Zawgyi
သူမကြိုတင်ကြံရွယ်ထားတဲ့ ၀န်ခံမှု အပြီးမှာတော့ မီနာဟာ သြရိုမန်ကို ရှောင်နေတဲ့ ဟန်ဖြစ်အောင် ကြိုးစားလေတော့တယ်... ဒီလူဆိုးလေးဟာ ကျောင်းဝန်းရဲ့ ဘယ်နေရာမှာ ရှိနေတတ်တယ်ဆိုတာ လူတိုင်းသိတဲ့အရာဖြစ်လေတယ်... သူတက်တတ်တဲ့အတန်းတွေကိုလည်း အားလုံးသိကြလေပြီး သူအများဆုံး အချိန်ဖြုန်းတတ်တဲ့ အသင်းအဖွဲ့တွေဟာလည်း အားလုံးသိကြတာပဲဖြစ်လေတယ်...ထိုကောင်လေးကိုရှာရလွယ်လှတာကြောင့် မီနာဟာ သူရှိနေတတ်တဲ့နေရာတွေမှာ ကိုယ်ယောင်ပြလေပြီး သူမဟာ သူ့ကို ရှောင်နေတဲ့ဟန်ဖြစ်လေအောင် အကွက်ကျဆောင်ရွက်လေတော့တယ်... ယုံလွယ်တတ်တဲ့ ဆယ်ကျော်သက်တွေအတွက်တော့ ဒီဆရာကျတဲ့ အပြုအမူကို နားမလည်နိုင်လေဘူး... သူတို့အတွက်ကတော့ သူမ သြရိုမန်ကို ဖမ်းစားဖို့ ကြိုးစားနေတာကို မြင်ရမယ့်အစား သြရိုမန်ကို ရှောင်နေတယ်လို့သာ ထင်မြင်ကြလေတယ်...
"မီနာ!!!..."
မီနာသူ့ကို ရှောင်လေလေ ရိုမန်သြဟာ လိုက်လေလေသာဖြစ်တယ်...
"မီနာ... ကိုယ့်ကိုစောင့်ဦး..."
မီနာဟာ လူရှင်းနေတဲ့ ကော်ရစ်ဒါကိုချိုးကွေ့လိုက်ချိန်မှာတော့ ရုတ်တရတ် ဖမ်းဆွဲခံလိုက်ရလေရင်း ကွန်ကရစ် နံရံမှာ ဖိကပ်ထားခံလိုက်ရတော့တယ်...
"ဘာကြောင့် ကိုယ့်ကို ရှောင်နေတာလဲ???..."
"ဘာတွေပြောနေတာလဲ???..." မီနာဟာ ဒီခန့်ညားလှတဲ့ကောင်လေးရဲ့ မျက်နှာကို မော့ကြည့်လိုက်လေတယ်... "ဘယ်သူ့ကိုမှ မရှောင်ဘူး..."
"ဒါဆို ကိုယ့်ကိုတွေ့တိုင်း ဘာလို့ တခြားကိုလျှောက်သွားရတာလဲ..." သြရိုမန်ဟာ မီနာ့ရဲ့ ပါးတစ်ဖက်ကို ဆုပ်ကိုင်ထားလိုက်လေတယ်... "ကိုယ့်ကိုကြည့် မီနာ..."
"ဘာလုပ်နေတာလဲ???..." သူ့ခေါင်းက ဖြေးဖြေးချင်းငုံ့ကျလာချိန်မှာတော့ မီနာဟာ သူ့ရင်ဘတ်ကို တွန်းထုတ်လိုက်လေတော့တယ်...
"မင်းကို နမ်းမလို့လေ..." သူ့ရဲ့ တင်းတင်းစေ့ထားတဲ့နှုတ်ခမ်းကို မီနာ့ရဲ့ နူးညံ့တဲ့နှုတ်ခမ်းတွေအပေါ် ဖိကပ်လိုက်ရင်း သြရိုမန်ဟာ ပြုံးလိုက်လေတယ်...
ESTÁS LEYENDO
5. ဒုတိယ ဇာတ်လိုက်အားရွေးချယ်ခြင်း ARC-3 (သြရိုမန်)
Novela Juvenilကြိုးပမ်းပြီးမရရှိနိုင်တဲ့အချစ်ကို ငါဟာ မနားလည်နိုင်ဘူး... တစ်စုံတစ်ယောက်ကို ဘ၀ကြီးအပ်နှင်းပြီး မေတ္တာမျှဖို့ဆိုတာ ရူးနမ်းနေကြတဲ့ လူတွေရဲ့အလုပ်ပဲ... မင်းရဲ့တည်ရှိမှုကို သိတောင်မသိတဲ့သူတစ်ယောက်ကို ပေးဆပ်ခြင်းဆိုတာ ရကောက် နှချောင်းငင် ၀စ်ဆံနှစ်လုံးပေါ...