Daehwi တစ်ယောက် ကိုကို့အားစိတ်ဆိုးကာ မှတ်လောက်သားလောက်အောင်ပစ်ထားမည်ဟု စဉ်းစားထားသော်လည်း ကိုကိုကဘယ်လိုဆွဲငင်အားတွေကောင်းနေလဲသူမသိ ကိုကိုပြောသမျှတွေကို နားထောင်ကာ စိတ်ဆိုးဖို့နေနေသာသာ ပြန်၍တောင် အားနာနေရသည့်အဖြစ်...
Hwi:::ကိုကိုက အာ့ဆို ကိုကို့ဖေဖေကိုအတိုက်အခံလုပ်ပြီးပြန်လာတာလား
Jihoon တစ်ယောက် ဆိုဖာပေါ်တွင်ထိုင်ကာ သူ့ကိုအားနာနေသည့်မျက်လုံးလေးများဖြင့် မေးနေသောကောင်လေးအား
Jihoon:::aigoo ကိုကို့ခလေးက ဘာတေကိုစိတ်ပူနေတာလဲ ဘာမှမပူနဲ့ ကိုယ့်အတွက်သာကိုယ်ပူ ကြည့်ပါအုံး ဘယ်လောက်တောင်ပိန်သွားလိုက်လဲ မျက်နှာတွေလဲချောင်ကျနေလိုက်တာ
Hwi:::မပူပဲနေမလား ကိုကိုဆိုတဲ့လူကြီးက ဘယ်လိုဓာတ်တွေနဲ့မြှူစွယ်ထားမှန်းမသိ ကိုယ့်ကိုဒီလောက်ပစ်သွားတာတောင် မမုန်းနိုင်ပဲ အခုစိတ်တွေပူနေရတာ မတရားဘူး ...ဟင့်
Jihoon တစ်ယောက် သူ့ကိုပြောနေရင်းနဲ့ပင် ထငိုသောကောင်လေးအား ရင်ခွင်ထဲသို့ပိုတိုးကာဖက်ထားမိတယ်လေ
Jihoon:::ခလေးရယ် မငိုပါနဲ့နော် ခလေးငိုရင်ကိုကိုဘယ်လောက်ခံစားရလဲဆိုတာမသိဘူးလား။ကိုကို့ကိုချစ်ရင်မငိုပါနဲ့တော့နော်။ပြီးတော့လေ ကိုကိုခလေးကိုဘယ်လောက်လွမ်းနေရလဲသိရဲ့လား။ခလေးဘက်ကဖုန်းမဆက်မချင်းကိုကို့ဘက်ကဖုန်းမဆက်ကဘူးလို့ ဟောဒီ့ကကိုကို့ရဲ့မင်းသားလေးကအမိန့်တော်ထုတ်ထားတော့ ကျွန်တော်မျိုးကမဆက်ဝံ့ဘူးလေ
Jihoon ပြောရင်းနဲ့ ရင်ခွင်ထဲကကောင်လေးအား မေးစေ့လေးမှ ဆွဲမော့ကာမျက်ရည်လေးတွေသုတ်ပေးမိသည်။jihoonတစ်ယောက်အမြဲတမ်းချုပ်တီးထားရသောစိတ်အခြေနေ အခုလဲကျုံရပြန်ပီလေ။သူ့ရှေ့ကနေ သူ့ကိုမျက်လုံးလေးဝိုင်းကာကြည့်နေသောကောင်လေး။ပန်းနုရောင်သန်းနေသောနှုတ်ခမ်းလေး။
အဲ့ဒီနှုတ်ခမ်းလေးတွေကိုစွဲလမ်းနေခဲ့တာ တမ်းတနေခဲ့တာ ။ဒါပေမယ့်လဲ ခလေးဘက်ကဘာမှခွင့်မပြုပဲ သူဘာမှလုပ်မည်မဟုတ်ပါ။သို့သော် သို့သော်လဲ ဒီလောက်နှစ်တွေအများကြီး ခွဲခွာခဲ့ရသည်မဟုတ်လား ဘယ်လိုပဲဖြစ်ဖြစ် သူအရမ်းလွမ်းနေခဲ့ရတာလေ အနမ်းလေးတစ်ခုလောက်တော့ယူလို့ရတယ်မလား...ဟင်
YOU ARE READING
More than Hate..But
Fanficကျတော်လေ ခဗျားကြီးကိုသိပ်မုန်းတာပေါ့... အမုန်းဆိုတဲ့အရာကြီးရဲ့ အဆုံးစွန်ထိကိုမုန်းတယ်... ဒါပေမယ့်လေ...အဲ့ဒီ့အမုန်းကြီးရဲ့ အဆုံးမှာအချစ်ဆိုတာကြီး ရှိနေမယ်လို့ ကျတော်စဉ်းတောင် မစဉ်းစားမိခဲ့ဘူး...