part - 19

856 80 22
                                    


နွားနှင့်​ခြ​သေ့င့်္တို့ချစ်​ခင်​ကြသည်​ကို ​မြေ​ခွေး​ရောက်​လားပြီး ဖျက်​စီးခဲ့တဲ့ငယ်​ငယ်​တုန်းကဖတ်​ခဲ့ဖူး​သောပုံငြ်​စာအုပ်​ထဲကလို......ကျ​နော်​နဲ့ကိုကိုရဲ့သာယာ​အေးချမ်း​နေတဲ့ဘဝ​လေးထဲကို chrisဆိုတဲ့သုံး​ယောက်​​မြောက်​အ​ဖော်​​လေး​ရောက်​လာခဲ့သည်

သူ​ရောက်​လာပီးထဲက ကိုကိုသည်​ကျ​နော့အားအ​ရေးမလုပ်​​တော့ အဲ့​ကောင်​​လေးနှင့်​သာအချိန်​ကုန်​​လေ့ရှိသည်​......
ဖမ်းလာ​ပေး​သောဦး​လေးယူကို​တောင်​အမြင်​မကြည်​ဖြစ်​ချင်​လာသည်

အခုလည်း ခြံထဲဆင်းကာထို​ကောင်​​လေးနဲ့​ဆော့​နေ​လေရဲ့

"ကိုကို​ရေ......ထမင်းစားမယ်​​လေ......."

"စားထားနှင့်​ ငါ chrisကိုအစာ​ကျွေးရဦးမယ်​........"

စိတ်​ရှိတိုင်းသာဆိုရင်​ ကိုကို့ရင်​ခွင်​ထဲကထို​ကောင်​​လေးအားဂုတ်​က​နေဆွဲကိုင်​ကာ ​တောထဲလွှင့်​ပစ်​ပြီးဝံပု​လွေအစာသာ​ကျွေးလိုက်​ချင်​သည်

ကျ​နော့စိတ်​ကူးကိုမသိ​သောjunက​တော့ ရင်​ခွင်​ထဲကထို​ကောင်​​လေးအား​ခေါင်း​လေးကိုပွတ်​ကာ

"chrisကချစ်​စရာ​လေး​နော်​ jaeminee....."

"အင်း​နော်​......"

အ​မွှေးနှုတ်​ချင်​စရာ​လေး.....
.စိတ်​ကူထဲတွင်​​တော့ chrisရဲ့ကိုယ်မှာအ​မွှေးတစ်​ပင်​မှမရှိ​တော့

"လာပါကိုကိုရာ......ကျ​နော်​ဗိုက်​ဆာ​နေပီ........"

လက်​ကိုအတင်းဆွဲကာ​ခေါ်လာ​တာ​တောင်​​လှည့်​ကြည့်​လှည့်​ကြည့်​နဲ့​နောက်​ဆံတင်း​နေ​သေးသည်

"မင်းကလည်း သူ့ကို​အရင်​​ကျွေးလိုက်​လို့ရတဲ့ဟာကို ခန​စောင့်​​ပေးတာမဟုတ်​ဘူး......."

အံမယ်​...ကိုယ်​ဗိုက်​ဆာ​နေတာ​တောင်​ဒီယုန်​အစုတ်​ပလုတ်​စားပီးတဲ့အထိ ​စောင့်​​ပေးရမတဲ့လား? Injunက​တော့ ကိုယ့်​စိတ်​ကိုစမ်း​နေတာပါ​လေ......​တွေ့မရ်​ ညကြမှ......

"​chris​တော့ဗိုက်​ဆာ​နေ​တော့မှာပဲ........."

ထမင်းကိုပါးစပ်​ထဲထည့်​​နေ​သော်​လည်း စိတ်​​က ထိုအခွင့်​ထူးခံလူတန်းစားဆီကို​ရောက်​​နေ​သည်​ ...... သူ့​ရှေ့မှာထိုင်​​နေတဲ့ကိုယ်​က​တော့အဖက်​လုပ်​မခံရခံလူတန်းစားပါ​လေ......သည်းခံ သည်းခံ ......

♥ tWiLiGhT✨Onde histórias criam vida. Descubra agora