'အရမ်းချစ်တယ် မ'. . .'
မ'မသိအောင် ခိုးရိုက်ထားတဲ့
မ'ဓါတ်ပုံလေးကိုကြည့်ရင်း ပြောနေမိတယ်
သိုးနှုတ်ကနေ ဆက်ဆက်ပြောချင်တာပါ
မ'နဲ့ မတွေ့ခင်အချိန်ထိ သိုး အချစ်ဆိုတာကို မသိခဲ့ဘူး
ရည်းစားလည်း မထားခဲ့ဖူးဘူး
ဒါပေမယ့် မိန်းကလေးတစ်ယောက်ကို ချစ်မယ်လို့တော့
မတွေးမိခဲ့ဘူးအခုက ဘယ်လိုခံစားမှုလဲ ??
တွေးလေလေ မရေရာလေလေမို့
သိုး ဆက်မတွေးချင်တော့ဘူး
မ'မျက်နှာလေးမြင်ရတာ ပျော်တယ်
ပျော်တဲ့အတိုင်းလေး ဆက်နေကြည့်မိတာ
အရမ်းမမှားလောက်ဘူးလို့တော့ ထင်တာပဲလေအခုဆို မ'အနားမှာနေနေတာ ၃လလောက်ရှိပြီ
အခြေအနေတိုးတက်လားဆိုတော့လည်း
အရမ်းကြီးတော့ မဟုတ်ဘူးပေါ့
ဒါနဲ့ ဝမ်းသာစရာတစ်ခုက
ဒီနေ့ သိုး မွေးနေ့လေ
မ'နဲ့ ရုပ်ရှင်သွားကြည့်ဖို့ ပူဆာထားတယ်
၂ယောက်တည်း ဟဲဟဲ😉
👭😁'Wow 😲 လှနေရောပဲ'
'ဘယ်မှာလှလို့လဲ😏'
'ဟာ မ'ရာ တစ်ကယ်လှနေတာ'
ဟွန်း . .လှနေလိုက်တာ ရင်ဘတ်လေး ဟိုက်နေတာကလွဲလို့
အနက်ရောင်ပေါ်မှာ နှင်းဆီပွင့် နီနီတွေနဲ့ ရင်ဖုံးလေးကို
ရင်ဘတ်မှာတော့ ဇာအနက်လေး ဆက်ထားတယ်
မြန်မာဝမ်းဆက်လေးနဲ့ကို ဒါပထမဆုံး မြင်ဖူးတာပါ'ဒါနဲ့ ရင်ဘတ်က ဘာလို့ ဟိုက်နေတာလဲ😒'
'ဘယ်မှာဟိုက်လို့လဲ ဇာပါတယ်လေ😞'
'အဲ့ဇာက ပါးပါးလေးလေ မြင်နေရတယ် အကုန်😖'
'တော်တော့ မရှည်နဲ့တော့ လာ သွားမယ်'
ရုံထဲရောက်တော့ လူရှင်းနေတယ်
တစ်ကယ်ဆို အတွဲခုံလေးမှာထိုင်ချင်တာ
မပြောရဲဘူးလေ 😄'မ' '
'မ' လို့'
'ဟင် ဘာလဲ'
စိတ်မရှည်တဲ့ လေသံလေးနဲ့'ရော့'
သေသေချာချာ အခွံခွာထားတဲ့ စပျစ်သီးလေးကို ခွံ့ပေးတော့
သူမ သိုးမျက်နှာကို တစ်ချက်လှမ်းကြည့်တယ်
ခပ်သွက်သွက် စားလိုက်ရင်း ရုပ်ရှင်ထဲ မျောနေပြန်ရော
