ဒီနေ့တော့ တစ်ကယ့်နေ့ပါပဲ။ ဘွဲ့ရပြီးကာစ ပထမဆုံးလျှောက်တဲ့အလုပ်မို့ စိတ်ပူမိပါတယ်။
interview ချိန်ထက် အစောကြီးရောက်နေခဲ့တာလည်း အရမ်းလောတတ်တဲ့ သိုးရဲ့ အကျင့်တစ်ခုပါပဲ။aww . .သိုးရဲ့ နာမည်လား ဟုတ်ကဲ့ သိုးဖြူလင်း ပါ။
ထူးဆန်းတယ် ဟုတ်😉။ သိုး မေမေက အရမ်းစိတ်ကူးရင်ဆန်လို့ပါကွယ်။
ဟော ပြောရင်း ဆိုရင်း (အဲလေ တွေးရင်း တောရင်းပေါ့) interview မယ့် မမ တရုတ်မလေး လာပြီလေ။'ဒီက ညီမလေးက ECနဲ့ ကျောင်းပြီးတာနော် '
'ဟုတ်ကဲ့'
'ဒါနဲ့ ညီမလေးက အခုလတ်တလော လိုအပ်တဲ့နေရာကို အရင်ဝင်လုပ်ပေးနိုင်မလား'
'ဟုတ်ကဲ့ လုပ်နိုင်ပါတယ်'(ဘာလုပ်ခိုင်းမယ်မှန်း မသိဘဲနဲ့ 😁)
'ဒါဆို Yuzana Plaza မှာ အလုပ်အရင်ဆင်းပေးနိုင်မလား'
'ဟုတ်ကဲ့ ညီမလျှောက်တဲ့နေရာက ဘယ်တော့လောက် ရမလဲသိခွင့်ရှိမလား အစ်မ'
'ရမှာပါ ညီမလေး သိပ်မကြာစေရပါဘူး'
'ဟုတ်ကဲ့ ဒါဆိုရင် Yuzana Plaza မှာ အရင်ဆင်းလိုက်ပါ့မယ်'
'ok ညီမလေး မနက်ဖြန် မနက်၉နာရီ ဒီph no. ကို ဆက်လိုက်နော်
ဒါ ညီမလေးနဲ့ အတူလုပ်ရမယ့် ခေါင်းဆောင်အစ်မ'ဆိုပြီး ph no. တစ်ခုရေးပေးတယ်။
❤ ၀၉၂၅၄....၂၃ ❤ ဒီနံပါတ်လေးတွေက ကိုယ့်ရဲ့ အရှင်သခင် ဖြစ်လာမယ်ဆိုတာ တစ်ကယ်ကို မသိခဲ့မိဘူး....
၈နာရီခွဲကတည်းက အဲ့ plazaက ဆိုင်ကို သိုး တွေ့ပြီးပြီလေ။
အတွေ့ကြုံမရှိတဲ့ ဘွဲ့ရကာစ တစ်ယောက်မို့ ကိုယ်လိုချင်တဲ့ နေရာ မရသေးခင်မှာ သည်းခံလုပ်ရမှာပဲလေ။လုပ်ချင်စရာမရှိပါဘူး ။ Huawei phတွေကို အဓိက ကိုယ်စားလှယ်ယူထားတဲ့ ဆိုင်ကြီးပေါ့။ လူတွေရှုပ် မျက်စိရှုပ် စက္ကူဖာတွေကိုတိပ်နဲ့ပိတ်သံတွေ ဆူညံလို့။
ဒီအလုပ်ကို မလုပ်တော့ဘဲ အိမ်ကို လှည့်ပြန်ဖို့ စိတ်ကူးတွေ ခဏခဏ ဝင်လာတယ်။ ဒါပေမယ့် မပြန်မိပါဘူး။ တက္ကသိုလ်မှာ မျက်နှာမငယ်အောင် ကြိုးစားဖြည့်စည်းပေးခဲ့တဲ့ အမေ့ကို သနားတယ်။
အလုပ်ရရင် အမေ့ကို လစာလေးအပ်ရင်း အမေလိုတာ သုံးစေချင်တယ်။
ဟော ၉နာရီထိုးတော့မယ်..
'တီ. တီ .'
'ဟယ်လို'
ခပ်မာမာနဲ့ တည်ငြိမ်တဲ့ အသံ . . .
သိုး ပုခုံးတွန့်မိတယ် ကြောက်စရာကြီး ဟီး. . .'မငုရင့်ရောင် လားမသိဘူး ဟိုလေ ညီမ ဒီနေ့အလုပ်စဆင်းမယ့် သိုးဖြူလင်းပါ' ရင်တွေတလှပ်လှပ်နဲ့ . .
'ဟုတ်ပါတယ် ညီမ ဝင်ပေါက်၈က အပေါ်တက်ပြီးရင် တည့်တည့် လျှောက်ခဲ့လေ ဆိုင်ကို ရှာတွေ့လား'
'ဟိုလေ အမ ညီမကို စက်လှေကားထိပ်က လာခေါ်ပေးပါလား ညီမမရှာတတ်လို့'
သိုး လိမ်လိုက်မိတယ်
တစ်ကယ်တော့ လူတွေရှုပ်ရှက်ခက်နေတဲ့ ဆိုင်ထဲ မဝင်သွားချင်လို့ပါ .
အင်း. . .ဟိုမမကိုသွားခေါ်ပေးရဦးမယ် တကတဲ အလုပ်များနေရတဲ့ ကြားထဲ အေးလေ ဘယ်တတ်နိုင်မလဲ
'ညီမလေးရေ အမ ဝန်ထမ်းအသစ်ကို သွားခေါ်လိုက်ဦးမယ်'
ငုရင့်ရောင် ပြောပြောဆိုဆို သွက်လက်စွာ ထွက်လာလိုက်တယ်
ကိုယ်က ကြာတာ ဘာမှ မကြိုက်ဟော တွေ့ပါပြီ မယ်မင်းကြီးမ ဂျင်းဘောင်းဘီနဲ့ ရှပ်အကွက်နဲ့ နားကြပ်တန်းလန်းနဲ့ phပြောပြီး ထောင့်မကျိုးတဲ့ ထိုသူမကို။
အင်း . . အပေါ်ကuniformဝတ်ထားပြီး အောက်က office စကပ်နဲ့ ။ ဖိနပ်မြင့်မြင့်ကိုစီးထားပြီး လမ်းလျှောက်ရင် အပေါ်လှန်ညှပ်ထားတဲ့ ဆံပင်ရွှေရောင်ကောက်ကောက်တွေက ဖွားကနဲ ဖွားကနဲ။
ခက်ထန်ထန် မျက်နှာနဲ့ မမ ကို သိုး ငေးကြည့်နေမိတယ်။'လာ ညီမ'
'ဟုတ်'
မမ နောက်က ခပ်သွက်သွက် လိုက်ခဲ့ရင်း အသက်ရှုမဝဘူး။.
အလုပ်တွေရှုပ်ရင်း နေ့လည်စာစားချိန်တွေလည်း ကျော်ကုန်ပါပြီ။ကိုယ့်ရှေ့တည့်တည့်က မမ ကို ခိုးကြည့်လိုက်တော့ သွယ်လျလျ လက်ချောင်းလေးတွေက laptop keyboardပေါ် ပြေးလွှားနေလေရဲ့။'ဟိတ် ထမင်းသွားစားတော့လေ'
ဆတ်ကနဲ လန့်သွားတယ် . . အမလေး အမရယ် အသံကလည်း. . ဟူး
'ဟုတ်ကဲ့ မဆာသေးပါဘူး'
ဟင့်အင်း မစားတတ်ပါဘူး လူတွေကလည်း အများကြီး
'မစားလို့ဘယ်ဖြစ်မလဲ သွားစားမြန်မြန် အိမ့်. . သူနဲ့အတူသွားစားလိုက်'
'ဟုတ်ကဲ့ အမ'
'ဟုတ်'
ဟင့် ဘယ်လိုကြီးပါလိမ့် ကြာရင်သေမယ်ထမင်းလည်း ၂လုတ်လောက်ပဲ ဝင်တယ် လူတွေအများကြီး ဖြတ်သန်းသွားလာနေတာ တစ်ကယ် မြိုမကျဘူး အဟုတ်. . .
ဟိုမမ သူတော့ ဘယ်နနှနာရီမှ စားမလဲမသိ အခုတောင် ၄နာရီကျော်ပြီလေ
အလုပ်လုပ်ကောင်းဆဲ မမ က so smart😍
