chapter 💖1💖

7.6K 356 8
                                    

နန်းတော်တစ်ခုရဲ့ ရေပူစမ်းမှာ ရေနွေးငွေ့လေးတွေရဲ့ကြားထဲမှာ
မသဲမကွဲအရိပ်တစ်ခုဟာတဖြည်းဖြည်းထင်ထင်ရှားရှားပေါ်လာခဲ့တယ် ရေပူစမ်းထဲမှာ ရေစိမ်ရင်း မျက်လွှာအသာချထားပီး အနားယူနေတဲ့သူက 'အို' တိုင်းပြည်ရဲ့ရှင်ဘုရင်ဖြစ်တဲ့ Yue(ယွဲ့)...... သူမျက်လုံးလေးအသာအယာဖွင့်ပီးကောင်းကင်ကြီးကိုကြည့်လိုက်တော့ အဖြူရောင်တိမ်တိုက်လေးတွေဟာ လေနှင်ရာလွင့်ပါနေကြတယ် Yue ပါးစပ်ထဲကနေလေတချို့ကို ခပ်ဖြေးဖြေးမှုတ်ထုတ်လိုက်ရင်း

"ရာသီဥတုကသာယာလိုက်တာ......... အခုလိုရေနွေးနွေးလေးစိမ်နေရတာကောင်းပေမယ့် တစ်ခုခုလိုနေသလိုပဲ"

Yue ညာဘက်လက်ကိုလေထဲတစ်ချက်ဝှေ့ယမ်းလိုက်တယ် သူဝှေ့ယမ်းလိုက်တဲ့အချိန်မှာပဲ ခရမ်းရောင်သစ်ခွတွေက မွှေးပျံ့တဲ့ရနံ့နဲ့အတူ တဖွဲဖွဲကျလာပီး ရေမျက်နှာပြင်ပေါ်မှာ အသီးသီးနေရာယူကာ ရေလှိုင်းတွန့်လေးတွေဖြစ်သွားစေတယ် သူပြန်ပီး မျက်လုံးလေးမှိတ်ရင်း ချောမွေ့နေတဲ့ကျောက်တုံးတစ်ခုအပေါ် အမှီပြုလိုက်တယ် ခဏအကြာမှာသူအိပ်ပျော်သွားတယ်

"Yue................"

အေးဆေးတည်ငြိမ်ပီး ကြင်နာမှုအပြည့်နဲ့ သူ့ရဲ့အမည်နာမကိုခေါ်တဲ့ အသံကိုကြားလိုက်တော့ Yue နိုးလာခဲ့တယ် သူဝမ်းသာအားရတုန့်ပြန်အသံပြုမိတယ်

"အစ်ကို HaoXin....???..........."

ဘေးဘီဝဲယာကိုလှည့်ကြည့်လိုက်တော့ ဘယ်သူမှရှိမနေဘူး......သူစိတ်ပျက်စွာရေရွတ်မိတယ်

"ငါကြားယောင်နေမိပြန်ပီ..."

သူရေပူစမ်းထဲကနေမတ်တပ်ရပ်လိုက်ပီး အဖြူရောင်အဝတ်ပါးလေးကို ရေစိုနေတဲ့ခန္ဓာကိုယ်ပေါ်ဝတ်ဆင်လိုက်တယ် ဆံနွယ်တွေကြားကနေရေစက်လေးတွေတွဲလဲခိုလျက်လိုက်ပါလာကြတယ် ရေပူစမ်းအဆောင်အဝင်ဝမှာ ငြိမ်သက်စွာမတ်တပ်ရပ်နေကြတဲ့ အထိန်းတော်ကြီးနှင့်တကွ ရံရွေတော်များ အစေခံများက သူလမ်းလျှောက်လာတာကိုမြင်တဲ့အခါ ဦးညွှတ်ပီး အရိုအသေပေးလိုက်တယ်... သူလက်ခါပြလိုက်တဲ့အချိန်မှာ အထိန်းတော်ကြီးကလွဲလို့ ကျန်တဲ့သူတွေထွက်သွားကြတယ် အထိန်းတော်ကြီးက ဝတ်ရုံတစ်ခုကိုထပ်ပီးခြုံလွှမ်းပေးရင်း

I am a Male EmpressWhere stories live. Discover now