'မှန်ရှေ့ရပ်တာ ၁၂ခါလောက်ရှိပြီ'
'အာ မေ ကလည်း ဒီတိုင်းပဲ ကြည့်ကြည့်တာပါ
သိုးကိုကြည့်ပါဦး ကြည့်ကောင်းရဲ့လား''ကောင်းပါတယ်တော် ကောင်းပါတယ် တကတဲ တက်ကြွနေလိုက်တာ'
ပြုံးပြီး မေမေ ထွက်သွားတော့ ကိုယ့်ဘာသာကိုယ် ရှက်နေမိတယ်
တစ်ကယ်ပါ အလုပ်သွားဖို့ အရမ်းကို တက်ကြွနေတာ
မမကြောင့်လို့ ခေါင်းစဉ်တပ်ရမလား
သေချာသလို မသေချာသလိုပေမယ့်
မိုးလင်းတာနဲ့ တွေ့ချင်နေပြီလေ'ဟူးး ကားကလည်း ကြပ်လိုက်တာ'
plazaရောက်တော့ ဆိုင်တောင် မဖွင့်သေးဘူး
အရမ်းတွေ ဝီရိယကောင်းနေတာ😁နာရီဝက်လောက်စောင့်ပြီးတော့ မမ ရောက်လာပြီလေ
သိုးကို ပြုံးပြပြီး တခြားလူတွေနဲ့ စကားပြောနေတဲ့ မမကို
အချိန်အတော်ကြာငေးနေမိတယ်
စကပ်တိုလေးနဲ့ ဖိနပ်အမြင့်လေးစီးပြီး ကုတ်အင်္ကျီလည်း ကြိုက်တတ်တဲ့ မမက အရမ်းကို smartကျလွန်းတယ်*မမရေ အနာဂတ်ကို ကြိုမသိပေမယ့် မိုးလင်းတိုင်း မြင်နေပါရစေ*
အဲ့ကောင်မလေးက တစ်မျိုးပဲ
စတွေ့ကတဲက ရီဝေတဲ့ အကြည့်လေးနဲ့ စကားလည်း သိပ်မပြောဘူး
လူလည်း ကြောက်တတ်ပုံရတယ်
ငုကိုတော့ ခင်ပုံရတယ်
အကြောင်းမရှိ အကြောင်းရှာပြီး phဆက်တတ်တယ်လေ
သူ့ကို လှမ်းကြည့်မိရင်လည်း ရှက်ပြုံး ပြုံးတတ်သေးတယ်
ဘယ်လိုလေးလည်း မသိပါဘူး
မပွင့်မလင်းနဲ့😒
ဘယ်လိုဖြစ်ဖြစ် ကိုယ့်ဆီရောက်လာတဲ့ ညီမလေးတွေကို
ဂရုစိုက်ရမှာ ငု တာဝန်ပဲလေ. . .
'ငုရေ ဒီမှာ သမီး ငုံးဥချက်လာတယ်
လာမြည်း ကြည့်'အဲ့လဲ့ ငုံးဥချက်တယ် ဆိုပဲ 😒
ဒါနဲ့ ငုရေ ဆိုတာက ဘာလဲ
ဟွန်း ရုပ်ကိုက 😡
ငါ့မမကို မြူဆွယ်နေတာလား ဟင်းး😠
(ဂျယ်လီတေ နင်နေပါပြီနော် 😄)
ဟိုမမကိုလည်း ကြည့်လေ မြည်းကြည့်ပြီး အရမ်းတွေ ချီးကျူးနေတယ်
ဒါလေးများ ခက်တာလဲ မဟုတ်
အဲ့ ငုံးဥကို ငါအမြင်တွေကတ်နေပြီ
နောက်နေ့ကျမှ ဟင်းးးဟင်း 😏'ဟဲ့ သမီး အစောကြီး ဘာတွေလုပ်နေတာတုန်း'
'သိုး ဟင်းချက်နေတာလေ မေရဲ့ ဟီးးး😁'
'အံမယ် တစ်သက်လုံး ထမင်းဘူးထဲ ကြက်ဥတစ်လုံး
ကြက်ကြော်တစ်တုံးလောက်နဲ့ သွားနေတဲ့ ငပျင်းကများ
ထူးထူးဆန်းဆန်း ၃ဆင့်ချိုင့်နဲ့ပါလား 😲''မေနော် တစ်ခါတစ်လေတော့လည်း အပြောင်းအလဲပေါ့
ဘာလဲ မသဒ္ဓါဘူးလား ပြော😣''စားပါတော် စားပါ မသဒ္ဓါဘူး မပြောမိပါဘူးတော်'
မေမေကတော့ လက်တခါခါနဲ့ ထွက်သွားလေရဲ့
'အစ်မ ဒီဟာလေး မြည်းကြည့်ပါလား ☺'
'အယ် ဘာတွေလဲ ညီမလေး'
*ဒီကလေးမ ထူးထူးဆန်းဆန်းနဲ့ မနေ့က ငုံးဥကြောင့်များလား 😅*
'သိုး ဟင်းချက်လာတာလေ ဝက်သားဟင်း
အစ်မအတွက်ပါ ပိုထည့်လာတာ☺
ကန်စွန်းနဲ့ မှိုကြော်လည်း ပါတယ်😋'*ဟုတ်တယ်လေ လာနှိုက်ချင်တဲ့ လူတွေကြောင့်
ကြိုပြောပြထားတာ 😝*'ဟယ် ညီမရယ် အစ်မက ဝက်သားမစားဘူး ညီမရဲ့ 😦
ငယ်ငယ်ကတည်းက မစားတာ ခြေလေးချောင်း မစားတာ ညီမရဲ့'*ချက်ထားတာလေးက စားချင်စရာပါ
ငု ငြင်းလိုက်တော့ သူ့ခမျာ မျက်နှာလေး တော်တော်ပျက်သွားရှာတယ်*'ဟင် တကယ်လား မ' ဟာဗျာ
ဘာလို့လဲ😣'လွှတ်ကနဲ မ'လို့ ခေါ်လိုက်မိတယ်
တော်သေးတယ် မ'က သတိမထားမိလို့🤐
သိုး ကိုယ့်ဘာသာ ဒေါသထွက်နေမိတယ်
တစ်ကယ်ပဲ တလွဲလုပ်တတ်လွန်းတဲ့
ကိုယ့်ကိုကိုယ် စိတ်ကုန်မိတယ်
ခုတော့ ကိုယ့်စေတနာ ဟင်းလျာလေးတွေက
ဘေးက လုပ်ဖော်တွေရဲ့ ပန်းကန်ထဲမှာ ပြောင်စပ်စပ်. . .'ကန်စွန်းရွက်နဲ့ မှိုကြော် စားမယ်လေ
အစ်မ က အရမ်းကြိုက်တာ ကျေးဇူးပဲနော် ညီမလေး'*ပြောလိုက်တော့မှ ပြန်ပြီးပြုံးစိစိဖြစ်လာတယ်
ရုပ်ကိုက အဲ့လိုလေး ချက်ချင်းကြီးပဲ 😂*'အများကြီး စားနော် မ' '
😁😁😁😁
