***Zawgyi***
"Chanyeol ဒီည ဘာစားချင်လဲ?
ငါဘာချက်ပေးရမလဲ??""ရတယ် မင်းကြိုက်တာသာချက် ငါကအကုန်စားတယ်"
"ပြီးတာဘဲ အာ့ဆို ငါအဆင်ပြေတာချက်လိုက်မယ်နော်"
Jongin နဲ့ market ထဲအတော်ကြာကြာပတ်ပြီးဈေးဝယ်ဖြစ်ကြသည်။
အိမ်ထဲမှာနေရတာ အတော်လေးမွန်းကြပ်နေတာမို့
အခုလိုအပြင်ထွက်လာတော့လဲ လန်းဆန်းသွားသလိုပင်....ဈေးဝယ်ပြီးတော့ နှစ်ယောက်သား အိမ်ပြန်ဘဲတန်းပြန်
ခဲ့ကြသည်လေ...."Arrr သေပြီ!! မေ့သွားပြီ!!"
ကားလမ်းကူးဖို့စောင့်နေတဲ့အချိန်မှာ
Jongin ထအော်တာကြောင့် ကျွန်တော်လန့်သွားရသည်။ ဘေးကလူတွေပင်သူ့ကိုကွက်ကြည့်ကွက်ကြည့်နဲ့..."ဘာဖြစ်တာလဲ Jongin ရာ အလန့်တကြားနဲ့"
"အသားတွေဝယ်ဖို့မေ့ခဲ့လို့....ငါအမြန်သွားပြေးဝယ်လိုက်ဦးမယ် မင်းဒီမှာခဏနေခဲ့လို့ဖြစ်တယ်မလား"
"အင်း ရတယ် အမြန်သွားဝယ်လေ ငါစောင့်နေမယ်"
"လမ်းမကူးနှင့်နဲ့နော်...ငါနဲ့မှတူတူကူးမယ်နော်
ငါစိတ်ချမယ်နော်"စိတ်မချဟန်အထပ်ထပ်မှာနေတဲ့ Jongin ကြောင့်
ကျွန်တော်ပြုံးလိုက်မိသည်။"စိတ်ချပါ ငါကလေးမဟုတ်တော့ပါဘူးကွ
မင်းလာမှကူးမှာမပူနဲ့ ငါ့ဘာသာငါလဲလမ်းမကူးနိုင်ဘူး""အင်းပါ အာ့ဆိုငါအမြန်ပြန်လာခဲ့မယ်နော်"
ပြောပြီးတာနဲ့ Jongin market ထဲအမြန်ပြေးဝင်သွားတော့သည်။
ကျွန်တော့်ကိုစိတ်ပူပေးတဲ့သူ့ကြောင့်ပျော်မိပါ၏။
လမ်းကူးဖို့မီးလေးစိမ်းတော့ ကျွန်တော့်ဘေးကလူတွေအကုန် လမ်းကူးသွားကြသည်။
ကျွန်တော်ကတော့ Jongin စကားအတိုင်း
ဒီနေရာကမရွှေ့မိ..."ကြာလိုက်တာ Jongin ကလဲ...."
ကြာနေတာမို့ Jongin ကိုတွေ့လိုတွေ့ငြားပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်မိတော့ တွေ့လိုက်ရသူက
Jongin မဟုတ်...ကျွန်တော့်ရဲ့ငယ်ပင်...
VOUS LISEZ
*Overlord*
Fiction généraleငါ့ရဲ့အသွေးအသားနဲ့နှလုံးသားကိုစိတ်ကြိုက်သုံးဆောင်ပါလေ~~~ မင်းအတွက်ဆို ငါ့အသက်ကိုတောင်မနှမြောပါဘူး သိပ်ချစ်မိတာကြောင့်.... #Chanbaek Yaoi Start date>>>3.8.2018 End date >>> 4.12.2018 ငါ့ရဲ့အသွေးအသားနဲ့နှလုံးသားကိုစိတ်ကြိုက်သုံးဆောင်ပါလေ~~~ မင်းအတွက်...