part -23 <final>

1.1K 86 40
                                    

မပြန်​တာကြာပြီဖြစ်​​သောအိမ်​​လေးက တံခါးဖွင့်​လိုက်​သည်​နှင့်​ ဖုန်​​တွေ အမှုန်​​တွေကထုနဲ့​ဒေးရယ်​မို့ က်​သ​လောက်​မှတ်​သ​လောက်​သန့့်ရှင်း​ရေးလုပ်​ရသည်​.......ဝန်​ထမ်း​ခေါ်ပြီးခိုင်းရင်​ရ​သော်​လည်း ဟိုလူသား​ပြန်​​ရောက်​လာလျှင်​'ကိုကို...!!ဒါ​တွေအားလုံးကျ​နော်​လုပ်​ထားတာ'ဟုပြန်​ကြွားကာ အမှတ်​ယူချင်​သေးသည်​မို့အိပ်​ခန်းကအစ tioletအဆုံး ကိုယ်​တိုင်​သန့်​ရှင်း​ရေးလုပ်​​နေရသည်​......

အခုအချိန်......​သီချင်းတစ်​ပုဒ်​ကိုညည်းရင်း သန့်​ရှင်း​ရေးလုပ်​​နေ​သောကိုယ့်​ကိုသာ အသိတစ်​​ယောက်​​ယောက်​များမြင်​သွားလျှင်​ စိတ်​ကျန်းမာ​ရေး​ဆေးရုံကို​နောက်​တစ်​​ခေါက်​ပို့မည်​ထင်​........အခုjaeminပုံစံက သူတို့​တွေ့ဖူးတဲ့ပုံစံနဲ့လုံးဝကိုဖီလာဆန့်​ကျင်​​နေတာကို.......

အလုပ်​အားလုံးပြီးသ​လောက်​ဖြစ်​​သောအခါ ​ကြမ်းပြင်​​ပေါ်​ဖြေပစ်​လက်​ပြစ်​ထိုင်​ချမိသည်

နာရီကြည့်​မိ​တော့၃နာရီခွဲ

ဒီညလည်းညလုံး​ပေါက်​ပြန်​ပြီ.......သို့​သော် တစ်​စုံတစ်​​ယောက်​အတွက်​ရည်​ရွယ်​ပြီးလုပ်​တဲ့အလုပ်​မို့နဲနဲမျှမပင်​ပန်း.......ကြည်​နူးဝမ်းသာခြင်း​တွေနှင့်​သာပြည့်​​နေ​လေသည်​......

"လွမ်းလိုက်​တာကိုကိုရယ်​......."

ဝရန်​တာမှာမက်​တပ်​ရပ်​ရင်း ကိုကိုရှိရာအရပ်​မှန်းဆကာဆိုမိသည်​.......

"သွား​ပြေး​တွေ့လိုက်​ရင်​​ကောင်းမလား.......?"

Dr ဟင်​နရီ​ပြောခဲ့​သောစကား​တွေကိုပြန်​ကြား​ယောင်​မိ​တော့ ​ခေါင်းကိုသာအသာခါယမ်းမိသည်​......

"အခုချက်​ချင်းပြန်​​ခေါ်သွားဖို့ကမဖြစ်​နိုင်​ဘူးထင်​တယ်​jaemin......jun​လေးကိုအချိန်​နဲနဲ​​လောက်​​ပေးလိုက်​ရ​အောင်​​လေ .......သူ့ရဲ့​အတိတ်​​မေ့​ရောဂါကလုံးဝ​မျှော်​လင့်​ချက်​မရှိတာ​တော့မဟုတ်​ဘူး​လေ......အချိန်​ယူပြီး ဖြည်းဖြည်းချင်းစဉ်းစားရင်​ ​ပြန်​မှတ်​မိလာနိုင်​တယ်​.....အခု သူ့စိတ်​ကနုနုနယ်​နယ်​​လေးဖြစ်​​နေတာဆို​တော့အတင်းအကြပ်​​တွေလုပ်​ရင်​လန့်​သွားမှာစိုးတယ်​...........တစ်​နှစ်​ကြီး​တောင်​​စောင့်​ခဲ့​သေးတာပဲjaeminရရ်​......ဒီတစ်​လနှစ်​လ​လောက်​​လေးကိုနဲနဲ​လေးပဲသည်းခံ​ပေးပါ......."

♥ tWiLiGhT✨Место, где живут истории. Откройте их для себя