မင်း
မင်းနဲ့မတွေ့ခင်က အချိန်တွေပြန်ရောက်ချင်တယ် ။ မင်းလေးက နာမည်လိုပဲ ငါ့ကို စိုးမိုး မင်းမူနေတုန်း ပဲ။ မင်းအကြည့်တွေ ၊ မင်းအသံတွေက ငါအမြဲကြားယောင်နေတုန်းပဲ ။
ငါနင်နဲ့တွေ့ရင် အမြဲမေးချင်နေတာက
"မင်း ငါ့ ကို တကယ်ချစ်ခဲ့တာလား? "
ရင်ထဲမှာ အမြဲမေးချင်ခဲ့တယ်
အတူရှိနေတဲ့ အချိန်တွေလည်း သိချင်ခဲ့တယ် ။ ဒါပေမဲ့ အခုလိုဝေးကွာခဲ့ရပြီး အချိန်မှာ ပြန်တွေ့ခဲ့ရင် ဒီမေးခွန်းလေးရဲ့
အဖြေ ကို အားမနာတိုင်း အမှန်ဖြေပေးပါလား ?ကြွေရွက်လွှာ တစ်ယောက် အရင်က "မင်း" အကြောင်းတွေးလျက် ရင်ဘက်ထဲက နာကျင် လာသည်။ မင်း သည် ကြွေရွက်လွှာ အချစ်ရဆုံး ကောင်လေးဖြစ်သည်။ မင်းသည် အသားညိုသည်ဟုသူငယ်ချင်းများကထင်သော်လည်း အသားမဲသည့်အထဲတွင်မပါဘဲ အသားလတ်ပြီး ကြည့်ကောင်း သည် ဟု အားလုံးက လက်ခံထားကြသည်။
ယောကျ်ား ပီသသော မျက်လုံး ၊မျက်ခုံး တို့ဖြင့် မိန်းကလေးများကြားတွင်လည်း ရေပန်းစားသူ တစ်ဦးဖြစ်သည်။ ကြွေ မင်းကို အကြိုက်ဆုံး အချက်မှာ အပြူံ း ဖြစ်သည်။ မင်း၏ အပြူ း သည် ကြွေ့ကို ဖမ်းစားနိုင်သည် ။ မင်းသည် ပြူံ းသည့်အခါတွင် သူ၏ သွားတတ် ကလေးများ ပေါ်အောင်ပြူံးလေးရှိသည်။ မင်း၏အပြူံ း သည် အပြစ်ကင်းစင်သည် ။ ဟန်ဆောင် မှုကင်းဝေး ည်။ မင်းပြူံ းလိုက်တဲ့အခါတိုင်း ကြွေရဲ့ရင်ထဲမှာ အေးချမ်းသွားသည် ။ သူ၏ အပျော်များလည်း ကူးစက်သွားသလို ကြွေ့ နှုတ်ခမ်းလေး များလည်း ပြူံ းမိသည်။
YOU ARE READING
ကြွေရွက်လွှာ
Romansaလွမ်းဆွတ်ခြင်းကို မင်းလေးမသိသလို ငါရဲ့နာကျင်ခြင်းတွေလည်း နင်သိမှာ မဟုတ်ပါဘူး။ ကြေကွဲခြင်းက ပူလောင်တယ်လို့ နင် အဓိပ္ပါယ် ဖွင့်ဆိုမယ်ဆို ငါ့ရဲ့အချစ်တွေက မီးလိုပါပဲ 💔💔💔