အခန်း၁၄- သြရိုမန်

21.2K 1.7K 36
                                    

Zawgyi

အောက်ပါအကြောင်းအရာသည် ၁၈+ အရေးအသားများ ပါဝင်သောကြောင့် ၁၈နှစ်အောက်ကလေးများ ဖတ်ရန်မသင့်ပါ...
___________________

ချစ်သူနှစ်ဦးရဲ့ နက်ရှိုင်းလှတဲ့ချစ်တင်းနှီးနှောမှုဟာ နာရီပေါင်းများစွာကြာမြင့်သွားခဲ့လေတယ်... သြရိုမန် စိတ်ကျေနပ်သွားချိန်မှာတော့ မီနာဟာ သူ့လက်မောင်းတွေကို ခေါင်းအုံးပြီး မိန်းမောနေခဲ့လေပြီ... ဒီခန့်ညားလှတဲ့ ကောင်လေးရဲ့ မျက်နှာပေါ်က အပြုံးကိုမြင်လိုက်ရချိန်မှာတော့ မီနာဟာ သူ့ကို ရိုက်ပုတ်လိုက်ချင်လှလေတယ်...

"တောင်းပန်ပါတယ်..."
သြရိုမန်ဟာ ချွေးတွေရွဲနေပြီး နီမြန်းနေတဲ့ ခန္ဓာကိုယ်လေးကိုဖက်တွယ်ထားရင်း သြရှစွာဆိုပြန်တယ်...
"လတော်တော်ကြာပြီဆိုတော့ ကိုယ့်ကိုကိုယ်မထိန်းနိုင်ဘူးဖြစ်သွားတာ..."

ဒီကောင်လေးနဲ့ အတူနေဖို့ ၃လလောက်ငြင်းဆန်ထားမိခြင်းဟာ ဒီလိုမျိုး ဆာလောင်မွတ်သိပ်မှုကို ဦးတည်သွားခဲ့လိမ့်မယ်လို့ မီနာ မထင်မိခဲ့လေဘူး... ဒီအချက်ကို မှတ်သားထားလိုက်လေရင်း မီနာဟာ သူမဘာသာ ပြုံးနေမိတော့တယ်...

"မီနာ..."
သြရိုမန်ဟာ မီနာ့ရဲ့ ချောမွေနေတဲ့ ကျောပြင်နဲ့ဆံနွယ်တွေကို ပွတ်သပ်နေရင်း နှစ်သိမ့်လေတယ်...

မီနာဟာ သူ့ကိုယ်ပေါ်မှာ မှီထားလျက်သာပဲ သူ့ရဲ့ ညှပ်ရိုးတွေကို သူမနှုတ်ခမ်းတွေနဲ့ ခပ်ဖွဖွလိုက်နမ်းနေကာ ဒီအမျိုးသားငယ်လေး တဖြေးဖြေးချင်း တုန်ယင်လာတာကို အရသာခံနေလေတယ်...

"မိုးတိတ်သွားပြီ..."
မီနာဟာ တိုးတိုးပြောလေတယ်...
"ကျွန်မတို့ သွားသင့်ပြီ..."

"ဟင့်အင်း..."
သြရိုမန်ဟာ သူမကို ဆက်ကာ ဖက်ထားလေရင်း ထွက်သွားခွင့်မပေးလေဘူး...
"ကိုယ်တို့ ဒီမှာ နည်းနည်းကြာကြာနေလို့ရသေးတယ်... ညစာက အခန်းထဲလာပို့ခိုင်းလို့ရတယ်လေ..."

"အဆောင်အမှီပြန်ဖို့ရှိသေးတာ..."
မီနာဟာ သူမရဲ့ စံပြကျောင်းသူ ပုံရိပ်ကိုထိန်းထားဖို့ လိုအပ်လေတယ်...
"ဒုက္ခမရောက်ချင်ဘူး..."

"ကိုယ်သိတယ်..."
သြရိုမန်ဟာ သူမရဲ့ နှဖူးထိပ်လေးကိုနမ်းရှိုက်လိုက်လေတယ်...
"ကိုယ်တို့အချိန်မှီ ပြန်နိုင်ရမယ်လို့ ကတိပေးတယ်... စိတ်မပူနဲ့နော်..."

5. ဒုတိယ ဇာတ်လိုက်အားရွေးချယ်ခြင်း ARC-3 (သြရိုမန်)Where stories live. Discover now