"Chanyeolလာနေပြီ ဘေးမှာ သူ့သူငယ်ချင်းတွေမပါဘူး မင်းသွားစကားပြောဖို့အချိန်ကောင်းပဲ Kris "
သူငယ်ချင်းဖြစ်သူ Chen ရဲ့အပြောကြောင့် ကျွန်တော်လှမ်းကြည့်လိုက်တော့ ဟုတ်ပါရဲ့ ။ ကျွန်တော့်ကောင်လေး ကျောပိုးအိတ်ကိုလက်တဖက်တည်းဖြင့်လွယ်လျက် တည်တည်တံ့တံ့မျက်နှာထားဖြင့် တလှမ်းချင်းလှမ်းလာလေတယ် ။
ချစ်ရေးဆိုပြီး တပတ်ခန့်ကြာသည်အထိ ကျွန်တော် သူ့မျက်နှာကိုရင်မဆိုင်ရဲခဲ့တာ ။ ဒီရက်ပိုင်းအတွင်း ကျွန်တော် ဂျူနီယာတန်းဘက်ကိုလည်းမသွားခဲ့ဘူး ။ မျက်နှာမြင်ရင် ဒီရင်ကမလွယ်ဘူး ။ ဘာသားနဲ့ထုထားတာမိုလို့ ။
ဒါပေမယ့်လည်း မျက်နှာလေး တနေ့တခါမှမမြင်ရရင် အသည်းကွဲတဲ့ရောဂါက ပိုပိုပြီးဆိုးတယ် ။ ကြည့်ခွင့်မရှိလို့ အတွေးထဲမြင်ယောင်ပုံဖော်ကြည့်နေရတဲ့အဖြစ်က ရင်နာစရာကောင်းတယ် ။ ဒါပေမယ့်လည်း ဘယ်တတ်နိုင်မှာလဲ ။ ကိုယ့်ဘက်ကအရင်စည်းဖောက်ပြီး သူငယ်ချင်းသံယောစဉ်အစား ချစ်ခွင့်ကိုတောင်းခဲ့တာပဲ ။ သူက မချစ်ချင်ဘူးလို့ အပြီးပြတ်ငြင်းလိုက်မှတော့ ဘယ်မျက်နှာနဲ့ သူ့ကိုဂျူနီယာတယောက်လို ဖြူဖြူစင်စင်ဆက်ဆံနိုင်ပါတော့မလဲ ။
ဒါပေမယ့်လည်း လွမ်းတယ် ကောင်လေးရယ် ။
ရင်ထဲကအလွမ်းက သိပ်သိသာတာ ။ အခု မင်းမျက်နှာလေးမြင်လိုက်ရတာနဲ့ ကိုယ့်ရင်ထဲကဝေဒနာတဝက်လောက်သက်သာတယ် ။ ဒါတွေ ကောင်လေး မင်းမသိပါဘူး ။
"Kris ...သွားလေ ..."
"မသွားရဲဘူး .....သူ ငါ့ကိုစိတ်ဆိုးနေမှာ ..."
မချင့်မရဲကျွန်တော်ပြောလေတော့ Chenက အားမရသကဲ့သို့ ။ ခေါင်းတခါခါ သက်ပြင်းတချချနှင့် ။
တကယ်မသွားရဲတာပါ ။ သူ့ရှေ့ရောက်ရင် ...သူ့မျက်ဝန်းတွေနဲ့ရင်ဆိုင်ပြီး ကျွန်တော် ဘယ်စကားက စပြောရပါ့ ။ အကယ်၍ သူ့ရှေ့ကိုထပ်မလာဖို့များပြောခဲ့ရင် ဒီကောင် ရင်ကွဲပြီး သေမှာ ။
