွား လုပ်စရာအလုပ်တွေအများကြီး"
မိုမိုပေါက်ရေ အကြွေးမှတ်ထား နောက်မှ ဟောဒီက Senpai အချောလေးက ဆည်လာဖောက်မယ်။
အခုတော့ တာဝန်တော်ကြီးထမ်းရွက်ဖို့ရာ ရုံးခန်းကိုလေးဖက်ထောက်တက်ရတော့မယ်။
ဒီက Baekhyun လေးက ဒီလောက်မြင့်တဲ့ ၆ ထပ်ထိကို လေးဖက်ထောက်တက်မယ်လို့ထင်နေလား။