"ကိုကြီး!!"
ကျောင်းဆင်းချိန်ကျော်နေပြီဖြစ်လို့အမြန်သွားကြိုတော့....ပြေးဖက်တဲ့ကလေးငယ်...
ဒီနေ့မှပဲအလုပ်တွေကပုံနေတော့နောက်ကျသွားတယ်လေ.....
"ကိုကြီးရဲ့ငယ်လေးကကိုကြီးကိုစောင့်နေတာကြာသွားပြီလား...."
ဖက်တွယ်လာတဲ့ခန္ဓာကိုယ်လေးကိုရင်ခွင်ကျယ်ကြီးထဲဖက်ထားပေးလိုက်တယ်.....
ရင်ခွင်ထဲကနေပြီးချွဲနေတဲ့ငယ်လေး...
"ကိုကြီး....ငယ်လေးကိုအိုက်စခွင်ဝယ်ကျွေးပါနေိာ..."
"Icecreamပါငယ်လေးရာ...ဘာလိုအိုက်စခွင်ဖြစ်ရတာတုန်း😅"
"သိပုသိပု....အိုက်စခွင်ပဲ...ဟွင့်..."
"Haha,....ဟုတ်ပါပြီကွာ....သွားကြတာပေါ့.."
ထိုကလေးဆိုးလေး၏တောင်းဆိုချက်ကိုငြင်းဆိုဖို့ငှါမစွမ်းသာပါလေ...
ကလေးဆိုးလေးနဲ့ အတူ ရေခဲမုန့်ဆိုင်ကို ချီတက်လာခဲ့တယ် သူစားနေကျ စတော်ဘယ်ရီ လေး မှာ ပီး ခုံနေရာမှာ လာပြန်ထိုင်လိုက်တယ်
ကလေးငယ်ဟာ tissue တစ်ရွက်ကို ယူပီး ပေါင်ပေါ်မှာ ခင်း နောက်တစ်ရွက် ထပ်ယူပီး အင်္ကျီလည်ပင်းပေါက်နားလေးမှာ ညပ်ပီး စားရန် အဆင့်သင့် ဖြစ်ပီ ဆိုတဲ့ အနေအထားနဲ့
"SeHun yaa"
ရေခဲမုန့် စောင့်နေတုန်း ကိုယ့်နာမည် လှမ်းနှုတ်ဆက်တာကြောင့် SeHun လှည့်ကြည့်လိုက်တော့
"Awww Baek Hyun naaa ဘာလဲ မင်းလဲ ရေခဲမုန့်လာစားတာလား"
သူ့ဆိုတဲ့ နာမည်ကို ကြားလိုက်တာနဲ့ ရုတ်ချည်း ပြောင်းလဲ သွားတဲ့ ကလေးရဲ့မျက်နှာ အနေအထားကို BaekHyun ရိပ်မိလိုက်တယ်
"Omm ဆိုပါတော့ကွာ Hi ChanYeollie"
ဟွင့်
"ငယ်လေး ကိုကြီး သန့်စင်ခန်း ခဏသွားလိုက် ဦးမယ် BaekHyun Hyung နဲ့ ခဏနေခဲ့ ဦးနော်"
"ဟင့် ကိုကြီး ကလဲ"
သူနဲ့ ခဏနေဖို့ ပြောတာပဲ ကို နှုတ်ခမ်းက ချက်ချင်း စုချွန်လာတယ်လေ ဘာတွေ များ သူနစ်နာသွားမှာကျနေတာပဲ ဒီကလေးနယ်