"အ... ခွေး... မ... သ...ား____..."
Bob: "စကားအသုံးအနှုံးဂရုစိုက်... အချစ်လေး..."
"ထွက်လာပြီး ငါနဲ့ လာတွေ့စမ်း!!!! ငါ ရှင့်ကို ___..."
Bob: "မင်းရဲ့လက်သီးဆုပ်သေးသေးလှလှလေးတွေနဲ့ ငါ့ကို မထိခိုက်စေနိုင်ဘူးဆိုတာ ပြောရင်ယုံလိုက်စမ်းပါ..."
"သေချာပေါက် လုပ်ပြမှာ စမ်းကြည့်လေ!!!..."
သေလောက်အောင် ပြုတ်ကျထားရတဲ့ နာကြင်မှုဟာ ငါ့ရဲ့ စိတ်ဝိဥာဉ်ထဲ အခုထိတောင်ပါလာနေတုန်းပါပဲ- ခေါင်းထဲမှာ ပြင်းထန်စွာ ထိုးကိုက်နေလေတယ်... အသက်ကိုသာ ပြင်းပြင်းရှူနေရင်း ငါဟာ မျက်လုံးတွေကို မှိတ်ထားလိုက်လေကာ ငါ့ခေါင်းထဲက နာကြင်မှုကို သက်သာအောင်နေလိုက်တယ်...
Bob: "အချစ်လေး... အားနာပေမယ့် ဒီတစ်ခေါက်တော့ ငါ့အပေါ်မင်းအကြွေး ၁သိန်းတင်သွားပြီ..."
"ငရဲမှာသွားပြောလိုက် နှာဗူးကောင်ရဲ့..."
Bob: "..."
"အရှက်မရှိတဲ့ လူလိမ်ကောင်... ငါနိုင်တာကို လာပြီးတော့ ကလိမ်ကျဖို့ မစဉ်းစားစမ်းနဲ့..."
Bob: "ဘယ်လိုများ မင်းနိုင်သွားလို့တုန်း?? ဂိမ်းထဲရောက်တာမှ ၁၀လလောက်ပဲရှိသေးတာကို အသတ်ခံလိုက်ရတယ်လေ... အရင်ပထမနှစ်ခေါက်တုန်းကမှ လက်ထပ်တဲ့အထိ ရောက်သွားခဲ့သေးတာ..."
"နေစမ်းပါဦး Bob... ငါလက်ထပ်ကို ထပ်ရမယ်လို့ စည်းမျဉ်းသတ်မှတ်ထားလို့လား???..."
Bob: "..."
"ငါက သြရိုမန် ငါ့ကို စွဲလမ်းပြီး ချစ်လာအောင် လုပ်ခဲ့ပြီးပြီလေ...အဲ့ဒီ ရူးနေတဲ့ မိန်းကလေးသာ မနာလိုပြီး ငါ့ကို မသတ်ရင် သြရိုမန်က သူ့ကတိသူတည်ပြီး ငါ့ကို လက်ထပ်မှာပဲ... နှာဘူးကောင်နင်က ဒါတွေအကုန်လုံး မြင်ရ ကြားရနေပြီး ငါ့ကို လိမ်ဖို့ မကြိုးစားစမ်းပါနဲ့ ..."
"မင်းက သူ့ကတိကို ယုံတယ်ပေါ့??? ၁၈နှစ်အရွယ်ကောင်လေးတစ်ယောက်ရဲ့ ကတိကိုလေ???..."
ငါ့ခေါင်းထဲက ရူးကြောင်ကြောင်အသံဟာ ငါ့ကို လှောင်ပြောင်နေလေမှန်း ငါနားလည်လေတယ်... ငါဟာလည်း သြရိုမန်ရဲ့ ကတိကို ဘယ်လိုများ ယုံကြည်နိုင်ရပါ့မလဲလေ??? ဒီလူငယ်တွေကြားက အချစ်ကို ယုံကြည်ဖို့ရာ ငါဟာ လက်တွေ့နဲ့အလှမ်းကွာလွန်းနေတာမဟုတ်လား....
YOU ARE READING
5. ဒုတိယ ဇာတ်လိုက်အားရွေးချယ်ခြင်း ARC-3 (သြရိုမန်)
Teen Fictionကြိုးပမ်းပြီးမရရှိနိုင်တဲ့အချစ်ကို ငါဟာ မနားလည်နိုင်ဘူး... တစ်စုံတစ်ယောက်ကို ဘ၀ကြီးအပ်နှင်းပြီး မေတ္တာမျှဖို့ဆိုတာ ရူးနမ်းနေကြတဲ့ လူတွေရဲ့အလုပ်ပဲ... မင်းရဲ့တည်ရှိမှုကို သိတောင်မသိတဲ့သူတစ်ယောက်ကို ပေးဆပ်ခြင်းဆိုတာ ရကောက် နှချောင်းငင် ၀စ်ဆံနှစ်လုံးပေါ...