ညမှောင်လာလို့ Yueliang ဖယောင်းတိုင် မီးလေးတွေထွန်းနေတုန်း Tainkong ပြန်ရောက်လာတယ်..."Yueliang......... ငါရေယူလာခဲ့ပီ............ "
Tainkong ကြိုးစားမှုရဲ့ ဆုလာဘ်အဖြစ် Yueliang ဟာ ဖယောင်းတိုင်မီးရောင်တွေကြားကနေ တောက်ပတဲ့အပြုံးလေးတစ်ပွင့်လက်ဆောင်ပေးလိုက်တယ် Tainkong အတွက် နှစ်တစ်ထောင် ဂျင်ဆင်းမြစ်အားဆေးသောက်လိုက်ရသလို ပင်ပန်းနေရာက ချက်ချင်းလန်းဆန်းသွားတယ်
Tainkongပါးစပ်နားရွက်တင်ချိတ်မတတ်ကျေနပ်နေပီး လက်ထဲကဝါးဆစ်ဘူးလေးကို Yueliang ကို လှမ်းပေးလိုက်တယ် Yueliang လှမ်းယူပီး သောက်ဖို့ပြင်လိုက်ပေမယ့် နှုတ်ခမ်းလေးကွေးရုံပြုံးရင်း Tainkong ကိုပြန်ပေးတယ်"အရင်သောက်လိုက်ပါ......... ပင်ပန်းနေပီမဟုတ်လား"
ကြင်နာမှုအပြည့်နဲ့ လေသံလေးကို ကြားလိုက်ရတော့ Tainkong ရင်ထဲကနေခံစားလိုက်ရတယ် Yueliang ဟာနူးညံ့ပျော့ပျောင်းတဲ့မိန်းကလေးတစ်ယောက်ပါလားဆိုတာ သူနားလည်သဘောပေါက်သွားတယ်
Tainkong အနည်းငယ်သောက်ပီး Yueliang လည်းသောက်လိုက်တယ် ခဏနေတော့
"မိုးလည်းချုပ်နေပီ ငါပြန်တော့မယ် ညဖက်တွေသတိထားနော် Yueliang"
"အင်း......... Tain......... Tainkong......... ဟို... "
Yueliang ကခေါင်းငြိမ့်ပြရင်း အားနာတဲ့အသံလေးနဲ့ မရဲတရဲ Tainkong နာမည်ကိုခေါ်လိုက်တယ်
"ဘာဖြစ်လို့လဲ Yueliang"
"ကျေးဇူးတင်ပါတယ်......... ပီးတော့ တောင်းပန်ပါတယ် ကယ်ခဲ့တာကို မသိဘဲ အပြုအမူတွေရိုင်းသွားတယ်"
Tainkong က နူးနူးညံ့ညံ့လေးပြုံးရင်း
"စိတ်ထဲမထားပါနဲ့......... ထိတ်လန့်စရာကြုံမိရင် လူတိုင်း ဒီလိုမျိုးပြုမူမိနိုင်ပါတယ် ဒါဆို ငါတကယ်ပြန်ပီနော်......"
"အင်း............"
Tainkong နန်းတော်ထဲဝင်တော့ ကျေနပ်မှုအပြည့်နဲ့ အောင်ပွဲဆင်လာတဲ့ရုပ်နဲ့ ပီတိဖြာရင်း လမ်းလျှောက်လာတယ် အစေခံတစ်ယောက်က ချန်ချန်ကို မြင်းဇောင်းကို ခေါ်သွားဖို့ပြင်တော့ သူ့မျက်နှာက ဒဏ်ရာကိုမြင်သွားတယ် အစေခံကထိတ်လန့်ပုံပေါ်သွားပေမယ့် Tainkong က ထွက်သွားဖို့ လက်ခါပြလိုက်တာကြောင့် တိတ်တဆိတ်ပဲထွက်ခွာသွားတယ် အဲဒီအချိန် လရောင်မှိန်မှိန်လေးအောက် နန်းတော်ထဲမှာ အခြွေအရံမပါဘဲ တစ်ယောက်ထဲ လေညှင်းခံထွက်နေတဲ့ သူတစ်ယောက်နဲ့ တွေ့တယ်
YOU ARE READING
I am a Male Empress
Fantasíaဟား.........ဟား......ဟား......ဟား အရှင် Yue ကြည့်ပါဦး ငါ့ရဲ့နှင်းဆီမီးတောက်အောက်မှာ တဖြည်းဖြည်းပြာကျတော့မယ့် မင်းရဲ့တိုင်းပြည် ကူရာကယ်ရာမဲ့ပီး နာနာကျင်ကျင်အော်ဟစ်နေရတဲ့ မင်းရဲ့တိုင်းသူပြည်သားတွေကိုကြည့်စမ်းပါ ဟား ဟား ဟား ကိုယ့်တိုင်းပြည်နဲ့တိုင်းသြူ...